Subscribe to our RSS Feed

အမေရိကန် -မြန်မာ စစ်ဘက်ဆက်ဆံရေးတိုးမြှင့်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦး ပထမဆုံးအကြိမ် မိန့်ခွန်းပြောခွင့်ရ

From : .. 7day


  နေပြည်တော်ရှိ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ် တွင် အမေရိကန်ပစိဖိတ်ရေးရာ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယို က အမေရိကန်တပ်မတော်မှ စစ် ဘက်ဆိုင်ရာထိပ်တန်းအရာရှိ တစ်ဦးနေအဖြင့် ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၅ ရက်က နေပြည် တော်ရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်(National Defence College) သို့ ဒုတိယဗိုလ်ချုပ်ကြီး အန်ထော်နီက လာရောက်လေ့ လာခဲ့ပြီး ကာကွယ်ရေးတက္ကသိုလ် သင်တန်းသား ၁၀၀ ခန့်အား ပြော ကြားရာတွင်

တိုင်းပြည်အုပ်ချုပ်ရေးတွင် စစ်တပ်အာဏာသိမ်းမှုမှာ မသင့်တော်ကြောင်းနှင့် ခေတ်မီတပ်မတော်တစ်ရပ်၏ အင်္ဂါရပ်များကို ဦးတည်ပြောကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက အတည်ပြုသည်။

‘‘ထိုင်းမှာဆို အခု တပ်က အာဏာသိမ်းထားတဲ့အတွက် အမေရိကန်က Cobra Gold လို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ မလုပ်တော့ဘူး။ အုပ်ချုပ်ရေးမှာ တပ်ပါဝင်တာ မကောင်းဘူးပေါ့။  တပ်မတော်က အာဏာသိမ်းတာ လည်း မကောင်းဘူးဆိုပြီး ထိုင်းကို ဥပမာပြုပြီး ပြောသွားတယ်။ နောက်ပြီး အမေရိကန် တပ်မ တော်ရဲ့ ရပ်တည်ချက်တွေကို ရှင်းပြသွားတယ်။ ဒီဘက်ကလည်း လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်  ကိစ္စတွေဘာတွေ အကုန်သူ့ကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တယ်’’ဟု အဆိုပါ အရာရှိက ပြောကြား သည်။

ဒုတိယဗိုလ်ချုပ်ကြီး အန် ထော်နီက ခေတ်မီ တပ်မတော်တစ်ခုတွင် တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး လေး စားလိုက်နာမှုတို့မှာ အရေးကြီး ကြောင်း၊ လေ့ကျင့်မှုနှင့် ပညာ စွမ်းရည်၊ ပွင့်လင်းမြင်သာမှု၊ တာ ၀န်ယူမှု၊ တာဝန်ခံနိုင်မှု၊ အရပ် သားများ၏ ထိန်းကျောင်းမှုများ သည် ဒီမိုကရေစီစနစ်ကျင့်သုံး သည့် နိုင်ငံတွင်း အင်အားရှိ သည့် တပ်မတော်တစ်ရပ် အတွက်မဖြစ်မနေလိုအပ်သည့် အရာများဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်မြို့ အမေရိ ကန်သံရုံးက သတင်းထုတ်ပြန် သည်။

လက်ရှိနိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်၏ ကျောင်းအုပ် ကြီးမှာ DSA အပတ်စဉ်(၂၆) သင် တန်းဆင်း ဗိုလ်ချုပ်တင်အောင် ချစ်ဖြစ်ပြီး ယင်းတက္ကသိုလ်သို့ သမ္မတဦးသိန်းစိန် လက်ထက်အ တွင်း ဂျပန်စစ်ဦးစီးချုပ်က ပထမ ဆုံး လာရောက်လေ့လာခဲ့ပြီး ယခုအမေရိကန် ဒုတိယ ဗိုလ်ချုပ် ကြီးလာရောက်ခြင်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးနှင့်အ တူ မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လည်း အတူလိုက်ပါခဲ့ကြောင်း သိရသည်။ မြန်မာစစ်တပ်သည် ကလေးစစ်သားများကို မိဘများ ထံပြန်လည်အပ်နှံသည့်ကိစ္စများ အတွက် အသိအမှတ်ပြုသကဲ့သို့ အတင်းအဓမ္မစစ်သားစုဆောင်း ခြင်း၊ စစ်ရေးတွင် အမျိုးသမီးများ  အပေါ် လိင်အကြမ်းဖက်မှုကျူး လွန်ခြင်းစသည့် လူ့အခွင့်အရေး ပြဿနာများကိုလည်း ဖြေရှင်းရန် လိုကြောင်း အမေရိကန်အစိုးရက အစဉ်တိုက်တွန်းပြောကြားထား သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးသည် အမေရိကန်လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီးအဖွဲ့နှင့်အတူ မြန် မာနိုင်ငံသို့ လာရောက်ခြင်းဖြစ် ပြီး ဇွန်လ ၂၈ ရက်က ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

အမေရိကန် စစ်တပ်က မြန်မာနိုင်ငံကို စစ်ရေးနှင့် မပတ် သက်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအ ညီပေးရေးအပါအ၀င် နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မှုများ ရှိနေ သည်။ မြန်မာနိုင်ငံရေးအတိုက် အခံအင်အားစုများနှင့် အမေရိကန် အထက်လွှတ်တော်တို့က စစ်တပ်ချင်း ပူးပေါင်းဆက်ဆံမှု ကို စိုးရိမ်မှု၊ ကန့်ကွက်မှုများ ရှိ နေသော်လည်း အမေရိကန်အစိုး ရက စစ်ရေးနှင့် မပတ်သက်သော အကူအညီများနှင့် ဆက်ဆံမှုများ ပြုလုပ်သွားမည်ဟု ပြောကြား ထားသည်။
 

.. www.MyanmarExpress.net
 

5 comments:

``စစ်ရေးနဲ့မပတ်သက်သော အကူအညီများ´´တဲ့ အမေရိကန်က ငါတို့နိုင်ငံ စစ်အင်အားကြီးလာမှာကို သိပ်ကြောက်တယ်ထင်ပ။

အ မြန် လုပ် စောက် ရုတ် မြေ ခိုး နေ လို့ ပါ

If ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီယို says coup de tat is bad means he does not like coup dt tat I will make no comment. It is his opinion. If he means coup de tat is absolute bad then I say that he is wrong. Some coup de tat are good and some are bad. Myanmar coup de tat 3 time and they all happened to be good for the country. First Military take over at the request of the then Prime Minister U Nu and was approved by the then Parliament. That coup was constitutional and Tatmadaw was to maintain law and order.
Second take over happened in 1962 was to prevent the Union breaking in to pieces and to defend Sovereignty of the Union.
Third take over occurred in 1988 to quell anarchy happening all over the country and to maintain the Union breaking in to pieces.
So all Myanmar Military take overs are right and good. Though they were nasty jobs, Tatmadaw did not shrink back its duty and responsibility to take them. . .

၁ ။ ဒိမိုကရေစီပါလီမန်က တိုင်းပြည်ကိုမထိန်းနှိုင်တော့ လို့ တပ်မတော်ကိုတောင်းပန်အပ်နှံခဲ့ ရတာ ၁၉၅၈ ။
၂ ။ အာဏာရသန့် ရှင်းဖဆပလပါတီ မအုပ်ချုပ်နှိုင်တော့ လို့  ဒုတိယအကြိမ် တပ်မတော်ကိုအပ်ရပြန်တယ် ၁၉၆၂ ။ ကာကွယ်ရေးဝန်ကြီးဦးဗဆွေ ( ကျားကြီးဗဆွေတည်မြဲဖဆပလပါတီ ) ကိုယ်တိုင် ဗိုလ်ကြီးစန်းယုကို ယုံကြည်အားပြုရန်ဗိ့လ်ချုပ်ကြီးနေ၀င်းထံအကြံပြုခဲ့ တာ ။
၃ ။ ပါတီစုံစနစ်ကို ကျင့် သုံးလိုပါက ကျင့် သုံးကြပါရန် စတင် တိုက်တွန်း ခဲ့ တာ ဦးနေ၀င်း ။
၎ ။ ၈၈ မှာ ဘယ်သူ့ အဖေခေါ်ရမှန်းမသိနှိုင်တော့ တဲ့ အခြေအနေ ရောက်လာလို့ တပ်မတော်က တာဝန်ယူခဲ့ ရတာ ။
၅ ။ ၁၉၉၀ ရလဒ်က လောက်လောက်လားလားအားကိုးနှိုင်လောက်တဲ့ သူတွေ နည်းလွန်းလို့  တပ်မတော်ကတာဝန် ဆက်ယူခဲ့ ရတာ ။ ...အဲဒီအမှန် အရှိ အထောက်အထားတွေကို အန်ထော်နီမသိပဲ
သက်သက်မဲ့  အာရှကို လာဖိတာ ။ ညီလေး အန်ထော်နီ မင်းငယ်ပါသေးတယ် .....။

အီရတ်တို့အာဖဂန်တို့ ကမင်းတို့ဖျက်စီးခဲ့တာတွေအတွက် နိုင်ငံတကာမှာဆောက်ရှက်ကွဲနေတာပြင်ဖို့ကျိုးစားအုန်း။ ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ မင်းတို့ကိုဒီခေတ်မှာ ချီးဘရိန်းတွေပဲ ယုံတယ်။ကိုယ့်ဖင်ပေါကျက်နေတာမမြင်ပဲ သူများပုဆိုးမခိုင်တာ ဝေဖန်နေတဲ့ ကောင်တွေ လက်နက်အားကိုးနဲ့ ဗီယက်နမ်ကိုဗိုလ်ကျအနိုင်သွားကျင့်တာ မျိုးချစ်စိတ်ပြင်းတဲ့ ဗီယက်နမ်တွေက ဖင်ချလွှတ်လိုက်လို့ဘောင်းဘီတောင်မပါပဲထွက်ပြေးခဲ့ရတာမမေ့နဲ့အုန်း။ ဟဟ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်