Subscribe to our RSS Feed

KIA နှင့် UNFC အစည်းအဝေး လိုင်ဇာထိပ်သီး မအောင်မြင်သဖြင့် အချိန်တစ်ရက်တိုး ပြုလုပ်

From : ..eleven


တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အချိန်တစ်ရက်တိုးပြီး ပြုလုပ်ရန် နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပရန် သတ်မှတ် ထားသော်လည်း သတ်မှတ်ရက်အတွင်း ပြီးပြတ်နိုင်ခြင်း မရှိသောကြောင့် အချိန်တစ်ရက်တိုးပြီး နိုဝင်ဘာ ၂ ရက်အထိ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး စာချုပ်မူလေးခု ကွဲပြားနေသောကြောင့် ထိုမူများကို မူတစ်ခုတည်းဖြစ်အောင် စုစည်းနိုင်ရန် အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို နိုဝင်ဘာ ၁ ရက်တွင် ဆုံးဖြတ်ရန် ရှိသောကြောင့် ကျန်ရှိနေသော အပိုင်းဖြစ်သည့် နိုင်ငံရေး ဆွေးနွေးပွဲအပေါ် အခြေခံမူများ ဆွေးနွေးနိုင်ရန် အတွက် ယခုကဲ့သို့ တစ်ရက်တိုးလိုက်ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ မနက်ဖြန်မှာ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ စုစည်းညီညွတ်ရေး ဆိုင်ရာကိစ္စရပ်တွေ၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်တွေ ဆက်ဆွေးနွေးဖို့ ရှိပါတယ်'' ဟု ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက နိုဝင်ဘာ ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိပ်သီးဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့ တက်ရောက်နေသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲမှတစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးအပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။


 .. www.MyanmarExpress.net
 

2 comments:

သူ ခိုး ဂိုဏ်း နဲ့ ပြည် ဖျက် မဲ့ အ စည်း အ ဝေး
လီချည်း ရမယ်

သူ ခိုး ညီ လာ ခံ အ ဟိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်