Subscribe to our RSS Feed

မျိုးချစ်လူငယ်တစ်ဦးမှ အင်းစိန်မြို့ရှိ NLD ဆိုင်းဘုတ်အား ဆွဲဖြဲပစ်ခဲ့



ရန်ကုန်တိုင်းဒေသကြီး အင်စိန်မြို့နယ်တွင် မေလ ၃၀ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုင်းဘုတ် ဗီနိုင်စအား ဆွဲဖြဲသွားသူ မျိုးချစ်လူငယ်တစ်ဦးကို အင်းစိန်မြို့နယ် ရဲစခန်းက ပြစ်မှုပုဒ်မ ၂၉၄၊ ၅၀၀ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း အဆိုပါရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မြို့ပတ်လမ်း သောင်းထိုက် လက်ဖက်ရည်ဆိုင်ရှေ့တွင် ချိတ်ဆွဲထားသော အလျား သုံးပေ အနံ သုံးပေခန့်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနီရောင် ဗီနိုင်းစအား စိုးလင်းထွန်း (၄၃) နှစ် ယာဉ်မောင်း (ရွှေဧည့်သည်ယာဉ်လိုင်း) အင်းစိန်မြို့နယ် နေသူ "----" ဆိုကာ ဆွဲဖြဲသွားကြောင်း သိရသဖြင့် အဆိုပါ မြို့နယ် NLD မှ အလုပ်အမှုဆောင် တွဲဖက်အတွင်းရေးမှူး ဦးမျိုးမင်းဦးက ယင်းနေရာသို့ သွားရောက်ခဲ့စဉ် မျိုးချစ်လူငယ် စိုးလင်းထွန်းအား မတွေ့ရှိရတော့ပဲ ကြိုက်တဲ့နေရာရှင်းမယ်ဟု သတ္တိရှိရှိ စိန်ခေါ် ပြောဆိုကာ ထွက်သွားကြောင်း ပတ်ဝန်းကျင်နေသူများက ပြောပြသဖြင့် အရေးယူပေးရန် ဦးမျိုးမင်းဦးက တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရေးအတွက် လူထုဆန္ဒသဘောထားလက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် ကောက်ခံနေချိန်ဖြစ်ပြီး မျိုးချစ် ပြည်သူအများအပြားမှ ဆန့်ကျင်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။


 www.MyanmarExpress.net
 

7 comments:

Di lo myo chit luu ngel tway myar myar, nay yar tai mar shi gya phot lo att tel. Kalar mayar Su Kyi ou shaung telt, amyo thar thet sar phauk NLD party, gho taw lan gya phot achain yauk nay pyi.Dar har amyo thar yay tar won phet thi.

NLD chicken has come to roost. (NLD wut lai byi)

Why did NLD pul its vinyle board in front of a tea shop which is not its office. No wonder people get cross to see it

Kalar mayar parti NLD gho taw lan dar har, tha mine pay tar won phet thi, pyi thu ta yat lone par win ya mel.

၄၃၆ ဆိုတာ အမေစု ပေးတဲ့ ချဲမွေးဂဏန်း။
ပုံ
ဖြိုးဇေယျာသော်

ဒေါ်စုကိုဖြဲရမှာဟ

NLD ရဲ့ လွှတ်တော်အမတ်တွေကို ကြည့်ရတာ စိတ္တဇဆေးရုံမှာလာပြတဲ့ လူနာတွေလိုပဲ။ စိတ်ရောဂါကု ဆရာဝန်တွေက လူနာတွေကို မေးတဲ့ပုံစံရှိတယ်။ ကျောက်ဒိုးကို အလည်ကနေ အပေါက်ဖောက်တယ်။ ကြိုးလေးဆွဲလိုက်တယ်။ ကြိုးလေးကို လက်ကနေဆွဲပြီး လူနာသည်ရဲ့ မျက်လုံးလေးကြားမှာ လှုပ်ပြတယ်။ လူနာသည်က မျက်လုံးလေး ဘယ်ကြည့် ညာကြည့်နဲ့ ။ အဲလိုလူနာသည်မျိုးကို စစ်ဆေးရုံကြီးမှာတက်တုန်းကတွေ့ ဖူးတယ်။ သူတို့ က ရှေ့ တန်းမှာ ငှက်မိတဲ့လူတွေ။ အန်အယ်ဒီအမတ်လောင်းတွေက အဲလိုလူတွေပဲ။ ရူးခါနီး ရူးမရူး ကိုယ့်ကိုယ်တောင် မသိတဲ့လူတွေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်