Subscribe to our RSS Feed

နုတ်ထွက်ဝန်ကြီးချုပ် ဦးလှမောင်တင် နေရာတွင် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်းလင်း မှ ခေတ္တ တာဝန်ထမ်းဆောင်

From : ..Arakan News

ဇွန်၂၀ပြည်နယ်ဝန်ကြီးချုပ်သည်မိမိသဘောဖြင့်၁၉ရက်နေ့က နုတ်ထွက်ခဲ့သဖြင့် ၂၀ ရက်နေ့မှစတင်ကာ ၀န်ကြီး ချုပ်တာဝန်အား နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်းလင်းမှ
ယာယီတာဝန်ထမ်းဆောင်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


တာဝန်ယူထမ်းဆောင်ရသည်ကို ငြိမ်းငွေ့လာသဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်စာတင်ကာ နုတ်ထွက်သွားခဲ့သော ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အကောင်းဆုံးဖြစ် အောင်ထမ်းဆောင်ခဲ့သော်လည်း သူ့အလိုအလျှောက်နုတ်ထွက် သွားခြင်းသာဖြစ်ကြောင်း အစိုးရအဖွဲ့မှ ၀န်ကြီး များက ဆိုသည်။


“ လူဆိုတာက ကောင်းတာလည်းရှိမယ်။ မကောင်းတာလည်းရှိတယ်။ အပြစ်ကင်းတဲ့လူရယ်လို့တော့ ဘယ်ရှိ ပါ့မလဲ။ သူလည်း အလုပ်လုပ်ရတာ ငြိမ်းငွေ့လို့ နုတ်ထွက်သွားတာနေမှာပေါ့။ ထွက်တော့မယ်လို့ တော့ သူအမြဲ ပြောဖူးတယ်။ သူ့ဆုံးဖြတ်ချက်နဲ့သူပါပဲ”ဟု ၀န်ကြီးတစ်ပါးက ဆိုပါသည်။
ယခုလက်ရှိနေရာတွင် ဗိုလ်မှူးကြီး ထိန်းလင်းမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း သိရှိရပါသည်။ ၀န်ကြီးချုပ်နုတ် ထွက်ခြင်းနှင့်ပတ်သက်ပြီး အစိုးရပိုင်သတင်းစာများတွင် လည်းေ ဖ်ာပြခဲ့သည်။

.. www.MyanmarExpress.net
 

1 comments:

how can you get bored when you are on DUTY?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်