Subscribe to our RSS Feed

ရွှေမြင်တင် ဘုရားကြီး အတွင်း စပါးအုံး မြွေကြီးမှ ဥများ ဥချလျက်ရှိ

From : .. MWD


ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အုပ်စုရှိ သမိုင်းဝင် ရွှေမြင်တင် ဘုရားကြီး၌ မေ ၈ ရက်မှ စတင် ရောက်ရှိနေသော ဘုရားဖူး စပါးအုံး မြွေကြီးနှစ်ကောင် အနက်မှ မြွေကြီးတစ်ကောင်မှာ မေ ၂၁ ရက်မှ စတင်၍ ဥများ ဥနေကြောင်း သိရသည်။

အဆိုပါ ဥများ ဥနေသည့် စပါးအုံး မြွေကြီးမှာ ယခုအခါ ဥ ၁၅ လုံးခန့်ရှိကာ မြွေကြီးမှာ မြွေဥများနှင့် အတူ ရှိနေပြီး အခြားနေရာများသို့ သွားလာခြင်း မရှိကြောင်း သိရသည်။ ဘုရားဖူး စပါးအုံး မြွေကြီးဥများ ဥနေသည့် သတင်းကြောင့် ဘုရားဖူး လာကြသူများ ယခင်ကထက် ပိုမို များပြားကာ အလှူငွေများ ထည့်ဝင်ကြပြီး ရွှေမြင်တင် ဘုရားကြီးသို့ သွားရာ လမ်းဖြစ်သည့် တောင်တက်လမ်းကို ကွန်ကရစ်လမ်း အဖြစ် ပြန်လည် ခင်းခြင်း၊ မြွေကြီးများ လာရောက် ဖူးမြော်လျက်ရှိသည့် အရိုးဂူတိုက်ကို အုတ်တံတိုင်း ကာရံခြင်း၊ သံပန်း တံခါးများ တပ်ဆင်ခြင်းတို့ကို ယမန်နေ့မှ စတင် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်