From :
.. 7day
ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရးနှင့် ပတ်သက်၍ ယခုရက်ပိုင်းအတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း (SSA/ SSPP)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှကပြောသည်။
‘‘မနေ့(ဇွန် ၁၄ရက်)ကပဲ KNU ဥက္ကဋ္ဌကြီး ထွက်သွားပြီ။ ဒီနေ့ တွေ့ဖြစ်မလားမသိဘူး’’ဟု KNU ဗဟိုကော်မတီဝင်တစ်ဦးကပြောသည်။ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတတို့ကို တွေ့ဆုံပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ သွားရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
‘‘KNUကလည်း အပစ်အခတ်ရပ်စဲရေးကို မြန်မြန်သွားချင်တယ်။ RCSS ကလည်း အမြန်ဖြစ်ချင်တယ်။ စိတ်ဝင်စားတာချင်းတူလို့ တွေ့ကြတာ’’ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း KNUနှင့် RCSSအ ဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး အချက်ရှစ်ချက်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)အနေဖြင့် ဇွန်လ ၁၃ရက်မှစ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် ဆွေးနွေးနေကြောင်း သတင်းရရှိသည်။
.. www.MyanmarExpress.net

1 comments:
ဘိန်း လုပ် စား တဲ့ ကောင် တွေ ကို အား ပေး နေ ခြင်း ဟာ သူ ကို တိုင် က ဘိန်း လုပ် လို့ ပေါ့ အ မေ ရိ ကန် လေ
သယံဇာ တ အ လ ကား လို ချင် တာ က တရုတ် ထိုင်း ပါ သူ ပုန် တွေ ကို မြှောက် ပင့် ပေး နေ တာ လေ
မိတ် ဆွေ ကောင်း တွေ မ ဟုတ် ဘူး သာ ပေါင်း ညာ စား တွေ
ပခ က တာ တိး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်