Subscribe to our RSS Feed

အများပြည်သူသုံး သန့်စင်ခန်း ဖွင့်လှစ်လိုသူများ စည်ပင်သို့ လျှောက်ထားနိုင်

From : ..the voice


ရန်ကုန်မြို့တော်အတွင်း အများပြည်သူသုံး သန့်စင်ခန်းများ ဖွင့်လှစ်လုပ်ကိုင်လိုသူများသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ ကိုယ်တိုင်ဆက်သွယ် လျှောက်ထားကာ ဖွင့်လှစ်နိုင်ကြောင်း အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ “အရင်ကတော့ ဌာနကဆောက်ပြီးမှ လုပ်ကိုင်ခွင့်ပေးခဲ့တာ။ အခုတော့ လုပ်ချင်တဲ့သူတိုင်း ဌာနက လိုအပ်သလို ခွင့်ပြုပေးမှာပါ” ဟု ၄င်းက ရှင်းပြသည်။ အများပြည်သူသုံး သန့်စင်ခန်း ဖွင့်လှစ်မည့် မြေနေရာမှာ မြေအောက်ကေဘယ်လ်ကြိုးများ၊ ဖုန်းကြိုးများနှင့် လွတ်ကင်းမည်ဆိုပါက စည်ပင်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးကာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း လျှောက်ထားလိုပါက ဌာနတွင် အသေးစိတ်ကို လာရောက် စုံစမ်းနိုင်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ “အများသုံး သန့်စင်ခန်းတွေ ထပ်ဆောက်မယ်ဆိုရင် ပန်းဆိုးတန်း အပေါ်ဘလောက်ဘက်မှာ လုပ်စေချင်တယ်။ အဲဒီဘက်မှာ အများသုံးသန့်စင်ခန်း မတွေ့ဘူး။ နောက်ပြီး မဟာဗန္ဓုလပန်းခြံထဲက သန့်စင်ခန်းတွေလို သန့်သန့်ရှင်းရှင်း ဖြစ်စေချင်တယ်” ဟု ကျောက်တံတား မြို့နယ်တွင် တံဆိပ်လုပ်ငန်း လုပ်ကိုင်သူ အသက် ၃၀ ကျော်အရွယ် ဦးစိုးသန်းက ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ရွေ့လျားသန့်စင်ခန်း ကိုးခု အပါအဝင် အများပြည်သူသုံး သန့်စင်ခန်း စုစုပေါင်း ၂၆ ခုရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရှိရသည်။

.. www.MyanmarExpress.net
 

1 comments:

1-RESTROOMS/WC=WATER CLOSETS/AIN THAR
SHOULD OWN OPERATE INDEPENDENTLY (AS
PER LEASE AGREEMENT) AND ALLOW
TO CHARGE SERVICE FEES SO THAT OPERATORS AND OWNERS CAN MAINTAIN IN DRY AND CLEAN
FOR USERS.
2-WE ALL BETTER CHANGE THE BAD HABITS
AND PROMOTE FOR BETTER CLEAN FOR
GOOD HEALTH.
3-SI PIN THAR YAR SHOULD MAKE MULTILEVEL
BUILDINGS FOR PUBLIC CAR PARKING FOR GENERAL PUBLIC WITHOUT FEES INSTEAD OF ALLOWING CAR PARKING IN ALL STREETS.WITH
FEES UNDER PRIVATE CONTRACTORS.
TO PREVENT TRAFFIC JAMMING.
4-MYO TAW SI PIN THAR YAR SHOULD STOP
THE HAWKERS,STREET MARKETS AND MARKETS
NEAR SCHOOLS.
NOTICED THIS KIND OF MARKETS WERE
ALLOWING BY SI PIN THAR YAR SINCE 1960.
5-SI PIN THAR YAR SHOULD PROPERLY CONTROL,INSPECT AND MAINTAIN PROPER STANDARD FOR CONSTRUCTION WORKS AND
FINISH WORK IN LIMITED TIME FRAME.PLEASE
TAKE VERY SEVERE ACTIONS TO ALL CONTRACTORS BECAUSE THEY ARE NOT DOING
RIGHT AS PER BUILDING CODES.
6-TO PROMOTE BETTER GARBAGE COLLECTION
SYSTEM AND ENFORCE HEAVY FINES TO OFFENDERS.
7-TO PROMOTE CLEANING DRAINAGE SYSTEM
SO THAT CAN PREVENT FLOODING DURING
HEAVY RAIN.
8-TO PROMOTE WATER SUPPLYING SYSTEM
SO THAT PEOPLE CAN GET 24 HOURS RUNNING
WATER.
9-TO PROMOTE ALL KIND OF DEALING WITH
GENERAL PUBLIC BECAUSE PRESENT WORKING PRACTICE IS NOT GOOD ENOUGH.
10-TO ENFORCE OFFICE WORKING HOURS
PROPERLY INSTEAD OF DRAGGING OLDEN
DAYS PRACTICE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်