Subscribe to our RSS Feed

ABSDF စတင်ဖွဲ့စည်းသည့်နေ့ကို နိုဝင်ဘာ ၁ ရက်သို့ ပြောင်းလဲခြင်းသည် သမိုင်းအမှားကို ပြုလုပ်ခြင်းဖြစ်ဟုဆို

From : ..YMG

 ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတင်ဖွဲ့စည်းသည့် နေ့ နိုဝင်ဘာ၅ရက်အား နိုဝင်ဘာ ၁ရက်သို့ ပြောင်းလဲသတ်မှတ်ခြင်း သည် သမိုင်းအမှားကို ပြုလုပ်ခြင်း ပင်ဖြစ်ကြောင်း ABSDF အဖွဲ့ ၏ ပထမဆုံး ဥက္ကဌဟောင်းဖြစ်သူ ဦးထွန်းအောင်ကျော်က ပြော သည်။

''တော်လှန်ရေးနယ်မြေ ရောက်ကျောင်းသားများ နှီးနှော ဖလှယ်ပွဲခေါင်းစဉ်နဲ့ ၁၉၈၈ခုနှစ် နိုဝင်ဘာ၁ရက်မှာ သဘာပတိကေ အင်န်ယူဗိုလ်ချုပ်ကြီးတာမလာ ဘောက  ဆောင်ရွက်ပြီး ကေအိုင်အို နိုင်ငံ ခြားရေးတာဝန်ခံ ဒေါက်တာတူး ဂျာက အကျိုး တော်ဆောင်၊ အ ရန်အကျိုးတော်ဆောင်အဖြစ် ဆင် မြူရယ်တို့က ဆောင်ရွက်ပြီး မှတ် တမ်းတင်သူများအဖြစ် ရခိုင်လွတ် မြောက်ရေးပါတီက ခိုင်ထွန်းခိုင် နဲ့ ခိုင်ဇော်ခိုင်တို့နှစ်ဦးက ညီလာ ခံမှာ မှတ်တမ်းတင်ပေးခဲ့တာပါ။ ပူးတွဲ ပါမူရင်း စာရွက်တွေ ကို ကြည့် ရင် နိုဝင်ဘာ၁ရက်က ကျောင်း သားများ နှီးနှောဖလှယ်ပွဲအခြေ အနေသာရှိပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုက ရက်တစ်တပ်ဦးက အဖွဲ့အစည်း အဖြစ် ပေါ်ပေါက်ခြင်းမရှိသေး ပါဘူး။ အဲဒီနေ့က ABSDF  အဖွဲ့ ကို ဖွဲ့ဖို့ မဆိုနဲ့ ကျောင်းသားကိုယ် စားလှယ်တွေကို စိစစ်ဆဲပဲရှိသေး တယ်။ ABSDF အဖွဲ့ဖွဲ့စည်းခဲ့တဲ့ နေ့က နိုဝင်ဘာ၅ရက်ကအမှန် ဖြစ်ပါတယ်''ဟု ဦးထွန်းအောင် ကျော်က ပြောသည်။

လက်ရှိတွင် ABSDF အဖွဲ့ ၂၅နှစ်ပြည့် အခမ်းအနားအား လိုင်ဇာအနီးရှိ လက်ခမ်းဘန်းတွင် နိုဝင်ဘာ၁ရက်က ပြုလုပ်ခဲ့သည်။ ''ဒါနဲ့ပတ်သက်လို့ လက်ရှိ
ဥက္ကဌကိုသံခဲကို စာရွက်စာတမ်း နဲ့ ရှင်းလင်းပြောပြပေမယ့် လက် မခံဘဲ နိုဝင်ဘာ ၁ရက် က မှတ် သားရလွယ်တယ်လို့ ပြန်ပြော ခဲ့တယ်''ဟု ယင်းကပြောသည်။

အောက်တိုဘာ ၃၁ရက် ကပြုလုပ်သော ABSDF (၂၅) နှစ်ပြည့်အခမ်းအနား အစမ်းလေ့ ကျင့်ပွဲတွင် သတင်းထောက်တစ် ဦး၏မေးမြန်းချက်အား ABSDF
ဥက္ကဌရဲဘော်သံခဲက ''၁၉၈၈ခုနှစ် နိုဝင်ဘာ၁ရက်မှာ ကရင်ပြည်နယ် ဝမ်ခမှာ ကရင် အမျိုးသား လွတ် မြောက်ရေးနယ်မြေမှာ ကျောင်း သားကိုယ်စားလှယ်တွေက ညီလာ ခံကျင်းပတယ်။ သုံးရက်မှာညီလာ ခံကြီးက အောင်မြင်စွာပြီးဆုံးပြီး တော့ ဒါ  ABSDF ဆိုတာပေါ် လာတာဖြစ်ပါတယ်။ တခိျု့က လဲ နိုဝင်ဘာ ၁ရက် ကို ကျောင်း သားတပ်မတော်ရဲ့ မွေးဖွားတဲ့ နေ့လို့ပြောတယ်။ တခိျု့ကလဲ ကော်မတီဖွဲ့တဲ့ သုံးရက်ကို ပြောတယ်။ ဒါဟာ ပြဿနာပါ။ ၁ရက်နေ့မှာပေါ်သည်ဖြစ်စေ ၃ရက်နေ့မှာပေါ်သည်ဖြစ်စေ ကျောင်းသားတပ်မတော် ဟာ မြန်မာပြည်နိုင်ငံ ရေး သမိုင်း ဒီမိုကရေစီရရှိရေးသမိုင်းမှာ စစ် အာဏာရှင်ဆန့်ကျင်ရေးသမိုင်း မှာ နောက်မဆုတ်တမ်းတိုက်ပွဲ ဝင်ခဲ့တယ်''ဟုပြောသည်။
 

.. www.MyanmarExpress.net
 

2 comments:

၁၉၈၈ခုနှစ် နိုဝင်ဘာ (၅)၇က် မှာ ကျောင်းသားကိုယ်စားလှယ်တွေအားလုံးက
ABSDF နာမည်ကို တရားဝင် အတည်ပြုခဲ့တာ
ABSDF စတင်ဖွဲ့စည်း နေ့ အမှန်ဟာ နို ဝင်ဘာ (၅)၇က် ဖြစ်တယ်
နိုဝင်ဘာ (၁)ရက်က မှားနေတယ်ဆိုတာကို
ABSDF ပထမဆုံး ဥက္ကဌ ဦးထွန်းအောင်ကျော်က ABSDF လက်ရှိ ဥက္ကဌ သံခဲ ကို
စာရွက်စာတမ်း သက်သေအထောက်အထားနဲ့ ရှင်းလင်းပြောပြပေမယ့် သံခဲ က လက် မခံဘဲ
နိုဝင်ဘာ (၁)၇က် က မှတ်သားရလွယ်လို့ ABSDF စတင်ဖွဲ့စည်း နေ့ အဖြစ် သတ်မှတ်ပီး
နှစ်တိုင်း အထိမ်းအမှတ်ပွဲကို နိုဝင်ဘာ (၁)၇က်မှာ ကျင်းပနေတာဖြစ်တယ်လို့ ပြန်ပြောခဲ့တယ်

ABSDF ဥက္ကဌ သံခဲ ၇ဲ့အဖြေက သံခဲ ဘယ်လောက် စောက်သုံးမကျသလဲဆိုတာကို၇ှင်း၇ှင်းလင်းလင်းပြနေတာဘဲ့

စောက်၇ူး သံခဲ ၇ဲ့ စောက်သုံးမကျတဲ့တွေးခေါ်ပုံအတိုင်းသာ စဉ်းစား၇မယ်ဆို၇င်
လွတ်လပ်ေ၇းနေ့ကို ဇန်နဝါ၇ီလ (၄)၇က် အစား ပိုပီး မှတ်၇လွယ်အောင် ဇန်နဝါ၇ီလ (၁)၇က်
ပြည်ထောင်စုနေ့ကို ဖေဖေါ်ဝါ၇ီလ (၁၂)၇က် အစား ပိုပီး မှတ်၇လွယ်အောင် ဖေဖေါ်ဝါ၇ီလ (၁)၇က်
တောင်သူလယ်သမားနေ့ကို မတ်လ (၂)၇က်အစား ပိုပီး မှတ်၇လွယ်အောင် မတ်လ (၁)၇က်
အဲ့လိုပြောင်းလဲပီးသတ်မှတ်၇မလိုဖြစ်နေပီ

မြောက်ပိုင်းကျောင်းသားတပ်ထဲက ကျောင်းသား(၁၀ဝ)ကျော်ကို အစိုး၇လွှတ်လိုက်တဲ့ထောက်လှမ်းေ၇းတွေလို့
ေ၇ာ်နယ်အောင်နိုင် သံချောင်း မျိုးဝင်း လှဆိုင်း တို့က စွပ်စွဲပီး နှိပ်စက်နေတာကို
လူသတ်တ၇ားခံ နိုင်အောင် က ထောက်လှမ်းေ၇းဆို၇င် သေသေချာချာလုပ်
အဲ့ဒီ မြောက်ပိုင်းကျောင်းသားတပ်ထဲက ထောက်လှမ်းေ၇းတွေကို သတ်ပလိုက်
ငါ တာဝန်ယူတယ် လို့ နိုင်အောင် ကေ၇ာ်နယ်အောင်နိုင် တို့ကိုမြှောက်ပေးပီး
၁၉၉၂ ပြည်ထောင်စုနေ့မှာ (၁၅)ယောက်ကို ခေါင်းဖြတ်ပီးသတ်ခိုင်းလိုက်တယ်
နိုင်အောင် က အဲ့ထောက်လှမ်းေ၇းတွေကို သတ်သာသတ်
ငါ တာဝန်ယူတယ် ဆိုပီး မြှောက်ပေးတဲ့အကြောင်းက
ဗဟို ABSDF ဥက္ကဌ ၇ာထူးကို မဲပေးပီးေ၇ွးတဲ့ ဥက္ကဌေ၇ွးပွဲမှာ
မြောက်ပိုင်း ABSDF ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ေ၇ာ်နယ်အောင်နိုင် သံချောင်း မျိုးဝင်း လှဆိုင်း တို့က
မိုးသီးဇွန် ကို မထောက်ခံပဲ နိုင်အောင် ကို ထောက်ခံမဲ ပေးအောင်
နိုင်အောင် က (၁၅)ယောက်ကို သတ်သာသတ်ပလိုက် ငါ တာဝန်ယူတယ် ဆိုပီး မြှောက်ပေးခဲ့တယ်

လူသတ်တ၇ားခံ နိုင်အောင် က မြောက်ပိုင်းကျောင်းသားတပ်ကိုေ၇ာက်လာတုံးမှာ
အဖမ်းခံ အနှိပ်စက်ခံ ကျောင်းသားတွေကို နိုင်အောင် ကိုယ်တိုင်လဲ ၇ိုက်နှက်စစ်ဆေးခဲ့တယ်
အဖမ်းခံ အနှိပ်စက်ခံ ကျောင်းသား သိန်းထွန်း ကို နိုင်အောင် က သူ စီးထားတဲ့ စစ်ဖိနပ်ကို ချွတ်ပီး ၇ိုက်လိုက်တာ
သိန်းထွန်း နားလေးသွားတာ အခုအထိဘဲ့

နိုင်အောင် က တောင်ပိုင်းကျောင်းသားတပ်ထဲမှာလဲ
လုပ်သားကောလိပ်က ဆ၇ာ နေဝင်းအောင် နဲ့ စိုးလင်း အောင်သူ အပါအဝင် ကျောင်းသားတခိျု့ကို ဖမ်းဆီး နှိပ်စက်ခဲ့တယ်
အဲ့ဒီအထဲက အောင်သူ က နိုင်အောင် တို့ နှိပ်စက်တဲ့ဒဏ်နဲ့ သေသွားတယ်
ကျောင်းဆ၇ာကိုေ၇ာက်ဖူးတယ်၇ှိအောင် ၇ိုက်ကြ ဆိုပီး သူ့တပည့် ကျောင်းသား၇ဲဘော်တွေကို
ဆ၇ာ နေဝင်းအောင် ကို ၇ိုက်ခိုင်းပီး နိုင်အောင် က မာဖီးယားဂိုဏ်းခေါင်းဆောင်လို အ၇သာခံပီး ကြည့်တယ်

ပီးတော့ တောင်ပိုင်းကျောင်းသားတပ်ထဲက ကျောင်းသား ဌေးနိုင် ဟာ ထောက်လှမ်းေ၇းဖြစ်တယ်ဆိုပီး
နိုင်အောင် က မိုးသီးဇွန် ကို ပြောတာကို မိုးသီးဇွန် ကယုံပီး
ဌေးနိုင် ကို မြေကျင်းထဲထည့် နှိပ်စက်ပီး ဆေးထိုးသတ်ခိုင်းလိုက်တယ်

လူပေါင်း (၃၀ဝ)ကျော်ဘဲ့၇ှိတဲ့ မြောက်ပိုင်းကျောင်းသားတပ်ကိုထောက်လှမ်းဖို့
အစိုး၇က ထောက်လှမ်းေ၇း(၁၀ဝ)ကျော် လွှတ်လိုက်တယ် ဆိုပီး
ပြောနေကတဲက နိုင်အောင် ဘယ်လောက် စောက်သုံးမကျသလဲဆိုတာထင်၇ှားနေတာဘဲ့

ABSDF ဥက္ကဌ ဆိုတဲ့ကောင်တွေထဲမှာ
ABSDF ပထမဆုံး ဥက္ကဌ ဦးထွန်းအောင်ကျော် တစ်ယောက်ပဲ
ABSDF ၇ဲ့အမှားတွေကိုထောက်ပြပီး အမှန်ကို၇ှင်းပြပေးနေတယ်
ဦးထွန်းအောင်ကျော် တစ်ယောက်ပဲ ABSDF လူသတ်မှုတွေကိုအမှန်အတိုင်းေ၇းပီး
ABSDF သမိုင်းမှန်ကိုအ၇ှိအတိုင်းတင်ပြဖို့ကြိုးစားနေတယ်

ကျန်တဲ့ ABSDF ဥက္ကဌ တွေဖြစ်တဲ့ မိုးသီးဇွန် နိုင်အောင် သံခဲ အားလုံး တော်တော့်ကို စောက်သုံးမကျတာဘဲ့
တွေးခေါ်ပုံ စောက်သုံးမကျ၇ုံမက ကလိမ်ကကျစ်ဥာဏ်ကလဲများသေးတယ်

နိုင်အောင် မိုးသီးဇွန် တို့က ABSDF လူသတ်မှုတွေမှာ
ကိုယ်တိုင် ပါဝင်ခဲ့တဲ့လူသတ်တ၇ားခံတွေဖြစ်တော့ လိမ်နေတာမဆန်းဘူး
သံခဲ က ABSDF လူသတ်မှုတွေမှာ ကိုယ်တိုင် မပါဝင်ခဲ့ပေမဲ့
သံခဲ က နိုင်အောင် ဆီက ပိုက်ဆံအထောက်အပံ့ယူထားတော့
ABSDF လူသတ်မှုတွေကို မပေါ်အောင် တတ်နိုင်သလောက် ဖုံးဖုံးဖိဖိနဲ့လိမ်ဖို့ကြိုးစားနေတုံးဘဲ့

ABSDF ဥက္ကဌ သံခဲ တို့က ABSDF လူသတ်မှုတွေနဲ့ပတ်သက်ပီးဖြစ်၇ပ်မှန်ဖေါ်ထုတ်မယ်
၂ဝ၁၃ မေလမှာ အစီ၇င်ခံစာထုတ်မယ်ဆိုပီး ၂ဝ၁၃ မေလမှာ ထွက်မလာဘူး

ABSDF လူအစုအပြုံလိုက်သတ်မှုတွေကို ပြည်သူတွေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားအောင်
သံခဲ တို့က တမင် အချိန်ဆွဲပီး အမေ့ခံဖို့ကြိုးစားနေတုံးဘဲ့

မြောက်ပိုင်း တောင်ပိုင်း ABSDF လူသတ်မှုတွေ၇ဲ့ အဓိကလူသတ်တ၇ားခံ နိုင်အောင် နဲ့ မိုးသီးဇွန်ေ၇ာ
နိုင်အောင် ၇ဲ့လက်ဝေခံ ဖြစ်တဲ့ ABSDF လက်ရှိ ဥက္ကဌ သံခဲ ပါ
ABSDF သမိုင်းလိမ်တွေနဲ့ ပြည်သူတစ်၇ပ်လုံးကိုဆက်လိမ်ဖို့ကြိုးစားနေတုံးဘဲ့

ကျောင်းသားဆိုတာ အဲ့လိုလူ​တွေလား???

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်