Subscribe to our RSS Feed

နိုင်ငံ့ဝန်ထမ်းဥပဒေသစ်အရ မီးဖွားခွင့်ခြောက်လ ရမည်



နေပြည်တော်၊ မဇ္ဈိမ။ ။ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှ စတင် အာဏာတည်ခဲ့သည်ဆိုသော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ အမျိုးသမီးဝန်ထမ်းများ မီးဖွားခွင့်ကို ခြောက်လအထိ တိုးမြှင့်လိုက်ကြောင်း၊ အကယ်၍ ကလေးအမြွာဖြစ်လျှင် နောက်ထပ် သီတင်းပတ်ခြောက်ပတ်၊ စုစုပေါင်း ခုနှစ်လခွဲအထိ ခွင့်ပြုထားကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဇွန်လ ၂၃ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

"မီးဖွားခွင့်နဲ့ပတ်သက်ရင် အရင်က သုံးလခွင့်ပြုခဲ့တယ်။ အခု နည်းဥပဒေအရ ခြောက်လအထိ တိုးမြှင့် သတ်မှတ်ပေးပြီးဖြစ်ပါတယ်။ ဒါ့အပြင် မီးဖွားရာမှာ အမြွှာ၊ သုံးမြွှာပူး စသည်ဖြစ်ရင်
 နောက်ထပ် ခြောက်ပတ် တိုးမြှင့်ခံစားခွင့် ပေးပါတယ်။ ခင်ပွန်းက ၀န်ထမ်းဖြစ်နေရင်လည်း
 ဇနီးနဲ့ ကလေးကိုပြုစုဖို့ သူ့ကို လစာပြည့်နဲ့ ခွင့်နှစ်ပတ် ပေးထားပါတယ်"
ဟု ရာထူးဝန်ဥက္ကဋ္ဌ ဦးကျော်သူက လွှတ်တော်သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြေကြားအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "နိုင်ငံဝန်ထမ်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလဲ အကျုံးဝင်ပါတယ်"ဟု မှတ်ချက်ပြုပြောကြားသည်။
မယ်စဲ့မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်းက နိုင်ငံဝန်ထမ်းနည်းဥပဒေ
 စတင် အာဏာသက်ရောက်စေရန် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို ဌာနဆိုင်ရာ အသီးသီးသို့စောလျင်စွာ ညွှန်ကြားပေးနိုင်ခြင်း ရှိ၊ မရှိ" ဟူ၍ အစိုးရအဖွဲ့အား
မေးမြန်းခြင်းအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

1 comments:

ပ ခု က္ကူ


ဘာ ဥ ပ ဒေ မှ ချ မှတ် မ နေ နဲ့ အ လ ကား ဘဲ
ဥ ပ ဒေ ကို အ စိုး ရ က ချ မှတ် ထား ပေ မဲ့ ဥ ပ ဒေ ကို ခိုး ဖေါက် တာ ဟာ အ စိုး ရ အာ ဏာ ပိုင် အုပ် ခူပ် ရေး မူး တွေ ဘဲ

ပ ခုက္ကူ မှာ ဖြစ် ပျက် နေ လိုက် တာ နေ ရာ အ နံ့ တ ရား မ ဝင် ပန့် ဆိုင် တွေ ပေါ မှ ပေါ ဗျာ

ပေါ ရုံ တင် မ က ဘူး ကား ပေါ် ပန့်  တင် ပြိး

လည် ရောင် နေ တယ် မြို့ ထဲ အ နံ့ ပါ ဗျာ
ဆ ရား ဝင် ပန့် ဆိုင် သ မား တွေ က ဘာ လုပ် ရ မှာ လဲ မြို့ ပြင် မှာ ရောင်း ရ ပြိး ငုတ် တုတ် ထိုင် နေ ရ မှာ လား

ဘယ် လို အ စိုး ရ ဥ ပ ဒေ ပါ လိမ့်

အံ့ သြ တယ် လုပ် ချင် ရာ လုပ် နေ ကြ တယ်

အုပ် ခူပ် ရေး လိုင်း နိုင် ငံ ရေး လိုင်း ကော

အ မုန်း မ ခံ ချင် မဲ ရ ဘို့ အ တွက် ဥ ပ ဒေ ကို မျက် ကွယ် ပြု ပြိး လူ တွေ က လည်း လုပ် ချင် ရာ လုပ် နေ ကြ တယ်

အာ ဏာ ပိုင် အ ဖွဲ့ အ စည်း က ငွေ ရ နေ လို့ ထင် တယ်
မ မြင် လို့ ပါ ဆို တာ က တော့ မ ဖြစ် နိုင် ဘူး

မျက် စိ ကမ်း နေ လို့ နေ မှာ

ကား နဲ့ ပန့် တိုင် ကို တင် ရောင်း တဲ့ ကောင် က သူ ကို သူ စစ် ထွက် ဆို ပြိး လုပ် ချင် ရာ လုပ် နေ တယ် ပ ခု က္ကူ တ မြို့ လုးံ လည် ရောင်း နေ တယ်

ဘယ် မှာ လဲ ခင် ဗျား တို့ ဥ ပ ဒေ

အ လုပ် မ လုပ် ဘဲ အာ ဏာ ယူ ထား တဲ့
အုပ် ခူပ် ရေး မူး တွေ

တိုင်း အုပ် ခူပ် ရေး မူး တွေ

အိပ် များ နေ ကြ လား

တော် တော် လေး လေး စား လောက် တဲ့
ဥ ပ ဒေ

ကောင်း ပ ဗျာ

တိုင်း ပြည် ကြိး က တော့ တိုး တက် အုးံ မှာ ပါ

ပ ခ က တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်