Subscribe to our RSS Feed

၄၃၆ ပြင်လိုသူ ၁% သာရှိ



ကျွန်တော်လား.... စိတ်မ၀င်စားဘူးဗျာ..... စိတ်မ၀င်စားကြောင်းကိုတော့ စိတ်မ၀င်စားကြောင်းပြောလို့ ရတယ်မဟုတ်လား

ဒီလိုဗျာ...........

အခုလပိုင်းတွေမှာ (၄၃၆) ဆိုတာ အရမ်းကိုခေတ် စားတယ်... ပြင်ရမယ်လို့ ယုံကြည်တဲ့သူတွေကလည်း ပြင်ဆင်နိုင်ဖို့ တတပ်တအား (ကိုယ်တိုင်ကိုယ်ကျ) ပါဝင်ကြတယ်။ ပြင်ဆင်ခြင်းကို ကန့်ကွက်တဲ့သူတွေကလည်း သူ့အင်အားနဲ့ သူပေါ့လေ....

ပြောစရာဖြစ်လာတာက ကျွန်တော်တို့လို လူတန်းစားတွေပဲ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ အေးအေးဆေးဆေးနေတယ် ဗျာ... ပြင်ခြင်းမပြင်ခြင်းဆိုတာကို စိတ်မ၀င်စားလို့ ကျွန်တော် တို့ လက်မှတ်လည်းမထိုးသလို ကန့်ကွက်ခြင်းလည်းမရှိဘူး။

ပြင်ဆင်ချင်တယ်ဆိုတဲ့ လူတွေကိုမေးချင်တာကတော့ ဘာကြောင့်ပြင်ဆင်ချင်တာလဲ။ တမတ်သားနဲ့ချုပ်ထားတာကို ဖြည်ချင်လို့ပြင်ဆင်ချင်တယ်လို့ ပြောကြမှာပဲ။ အဲဒီအထိရှင်းတယ်ဗျာ.... သုံးမတ်သားသဘောတူမှ ဆိုတာကြီးကို မကြိုက်လို့ဖြုတ်ချင်တယ် ပြင်ချင်တယ်ဆိုတာ ရှင်းတယ်ဗျာ...။ ဆက်မေးချင်တာက အခြေခံဥပဒေက ဘယ်အချက်တွေကို ပြင်ဆင်ချင်လို့ (၄၃၆) ကိုအရင်ပြင်ဆင်နိုင်ဖို့ ကြိုးစားရသလဲဆိုတာ ကျွန်တော်တို့လို သာမန်ပြည်သူ ငပိန်းတွေသိအောင် ပြောပြကြစေချင်ပါတယ်။ အခုထိ ဘယ်အချက်တွေကို ဘယ်လိုပြင်ဆင်မယ်။ အဲဒီလိုပြင်ဆင်လိုက်ရင် လွှတ်တော်မှာ (အထူးသဖြင့်) စစ်တပ်နေရာယူ ထားမှုကိုလျှော့ချနိုင်မယ်။ ပြည်သူတွေအတွက် အခွင့်အလမ်း အကျိုးစီးပွားတွေ ဘယ်လို တိုးတက်လာနိုင်တယ်။ ခရိုနီတွေနဲ့ ဒင်းတို့နဲ့ပေါင်းပြီးဝင်လာမယ့် ပြည်ပ Companies တွေ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုချုပ်ကိုင်ထားနိုင်မယ်။ စသည်စသည်ဖြင့်ပေါ့ဗျာ.... ဒါပေမယ့် အဲဒီအကြောင်းတွေ ဘယ်သူမှ ပြောသံမကြားဘူး။ (၄၃၆) ပြင်ပါဆိုပဲကြားနေရ မြင်နေရတယ်။

ပန်းရဲ့လမ်း အဖွဲ့နည်း ဒေါ်စု လွှတ်တော်မှာတွေ့တော့ ၄၃၆ ကို အရင်ပြင်ဆင်ဖို့ကြိုးစားလိုက်ဦး။ အဲဒါအောင်မြင်မှ ကျန်တာတွေဆက်ပြောပြမယ်လို့ပြောတယ်။ အဲလို ဆိုရင်တော့ ဘာပဲလို့ပြောရမယ်။ (ကြုံခဲ့ဘူးတဲ့ ဆြာကြီးတယောက်လည်း အဲဒလိုမိန့်ကြားသွားလို့ပါ) ဘာကြောင့်လဲဆိုတော့ ဘာမှန်းမသိပဲနဲ့ လက်မှတ်တွေထိုး (လက်ရှိ ၄၃၆ အနေအထားအရ စစ်တပ်ရဲ့ အပိုင်းကဏ္ဍကို လုံးဝဖယ်ထုတ်လို့ မရဖြစ်နေတာကို သဘောမကျလို့ ဆိုတဲ့အချက်တစ်ခုတည်းနဲ့တော့ ကျွန်တော်လက်မှတ်မထိုးနိုင်ဘူး ဆိုတာလည်း သိစေချင်သေးတာပေါ့နော်) သဘောတွေတူ... ဟုတ်ပြီ ပြည်သူတရပ်လုံးက သဘောတူလို့ ၄၃၆ကို ပြုပြင်ပြောင်းလဲပေးလိုက်ပါပြီဗျာ။ အဲဒီမှာ ကိုယ် သမ္မတဖြစ်ချင်တာ (ကိုယ့်ပါတီ ဖြစ်ချင်တာတွေချည်း) ရွေးပြီးပြင်သွားရင် မခက်ပါလား။ အဲဒီအတွက် ကျွန်တော်တို့လို သာမန် ပြည်သူတွေအနေနဲ့ ဘာတွေကိုပြင်ဆင်မယ် ဘယ်အချက်တွေက ဘယ်လိုအားနည်းလို့ အဲဒီအချက်တွေကိုပြင်မယ် အဲဒီလိုပြင်ဆင်နိုင်ဖို့အတွက် (၄၃၆)ဟာ အဓိကအဟန့်အတားဖြစ်နေတယ် ဒါကြောင့် (၄၃၆) ကိုပြင်ဆင်ဖို့လိုအပ်တယ်ဆိုတာကို ပြင်ဆင်ချင်တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်များအနေနဲ့ ရှင်းပြပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့က တစိုက်မတ်မတ်ထောက်ခံလာတယ် ကိုယ်တိုင်ကိုယ်ကျ လက်မှတ်တွေထိုးတယ် လှုံ့ဆော်တယ်ဆိုတော့ ကျွန်တော်တို့ထက် အများကြီးသိ အများကြီးတတ်တယ် အများကြီး နားလည်မယ်လို့ ယူဆထားလို့ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လို့ ကိုမင်းကိုနိုင်ဦးဆောင်လို့... ဆိုရင်တော့ နောက်ထပ် ဘောတလုံးပါပဲ။ (ထပ်ပေးစရာလည်းမရှိတော့ဘူး ကျွန်တော့်ပိုင်ဆိုင်မှုက အဲဒါ အကုန်ပဲ)

လက်ရှိ အတိုက်အခံဘက်ကို ကြည့်မယ်ဆိုရင် (ပြောနေတဲ့စကားတွေတော့ ထည့်မရေးတော့ပါဘူးဗျာ ခင်ဗျားတို့ကို (စာလာဖတ်တဲ့သူတွေ) အားနာလို့ လက်ရှိအစိုးရကို ဘယ်လိုတွယ်မယ် နှက်မယ်။ လက်ရှိအစိုးရရဲ့ အားနည်းချက်တွေ (လူတွေ အားလုံးလည်း သိပြီးသားတွေ)ကို အစဆွဲထုတ်မယ် ဖွမယ်။ ကြေငြာချက်တွေ လှိမ့်ထုတ်မယ်။ တကယ်တမ်းဆိုရင် လက်ရှိမှာ အတိုက်အခံ ပါတီကြီး တစ်ခုအဖြစ် နိုင်ငံတကာက လေးစားမှုရထားတဲ့ခေါင်းဆောင် တစ်ယောက်ကို ပိုင်ဆိုင်ထားတာ ပဲဗျာ.... ပြည်သူလူထု အဆင်ပြေစေနိုင်ဖို့ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ နိုင်ငံတကာမှာ အတိုက်အခံ ပါတီကြီးတွေ ပြည်သူ့ အကျိုးဆောင်ရွက်နေတာတွေ အများကြီးရှိပါတယ်။ အာဏာ လက်ထဲရှိမှ မဟုတ်ပါဘူး။ ပြည်သူ့အကျိုးစီးပွား အတွက်ဆောင်ရွက်ချင်တယ်ဆိုရင် ဆောင်ရွက်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်တို့လို ငပိန်းတွေတောင် အထိုက် အလျောက်နားလည်ရင် အဲဒီလောကထဲကလူတွေ ပိုပြီးနားလည်မှာပါ။

နောက်ဆုံးတော့ ဘယ်ဘက်ကို ကြည့်လိုက်ကြည့်လိုက် ဟိုနားလေးသွားလိုက် အိညောင် အိညောင်လုပ်လိုက် ဒီနားလေးသွား နှမ်းဖြူးလိုက် ဒါတွေပဲတွေ့နေရတယ်။ နိုင်ငံရေးပါတီတို့ အစိုးရတို့ဆိုတာဟာ ပြည်သူတရပ်လုံး လူထု လူတန်းစားအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ကြရမှာပါ။ နေရာလေးတစ်ခု (ထွန်းအိန္ဒြဗိုလ်မဟုတ်ပါ) လူတစ်ဦးတယောက် လူတစ်စုလောက်လေးရဲ့ အရေးကိုဆောင်ရွက်ကြရမှာ မဟုတ်ပါဘူး။ တကယ်ဆိုရင် ဦးသိန်းစိန်ဟာ ပြေတီဦးမဟုတ်သလို ဒေါ်အောင်ဆန်း စုကြည်ဟာလည်း ခင်ဝင့်ဝါမဟုတ်ဘူး။ အစိုးရဟာလည်း ပြေတီဦးဖောင်ဒေးရှင်း မဟုတ်သလို၊ NLD ဆိုတာကလည်း နာရေးကူညီမှု အသင်းမဟုတ်ဘူး။ တကယ်တမ်းတွေ့နေရတာကတော့ အဲဒီလောက်ပဲတွေ့နေရတယ်....။ ဒီတော့ အဲဒီလို အခြေအနေတွေမှာ ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆိုတိုင်း ကျွန်တော်တို့မှာ လိုက်ယောင်နေ ရလောက်အောင် မအားလပ်ပါဘူး။ ကျွန်တော်တို့ မိသားစုတွေရဲ့ စာဝတ်နေရေးဟာ ခင်ဗျားတို့ ထောက်ခံနေတဲ့ နှစ်ဘက်စလုံးရဲ့ ဆောင်ရွက်ချက်တွေ ကိုသာ စောင့်မျှော်နေရမယ် ဆိုရင် မြန်မာပြည်မှာ ငတ်သေတဲ့ မသာတွေ စာရင်းတက်လာဖို့ပဲရှိပါတယ်။ ဒါကြောင့် အဲဒီအကြောင်းတွေကို ကျွန်တော့် တနေ့ဝင်ငွေထွက်ငွေလောက် စိတ်ဝင်စားမှုမရှိဘူးဗျာ...ဒါပါပဲ။

အဲ.....မပြောဘူးဆိုပေမယ့်ပြောရဦးမယ် နာမည်ကျော်ဆြာသမားတယောက် မကြာခဏပြောတတ်တယ်ဗျ

"ခင်ဗျားတို့ စစ်ဖိနပ်အောက်ပြန်ရောက်သွားချင်လား" ဆိုတဲ့စကားလေးပေါ့ဗျာ။ ကျွန်တော်နဲ့ များဆုံခဲ့ရင် ပြောချင်ပါသေးတယ်။

"ဆြာ..ခင်ဗျား... ကျွန်တော်တို့ဟာ ဘိုးဘေးဘီဘင်လက်ထက်က လက်ရှိအချိန်အထိ မြင်းခွာအောက် စစ်ဖိနပ်အောက် ရောက်ခဲ့ကြ ရောက်ရှိနေခဲ့ကြပါတယ်။ အဲဒီ မြင်းခွာအောက် စစ်ဖိနပ်အောက်တွေ နောက်တစ်ကြိမ်ပြန်မရောက်ချင်တော့ပါဘူး။ အဲဒီလိုပဲ အတွေ့အကြုံသစ်အနေနဲ့ ကတ္တီပါဖိနပ်အောက် ပုံတော်ဖိနပ်အောက်၊ ကုလား ညှပ်ဖိနပ်အောင်၊ အမေရိကန် Shoe ဖိနပ်အောက်လည်း ထပ်မရောက်ပါရစေနဲ့လို့ ဆုတောင်းနေပါတယ်ခင်ဗျာ" လို့


 www.MyanmarExpress.net
 

6 comments:

စိတ်မဝင်စားတာမဟုတ်ဘူးကွ စိတ်မဝင်စားနိုင်အောင် ပြည်သူတွေစားဝတ်နေရေးထဲ လုံးချာပတ်ချာဆင်းရဲနေအောင် စစ်အစိုးရ အကွက်ချထားတာ မင်းသိဖို့ကောင်းပါတယ်

သူတို့ က ဇာတ်ကနေကြတာရှင့်  ။ ဟိုဆိုင်းဘုတ်ဆွဲထွက်လာကြ ဒီဆိုင်းဘုတ်ဆွဲထွက်လာကြ ၊ ရောင်စုံ့ အ၀တ်အစားတွေနဲ့  ဖာတ်စင်ကလည်းအမျိုးမျိုး ။ ဖာတ်နံမည်ကလည်ဆန်းတယ် တော်ရေ့  ။ ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ် ကြစို့  တဲ့  ။ ကြုံလို့ ပြောတာပါ ရှင် တော်ကြာ ကျွန်မကို တယ်လီး ဖုံးတွေနဲ့  ခြိမ်းခြောက်နေမှာ ကြောက်ပတ် ရဲ့  ...အဲဒီကပဲပြုတ်နံပြား ၀ယ်ကြအုံးမလား ..................။

လက်​မှတ်​ထိုးဘို့ စည်းရုံး​နေတဲ့ nldက​ကောင်​​တွေကိုယ်​တိုင်​ အ​ခြေခံဥပ​ဒေကို မဖတ်​ဘူးပါ ​ဒေါ်စုတ်​နဲ့ ​ခွေးကိုနိုင်​ ခိုင်းတာလုပ်​​နေတာပါ တပ်​ကုန်းက အဘဦးဆန်းလွင်​​လောက်​​တောင်​ ဥပ​ဒေအ​ကြောင်းမသိတဲ့ ကုလားမယားကို ​ကိုးကွယ်​​နေတဲ့ nld​ခွေး​တွေ ​ဒေါ်စုတ်​ထက်​စာရင်​ ဦးသိန်းညွန့်​ကမှ ထိ​ရောက်​​အောင်​အလုပ်​လုပ်​ပြနိုင်​​သေးတယ်​ nld​ခေါင်းကြီးက​တော့ တဆိတ်​ရှိသူ့လင်​ us ကိုငိုပြဖို့​လောက်​ဘဲတတ်​တဲ့ သမတရူးအာဏာရူးမကြီး

ကုလားမယားကို ​ကိုးကွယ်​​နေတဲ့ nld​ခွေး​တွေ ​ဒေါ်စုတ်​ထက်​စာရင်​ ဦးသိန်းညွန့်​ကမှ ထိ​ရောက်​​အောင်​အလုပ်​လုပ်​ပြနိုင်​​သေးတယ်​ nld​ခေါင်းကြီးက​တော့ တဆိတ်​ရှိသူ့လင်​ us --ဆိုတာကိုသဘောကျလို့

မေလကတည်းက စကောက်တာ အခုချိန်ထိ မန်းလေးတိုင်း
တစ်တိုင်းလုံးမှာ လူပေါင်း(၁)သိန်းကျော်ပဲထိုးသေးတယ်....
ပါတီဝင်လက်မှတ်ထိုးတာက (၄)သောင်းကျော်.....သူရဲ့
ဆွေမျိုးမိတ်သဟာတွေ ၀ိုင်းထိုးကြတာက(၆)သောင်းကျော်
အဲဒီလောက်ပဲရှိသေးတယ်....မန်းလေးတိုင်းမှာတောင်
(၁)သိန်းကျော်ဆို....ကျန်တိုင်း/ပြည်နယ် ပျမ်းမျှ(၁)သိန်းနဲ့
တွက်ကြည့် (၁၄)သိန်းပဲရှိတယ်.....ကဲ...ဘယ်သူပြင်ဖို့
စိတ်ဝင်စားလည်ကြည့် ...ဘယ်သူမှစိတ်မ၀င်စားဘူး....

ကြိုက်တယ်ဗျာ........................

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်