Subscribe to our RSS Feed

အမေရိကန် ဥပဒေပညာရှင်များ မြန်မာ့တရားစီရင်ရေးအပေါ် ယုံကြည်

From : ..YMG


 မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင်အပေါ် ယုံကြည်မှုရှိ၍ အမေရိကန်လုပ် ငန်းရှင်များအား မြန်မာနိုင်ငံအ တွင်း လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း HRMR ၏ ဦးဆောင် ဒါရိုက်တာ  Mr.Eric Rose က ပြောဆိုလိုက် သည်။ နိုဝင်ဘာ၁ရက်တွင် ဆီဒိုး နားဟိုတယ်၌ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြည်တွင်းမီဒီ ယာများအား ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

HRMR  ၏ ဦးဆောင်ဒါရိုက် တာ Mr.Eric Rose  က ''ဒီတိုင်း ပြည်ကိုလာရောက်တာက ဒီက လူတွေကိုယုံကြည်လို့ပါ။  ဒီလိုယုံကြည်တဲ့နေရာမှာ လက် ရှိအစိုးရနဲ့ တိုင်းရင်းသား ၁၃၅ မျိုးစလုံးကို ယုံကြည်လို့ပါ။ အခု နောက်ပိုင်း အစိုးရရဲ့ စီးပွား ရေး မူဝါဒနဲ့  အကောင်အထည်ဖော် မှုအပိုင်းမှာ နိုင်ငံခြားလုပ်ငန်းရှင် တွေကို ယုံကြည်နိုင်လောက်တဲ့ ဆောင်ရွက်မှုတွေက အားရစရာ တွေပါ''ဟု ယင်းကပြောသည်။

ယင်းသို့ယုံကြည်ရခြင်းမှာ မြန်မာနိုင်ငံတွင် ဘာသာရေးပဋိ ပဋိပက္ခများဖြစ်ပွားနေသော်လည်း ဆက်သွယ်ရေးကဏ္ဏမှင့်တင်ရန် အတွက် နိုင်ငံတကာလုပ်ငန်းရှင် များကို တင်ဒါခေါ်ယူရာတွင် အ စိုးရ၏ရွေးချယ်မှုတွင် ပွင့်လင်း မျှတစွာ လုပ်ဆောင် နိုင်ခဲ့သည့် အတွက် ယခုကဲ့သို့ ရုံးခန်းလာ ရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်း ယုံကြည်မှုပေါ်တွင် အခြေခံကာ အမေရိကန်အပါအဝင် တခြား အင်အားကြီး နိုင်ငံလုပ်ငန်းများ အား မြန်မာနိုင်ငံတွင်းလာရောက် ရန် မိမိတို့ကုမ္ပဏီမှ အကျိုး အ မြတ်မကြည့် ဘဲ လုပ်ဆောင်သွား မည်ဟု ပြည်တွင်းမီဒီယာများရှေ့ တွင် ကတိပြုပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် အ မေရိကန်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးမှ အမှုဆောင်ဒါ ရိုက်တာMs. Judy Benn   က ''လက် ရှိ အမေရိကန်ကနာမည်ကြီးစီး ပွားရေးအဖွဲ့တွေနဲ့ မြန်မာပြည် ကစီးပွားရေးအဖွဲ့တွေလဲ ဒီဥပဒေ အကျိုးဆောင် ကုမ္ပဏီ မှာ ပါဝင် လုပ်ကိုင်တဲ့အတွက် နှစ်နိုင်ငံစလုံး အတွက် အားရစရာအခြေနေတစ် ခုလို့ မြင်မိတယ်။ သူ့ရဲ့နောက် မှာလဲ အဖွဲ့ ၅ဝနဲ့ လက်တွဲလုပ် ကိုင်နေတယ်။ မကြာခင်မှာပဲ အဖွဲ့ဝင် ၁ဝဝကျော် ပါဝင်လာမယ် လို့လဲ ယုံကြည်ထားတယ်''ဟု ပြော သည်။

လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ၌ အမေရိကန်ထိပ်တန်းစီး ပွားရေးလုပ်ငန်းများတွင်ပါဝင်သည့် Cocacola,Standard Charter   အပါအဝင်ကုမ္ပဏီ ငါးခုသာ ရင်း နှီးမြှုပ်နှံထားသော်လည်း လုပ်ငန်း များ တိုးချဲ့ရန်ရှိကြောင်း ယင်း တို့၏ပြော ဆိုချက် အရသိရသည်။
 

.. www.MyanmarExpress.net
 

2 comments:

Yeah! The big countries just see their own big interests.
This country will be developed anyway!

ခီး ဥင်္း ဏောက် နဲ့ တ ရား သူ ကြိး နဲ့ ရဲ


ပြည် သူ နာ တယ် ယုံ နေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်