Subscribe to our RSS Feed

နေပြည်တော်တွင် ပုဒ်မ၄၃၆ ပြင်ဆင်ရေးအတွက်လက်မှတ်များ လိမ်လည်ကောက် ယူမှုဖြစ်ပွား




သို့
မိဘပြည်သူများခင်ဗျား

ကျွန်တော်ဟာ နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ်နေထိုင်သူ တစ်ဦးဖြစ်ပါတယ် ခင်ဗျား ။ ကျွန်တော့်မရီး ဖြစ်သူဟာ ကျည်တောင်ကန်ရပ်ကွက်က ငါးရက် တစ်ပါတ်ဈေးထဲမှာ ဈေးရောင်းပါတယ်။ ပြီးခဲ့တဲ့ ၂၀ ရက်နေ့က NLD ပါတီက ဦးမျိုးသိန်းတို့အဖွဲ့ဟာ ငါးရက်တစ်ပတ်ဈေး ထဲကိုရောက်ရှိလာပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်လို့ဆိုပြီး လက်မှတ် တွေလိုက်ထိုးခိုင်းပါတယ် ။ အရင်တုန်းကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ် ထိုးရမယ့်နေရာကို ကျည်တောင်ကန် (၂) ရပ်ကွက်ထဲက NLD ရုံးရှေ့ မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ် ။

ဈေးထဲမှာ လက်မှတ်လိုက်ထိုးခိုင်းတဲ့နေ့ ၂၀ ရက်နေ့ မနက် ၉ နာရီလောက် ကျမှ ဈေးလမ်းဆုံက “ထာဝရ ကွန်ပျုတာ” ဆိုင်ထဲကိုပြောင်းပြီး လာဖွင့်ပါ
တယ် ။ အစပိုင်းမှာတော့ စစ်အစိုးရအာဏာပြန်ယူမယ့် ပုဒ်မ ၄၃၆ ကိုပြင်မှ ရမယ် လို့ ပြောပြီး ကွန်ပျူတာဆိုင်နားက တခြားဆိုင်တွေနဲ့ ပတ်ဝန်းကျင် ကလူတွေဆီမှာ စာရွှက်တွေ အတင်းထိုးပေးပြီး လက်မှတ်ထိုးခိုင်းပါတယ် ။

လက်မှတ်မထိုးတဲ့လူက နိုင်ငံသစ္စာဖောက်တွေ၊ ကြံ့ဖွတ်ရဲ့ စွမ်းအားရှင်တွေ လို့လည်း ဦးမျိုးသိန်းနဲ့ပါလာတဲ့ သူတွေက တိုးတိုးတမျိုး ကျယ်ကျယ် တမျိုး ပြောကြပါတယ် ။ နောက်ပြီးတော့ ၁၀ နာရီခန့်မှာ ဦးမျိုးသိန်းနဲ့အဖွဲ့ ဟာ ဈေးထဲကိုသွားပြီး လက်မှတ်တွေထိုးခိုင်းပါတယ် ။ အဲဒီလိုထိုးခိုင်းတဲ့ အချိန်မှာ ဒီငါးရက်တစ်ပတ် ဈေးကို အမြဲတမ်းဈေးဖြစ်အောင်လုပ်ပေးမယ် ၊လက်မှတ်တွေကိုစုပြီး လွှတ်တော်ကိုတင်ပြပေးမယ် ။အဲဒီလိုမှ မဟုတ်ရင် ဒီဈေးက ဖျက်ဆီးခံရမယ့်အထဲပါမယ် လို့ပြောပြီး ထိုးခိုင်းပါတယ်။

ဈေးသူ/ဈေးသားတွေကလည်း ဈေးနေရာကို ဖျက်တော့မှာလို့ ထင်ကုန်ကြပြီး လက်မှတ် တွေထိုးပေးလိုက်ကြပါတယ်။ နေ့လည် ၁၂ နာရီလောက်မှာ ဦးမျိုးသိန်း တို့ပြန်သွားတော့ ဈေးထဲမှာ ထင်ကြေးအမျိုးမျိုးနဲုံ့းအုံးကျွတ်ကျွတ်
ဖြစ် ကုန်ပါတယ် ။

ကျွန်တော်လည်း အစ်မကို သွားကြိုတော့ အစ်မက မျက်နှာသုန်သုန်မှုန်မှုန် နဲ့ ဖြစ်ကြောင်းအကုန်အစင် ပြောပြပါတယ် ။ကျွန်တော်က မဟုတ် ကြောင်း ပုဒ်မ ၄၃၆ ဆိုတဲ့ဟာကို ပြင်ဖို့အတွက် လိုက်လံကောက်နေတာဖြစ်ကြောင်းနဲ့ ဦးချစ်ဦးဆိုင် (ထာဝရ ကွန်ပျူတာဆိုင်) မှာ သွားကြည့်ကြစေလိုကြောင်း ၊ အားလုံး အညာခံလိုက်ရပြီဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။အဲလို အမှန်ကိုပြောပြ လိုက်ချိန်မှာ ဈေးကလူတွေဟာ သူတို့လိမ်ညာခံရပြီး ထိုးပေးလိုက်ရတဲ့ လက်မှတ်တစ်ခုကြောင့် သူတို့ရဲ့ စားဝတ်နေရေးဖြေရှင်းရာ ဒီဈေးကြီးတစ်ခုခု
ဖြစ် မှာ လည်း ကြောက်လန့်နေကြပါတယ် ။

ဥတ္တရသီရိမှာ လုပ်တဲ့ NLD နဲ့ ၈၈ တွေရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲကို သွားရောက် နားထောင်ဖူး ပါတယ်။ အဲဒီတုန်းက ဒေါ်စုက ပြည်သူတွေဆန္ဒအရ လက်မှတ်ထိုးပေးပါလို့ပြောခဲ့ပေမယ့် အခုတော့ NLD ပါတီဝင် တွေက အခုလို လက်မှတ်တွေကို လိမ်လည်လှည့်ဖျားပြီး ကောက်ခံသွားတာဟာ ပြည်သူ လူထုကို လိမ်ညာတာ ဖြစ်သလို သူတို့ပြောသလို ပြည်သူ့သစ္စာဖောက်ဆိုတာ သူတို့ကိုယ်တိုင်ဖြစ်ကြောင်း သက်သေပြနေတယ်လို့ မြင်ပါတယ် ခင်ဗျာ ။

လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ လူထုကို သူတို့ရဲ့ နိုင်ငံရေး ကစားကွက်ထဲ ထည်ကစားဖို့ လိမ်လည်အသုံးချခံ လိုက်ရတာဖြစ်ပြီး ဈေးဖျက် သိမ်းတော့မယ် ဆိုတဲ့ ကောလဟလတွေ ဖြန့်ပြီး အုံကြွမှုဖြစ်အောင် လုပ်ပေးခဲ့တာဟာ ဘယ်လိုရည်ရွှယ်ချက်နဲ့လုပ်တာလဲ လို့မေးချင်ပါတယ် ။

အခုလို ဖြစ်သွားတဲ့ကိစ္စရပ်မှာ ဘယ်သူမှာ တာဝန်ရှိပါသလဲ ။ ဒါမှမဟုတ် ဒေါ်စုကိုယ်တိုင်လာရောက်ခဲ့တဲ့နယ်မြေမှာ ဒီလိုလုပ်တာ ဟာ ဒေါ်စုကိုယ်တိုင်ရဲ့ ညွှန်ကြားချက် လည်း ဖြစ်နိုင်သလို ပုဗ္ဗသီရိ အမတ် ဦးဖြိုးဇေယျာသော် ကိုယ်တိုင် စေခိုင်းမှုလည်းဖြစ်နိုင်တယ်လို့ သံသယဝင်ပါတယ်။

ဘာလို့လည်းဆိုတော့ ဦးဖြိုးဇေယျာသော်ဟာ အခုထိ ရွှေးချယ်ခံသွားတဲ့ ဒီနယ်မြေအတွက် လာရောက်ကြည့်ရှူခြင်း မရှိသလို ဘာမှလည်း လုပ်မပေးသေး တာလည်း ရှိပါတယ်။ကျွန်တော်တို့လည်း ဒေါ်စုမျက်နှာနဲ့ မဲပေးခဲ့တာပါ ။ NLD ကို နေပြည်တော်မှာ အောင်မြင်ဖို့ အနစ်နာခံခဲ့ရ တဲ့ ပုဗ္ဗသီရိ က လူတွေရဲ့ ယုံကြည်မှု အားကိုးမှု ကို အခုတော့ NLD က သူတို့ရဲ့ ၄၃၆ ဆိုတာကြီး ပြင်ဖို့အတွက်ရက်ရက်စက်စက် ချနင်းပစ်လိုက်ပါပြီ ။

ဒီလိုဖြစ်ရပ်မျိုးတွေကို အစက အင်တာနက်မှာ ဖတ်ရတော့ မယုံခဲ့ပါဘူး။ မနာလိုသူတွေ တမင်ပြောတာလို့ ထင်ခဲ့ပါတယ် ။ အခုတော့ ယုံသွားပါပြီ။ ကျွန်တော်တို့ ခံစားနေရပါပြီ ။ ဒေါ်စုတစ်ယောက်လည်း သမ္မတ ဖြစ်ချင်တဲ့ စိတ်ကများသွားပြီး အတ္တတွေ သိပ်ဆန် သွားပြီ လို့ထင်လိုက်ပါပြီ ။ ကျွန်တော်တို့ အခုချိန်ကစပြီး NLD ကိုရော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုပါ အယုံအကြည် မရှိတော့ကြောင်းနဲ့ မြန်မာနိုင်ငံ အရပ်ရပ်က ပြည်သူပြည်သားတွေပါ အခုလို အလိမ်အလည်မခံကြစေဖို့ သတိထား ကြစေလိုကြောင်း အသိပေးပါရစေ ။

ကျည်တောင်ကန်သားတစ်ဦး


.. www.MyanmarExpress.net
 

5 comments:

သင်္ဃန်းကျွန်းမြို့ နယ်ထဲက တရားမ၀င်လိုင်စင်မဲ့ဆိုက်ကားနင်းတဲ့ ဆိုက်ကားသမားတွေတော့ (၄၃၆)ပြင်ရင် ဆိုက်ကားတွေတရားဝင်လိုင်စင်ရမယ်ဆိုလို့ တစ်နေရာပြီးတစ်နေရာ လူနံမည်ပြောင်းပေး လက်မှတ်ထိုးနေကြကြောယင်းပါ

တနိုင်ငံလုံးဆို ဘယ်လောက်လိမ်ထိုးခိုင်းပြီးပြီလဲမသိဘူး။ အန်အယ်ဒီစကားချီးစားပြောတောင်မယုံတော့ဘူး

စောက် ရူးတွေပါကွာ ဘာပုဒ်မ မှမပြင် နဲ့

ဒေါ်စုကိုယ်တိုင်က၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြည်သူတွေမပါပဲရေးဆွဲထားကြောင်းပြောနေပေမယ့်ပြည်သူတွေကတော့စားဝတ်နေရေးနဲ့မအားရဘူး။စိတ်လဲ
မဝင်စားဘူး။ဘယ်အစိုးရ ဘယ်ပါတီတက်တက် ကိုယ်လုပ်မှကိုယ်စားရ
မှာ။ ဘယ်သူမှ ထမင်းတနပ်လာမကြွေးဘူး။
ဒီလောက်တောင်ပြည်သူတွေကိုချစ်နေကြရင်
ထမင်းတောင်နပ်မှန်အောင်မနည်းရှာစားနေရ
တဲ့ပြည်သူတွေကိုစားဝတ်နေရေးပြေလည်
အောင်ဘယ်လိုဖြေရှင်းပေးမလဲပြောစမ်း။
သိပ်ပြီးအကြီးကြီးတွေပြောမနေကြပါနဲ့။အာ
ဏာရတွေကော အာဏာမရတာတွေကော
ကဲဘယ်လိုလုပ်မလဲ။အဓိကကပြည်သူတွေ
အလုပ်အကိုင်အခွင့်အလမ်းတွေရပြီးအခြေခံ
လူတမ်းစားတွေစားဝတ်နေရေးချောင်လည်
လာအောင်လုပ်ပေးရမှာ။အာဏာရှင်တွေဖိနိပ်
ထားတာကတမျိုး NLD ဒေါ်စုကပြည်ပကရင်းနှီးမြှပ်နှံမှုတွေမဝင်
အောင်ပိတ်ဆို့တားဆီးတာကတမျိုးနဲ့ပြည်သူ
ကနင်းပြားကနင်းပြားပဲဖြစ်မှာ။ချမ်းသာတဲ့သူကချမ်းသာပြီးရင်းချမ်းသာသွား
ကြတာ။ဆင်းရဲသားပြည်သူတွေကနင်းပြားပဲ။
ဒါတွေကိုဖြေရှင်းဖို့နည်းလမ်းမရှိတာလားမသိ
တာလား။အဓိကကပြည်သူတွေလိုချင်တာက
စားဝတ်နေရေးပြေလည်ပြီးအေးအေးချမ်းချမ်း
ပဲနေထိုင်နိုင်ဖို့ပဲ။ဘယ်ပါတီဘယ်အစိုးရတက်
တက်စိတ်မဝင်စားဘူး။ဒေါ်စုကိုထောက်ခံတဲ့
သူတွေဟာအခြေခံလူတမ်းစားများတယ်။
ဘာဖြစ်လို့လဲဆိုတော့အားကိုးရှာတဲ့သဘော
ပဲ။ဆင်းရဲတွင်းကလွတ်ချင်လို့။NLD ဒေါ်စု ၈၈
လက်ရှိအာဏာရဆိုတာတွေ ကဲဘယ်အဖွဲ့အ
စည်းတွေကယ်တင်နိုင်မလဲစောင့်ကြည့်ရတာ
ပေါ့။အဖြေကတော့ဘယ်သူမှမထင်ဟင်ဟင်။
ရွှေညာမြေ

ဒေါ်ခင်ကြည်ရဲ့ သီရိလင်္ကမှာတုန်းက
ပြဿနာကိုသိချင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်