Subscribe to our RSS Feed

၉၆၉ နဲ့ မဘသ ဘုန်းကြီးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့ပြီး ရခိုင်လူမျိုးများအား အစွန်းရောက် ၀ံသာနုရက္ခိတစိတ်ဓါတ်တွေဟု ပြောကြားလိုက်သည့် အောင်ရင်ငြိမ်း



စာပေလောက၊ လူမှုကွန်ရက် စာမျက်နှာများနှင့် ပြည်သူအများစုကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် “ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ” စာအုပ်မှာ အောင်ရင်ငြိမ်း ဘာတွေ ရေးခဲ့သလဲ?
အများစုက စိတ်ဝင်စားနေကြမှာပါ။ စာအုပ်ကို ဈေးကွက်ထဲမှာ ၀ယ်လို့မရနိုင်တဲ့အတွက် လက်လှမ်းမမှီဖြစ်နေသူများအဖို့ ယနေ့မှာတော့ pdf စာအုပ် ထွက်ပေါ်လာခဲ့ပါပြီ။

အပြာဆန်ဆန် အရေးသားတွေကြောင့် နာမည်ကြီးနေတဲ့ ပြင်းထန်စွာ
ဝေဖန်ခံနေရတဲ့ စာအုပ်အပေါ် ဘာတွေများရေးထားသလဲလို့ ဖတ်ကြည့်မိပါတယ်။
အင်မတန်မှ စိတ်ပျက်ဖွယ်ရာပါပဲ။ ကာမပိုင် လင်ယောင်္ကျားရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ
မိမိစိတ်ကြိုက် အခြားယောင်္ကျားတစ်ယောက်နဲ့ ဖောက်ပြန်ခွင့်ရှိပြီး အမျိုး ဘာသာ၊ သာသနာကိုလည်း စော်ကားထားပါသေးတယ်။စာရေးဆရာဟာ စိတ်ဒဏ်ရာ ရနေသူတစ်ဦးဖြစ်ဖို့များပါတယ်။
ဒါ့အပြင် မိမိခေါင်းထဲမှာရှိတဲ့ ပေါက်တတ်ကရအတွေးများကိုလည်း ထည့်သွင်းရေးသားထားပြီး ဒီလိုစာပေမျိုးကို ထုတ်ဝေခဲ့တဲ့ ထုတ်ဝေသူနဲ့ ဖြန့်ချိသူတွေကိုလည်း အံ့သြမိပါတယ်။

ဒါ့အပြင် စာဖတ်ပရိသတ်ဖြစ်တဲ့ ပြည်သူလူထုနဲ့ သံဃာတွေကိုပါ စော်ကားထားပြီး
ရခိုင်လူမျိုးများကိုပါ အစွန်းရောက် အကြမ်းဖက်များအဖြစ် စာအုပ်ထဲမှာ ဝေဖန်ခဲ့တာကို တွေ့ရမှာပါ။
ရခိုင်လူမျိုးများ၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေနဲ့လည်း ဒီကိစ္စကို
ပြန်ကြားရေးတာဝန်ရှိသူတွေထံတင်ပြပြီး  ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုသင့်ပါတယ်။
အောင်ရင်ငြိမ်းဟာ အခုတော့ သာကေတဘက်ကို ထွက်ပြေးနေတယ်လို့ကြားပါတယ်။


အောင်ရင်ငြိမ်းစာအုပ်ထဲက သံဃာတော်များနဲ့ ရခိုင်လူမျိုးများကို စော်ကားထားတဲ့ စာပိုဒ် အချို့ကို နမူနာ ဖော်ပြလိုက်ပါတယ်။



ဆင်ခြေဖုံးရပ်ကွက် တရားပွဲတွေမှာ ၉၆၉ နဲ့ မဘသ ဘုန်းကြီးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့ပြီး ခေတ်ပညာမတတ်တဲ့ ပြည်သူလူထုကို လူမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးတရားတွေ နိုင်ငံရေးသမားလေသံနဲ့ ဟောပြောနေကြတယ်။

အနောက်ဘက် ခြံစည်းရိုးတ၀ိုက်မှာလည်း လူမျိုးတစ်မျိုးနဲ့တစ်မျိုး လူသားအသိအမြင်တွေ ပျောက်ကွယ်ပြီး အစွန်းရောက် ၀ံသာနုရက္ခိတစိတ်ဓါတ်တွေ မီးဟုန်းဟုန်းတောက်လောင်နေသလို ၀ာာဝန်ကျေပွန်တဲ့ 
ခေတ်ပညာတတ် လစ်ဘရယ်ဒီမိုကရက်တစ်တွေက လူ့အခွင့်အရေး ကို သတိပြုကြဖို့ သတိပေးနေကြပေမယ့် အသိညဏ်ကင်းမဲ့တဲ့ ပြည်သူတွေရဲ့ မျက်ကန်းမျိုးချစ် စိတ်မီးလျှံတွေ ဆက်လက် ကျွမ်းလောင်နေကြတယ်.....


အထက်ပါ အရေးအသားများဖြင့် ပြည်သူလူထုနှင့် ရဟန်းသံဃာများအား စော်ကားခဲ့သော်လည်း 
ရိုမန်ဘော့ထ်စာရေးဆရာ အောင်ရင်ငြိမ်းကို ဖမ်းဆီးအရေးယူလျှင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်မည် ဟု NLD ပါတီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုလျက်ရှိသည်။

”၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်လိုက်တော့ အတော်များများ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နိုင်ဖို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးစည်းရုံးမှုတွေ လုပ်နေတာပါ။ အခု ကိစ္စကိုလည်း နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်ရပါလိမ့်မယ်။ နိုင်ငံတကာမှာ ဒီလို လုပ်ရပ်တွေကို ဘယ်လို အရေးယူသလဲ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်။ လူ့အခွင့်အရေးကို အလေးထားတဲ့ အစိုးရဆိုရင် ဒီလိုမျိုး မိမိယုံကြည်ရာကို ရေးသားဖော်ပြခဲ့ နိုင်ငံသားတွေကို အရေးယူတာမျိုး လုပ်စရာ အကြောင်း မရှိပါဘူး။ ဒါကို ကျွန်တော်တို့ NLD ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ၄င်း၏သဘောထားကို ပြောကြားခဲ့သေးသည်။

13 comments:

ဒီကောင် မွတ်စလင် ဖြစ်မယ်

တော်သလင်း တော်သလင်း ဖေါ်ကင်းပါလို့  ခွေးတွေအူ နိုင်ငံတကာကခွေးများအားလုံး စံနှုန်း တူကြမယ် ။

အမှတ်တရဖြစ်နေအောင်လို့ နောက်ရေးမယ့်စာအုပ်အတွက်လဲ ခံစားချက်တွေရသွားစေဖို့ အောင်ရင်ငြိမ်းကိုယောက်ကျားချင်းပေမယ့် အဆုံးအထိတွန်းပို့ခြင်ပါတယ်

ဒီနိုင် ငံမှာနေရင် ဒီကဥပဒေကိုလိုက်နာ မလိုက်နာနိုင် ရင် မ နေနဲ့ နေနိုင် တဲ့နိုင် ငံသွား နိုင် ငံနဲ့လူမျိုးတော့အပျောက်မခံနိုင်ဘူး

Government must stay away from this issue until people realize what can happen if every one is permitted to do any thing without restraint.

pdf ကဘယ်မှ ရနိုင်တာလဲ လမ်းညွှန်ပေးပါလား မြည်းကြည့်ချင်စမ်းပါဘိ

လူကခွေးပြစ်တဲ့တုတ်လောက်နဲ့ လာသေးတယ်သွားခေါက ခေတ်မှီတယ်ဆိုပဲ။တန်ရာတန်ရာပြောပါ ခွေးဝဲစားရာ။မင်းရေးတာလောက်က ခြေမနဲ့ ဘောပင်ညှပ်ရေးပြလို့ရတယ်။ ဆောက်ရှက်မရှိဘူးလား။

နိုင်ငံတကာစံနှုန်းတွေနဲ့  နှ်ုင်းယှဉ်ကြည့် မဲ့  ဆြာ က သူုခေါင်းဆောင်ကြီးကို မျက်နှာလုပ်ချင်ပုံရတယ် ။ သူ့ အိမ်ကိုလည်း လျှာကျွေး နေရမှာ ။ အဲဒီလျှာကြီးနဲ့ ဟောမဲ့ ပွဲ ..... တော်တော်နံလိမ့် မယ် ။

လူ့အခွင့်အရေးကို အလေးထားတဲ့ အစိုးရဆိုရင် ဒီလိုမျိုး မိမိယုံကြည်ရာကို ရေးသားဖော်ပြခဲ့ နိုင်ငံသားတွေကို အရေးယူတာမျိုး လုပ်စရာ အကြောင်း မရှိပါဘူး။ တဲ့.....
ဒါဆိုငါလည်း မိစုနဲ့ ကုလားကိုကိုများဆိုတဲ့ စာအုပ်ရေးဦးမှဘဲ

ကုလားဖြစ်ရင်ဖြစ်မဟုတ်ရင်ကုလားဖင်ခံပဲဖြစ်မယ်


OE

http://www.oppositeyes.info/2014/06/blog-post_278.html

အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ် ဖတ်ပြီး ရွံရှာမိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ္ဋ်မှ ပြော

Jun 27, 2014

Written By မြင့်မြင့်စိုး

ရန်ကုန်၊ မဇ္ဈိမ။ ။ စာရေးဆရာ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် အဓမ္မကျင့်မှုများ ပိုမိုဖြစ်ပေါ်အောင် တွန်းအားပေး နေသည်ဟု ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားလိုက်သည်။

ယင်းစာအုပ်မျိုး ထပ်မံထွက်ရှိခြင်း မရှိစေရန်အတွက် စာရေးဆရာများနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းကောင်စီများ အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆောင်ရွက်နိုင်ရန် လိုအပ်နေသည်ဟု ဦးရဲထွဋ်က ထပ်မံပြော ဆိုလိုက်သည်။

" အဲဒီ စာအုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ ပထမအခန်း ဖတ်ပြီးတော့ ရွံရှာလို့ ဆက်မဖတ် ဖြစ်တော့ ပါဘူး။ အဲဒီ စာအုပ်ဘက်ကနေ အခု ကာကွယ်ပြီး ပြောဆိုနေတဲ့ သူတွေရှိပါတယ်။ အဲဒီ သူတွေကို စကားနှစ်ခွန်း ပြောချင်ပါတယ်။ တစ်ခွန်းက သူတို့ ကိုယ်တိုင် သူတို့အိမ်ရှေ့ စားပွဲပေါ် တင်ထားပြီး သူတို့ရဲ့သားသမီး မြေးမြစ် တွေကို လွတ်လွတ်လပ်လပ် ဖတ်ခွင့်ပြုနိုင်တဲ့အခြေအနေရှိလား။ သူ့ကို ကာကွယ်ပေးနေတဲ့ စာရေးဆရာ ကြီးတွေအနေနဲ့ သူတို့ စာအုပ်ကို အောင်ရင်ငြိမ်းရဲ့စာအုပ်နဲ့ တစ်တန်းထဲထားပြီး ရောင်းနိုင်မလား ဆိုတာကို စဉ်းစားစေချင်တယ်" ဟု ၎င်းက ပြောသည်။

ယခင်က ယခုလို စာအုပ်မျိုးသည် ခိုးချောင်ခိုးဝှက်ဝယ် ခိုးချောင်ခိုးဝှက် ဖတ်ရသည့် စာအုပ်မျိုးဖြစ်ပြီး ယခုလို လွတ်လွတ်လပ်လပ် ဆိုင်ပေါ်များ၌ ဝယ်ယူ ဖတ်ရှုခွင့် ရရှိခြင်းသည် မုဒိမ်းမှုများ ပိုမိုဖြစ်အောင် တွန်းအား ပေးနေခြင်း ဖြစ်သည်ဟု ဦးရဲထွဋ်က သုံးသပ်ပြောကြား ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ပုံနှိပ်ထုတ်ဝေသူများအသင်း၊ စာနယ်ဇင်းနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များ အနေဖြင့် ယင်းစာပေမျိုးကို ထုတ်ဝေ ဖြန့်ချိခြင်း ပြုသင့်မသင့်ကို သေချာစွာ စဉ်းစား ဆုံးဖြတ် သင့်သည်ဟု ၄င်းကပြောသည်။

အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့ထ်တွေရဲ့ကမ္ဘာ စာအုပ်သည် လူအဖွဲ့အစည်း တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် ကိစ္စတစ်ခု ဖြစ်ခြင်းကြောင့် ဥပဒေကြောင်း တစ်ခုတည်းနှင့် သာမက အဖွဲ့အစည်း အားလုံးအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းသင့်သည်ဟု ဦးရဲထွဋ်က သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

" အဲဒီစာအုပ်နဲ့ ပတ်သက်ပြီး မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနက ကျွန်တော်တို့ ကို အကြောင်းကြား ထားပါတယ်။ အရင်ဆုံး အောင်ရင်ငြိမ်းရဲ့ စာအုပ်က တရားဝင်ထုတ်တဲ့ စာအုပ်ဟုတ်မဟုတ်ကို အရင်ကြည့်စေ ချင်ပါတယ်။ အဲဒီစာအုပ်မှာ ထုတ်ဝေသူ နာမည်လည်း မပါသလို ပုံနှိပ်စက် အမည်လည်း မပါဘူး။ အဲဒါတွေမပါရင် တရားဝင် ထုတ်တယ်လို့ပြောလို့မရဘူး။ ကျွန်တော် တို့က ထုတ်ဝေသူ မပါတဲ့ စာအုပ်ကို မှတ်ချက်ပေးလို့မရဘူး။ အဲဒီစာအုပ်က ပြည်သူလူထု ကြားထဲ ထုတ်ဝေသင့်တဲ့ စာအုပ် မဟုတ်ဘူး။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေနဲ့လည်း ငြိစွန်းနေတယ်" ဟု မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းမှ ဒုတိယ ဥက္ကဌ ဦးမျိုးအောင်က ပြောသည်။


မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂအသင်း ဥက္ကဌ ဦးထက်မြက်ကလည်း ၏ ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ် နှင့် ပတ်သက်ပြီး အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်သည့် စာအုပ်ဖြစ်ခြင်းကြောင့် ယင်းစာပေမျိုးကို မြန်မာနိုင်ငံ စာရေးဆရာများ အသင်းသမဂ္ဂမှ လက်မခံကြောင်းနှင့် ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်စာရေးသူ အောင်ရင်ငြိမ်းသည် မြန်မာနိုင်ငံ စာရေးဆရာများ အသင်းသမဂ္ဂတွင် အသင်းဝင်တစ်ဦး မဟုတ်ကြောင်းပြောခဲ့သည်။

စာရေးဆရာ အောင်ရင်ငြိမ်း၏ ကိုယ်ပိုင်စာမျက်နှာ ဖေ့ဘွတ်ပေါ်တွင် ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်နှင့် ပတ်သက်ပြီး "ကျွန်တော့်အလုပ်က ကဗျာရေး ဝတ္ထုအက်ဆေး ဆောင်းပါးရေး။ အဲဒီလို ကိုယ် ယုံကြည်လို့ တစ်သက်စာ ရွေးချယ်ထားတဲ့ စာပေအလုပ်အပြင် အသက်မွေးဝမ်းကျောင်း အလုပ်အဖြစ်လည်း စာပေလောကနဲ့ ဆက်စပ်တဲ့ အလုပ်တွေဖြစ်တဲ့ အယ်ဒီတာ ပရုဖ်ဖတ်သူ သတင်းထောက် စာအုပ်ဟောင်းရောင်းသမား အလုပ်တွေကို လုပ်ခဲ့ဖူးပါတယ်။ကိုယ်ပိုင် အားလပ်ချိန်တွေ ပရဟိတကျောင်းတစ်ကျောင်းမှာ Grade- 10 & 11 တွေကို အင်္ဂလိပ်စာ သင်ပေးတာ ကတော့ အသက်မွေးဝမ်းကျောင်း အလုပ်မဟုတ်ဘဲ ပရဟိတ အလုပ်လုပ်တာ ဖြစ်ပါတယ်။ အခု ရိုမန်းဘော့ထ်တွေရဲ့ နောက်ဆက်တွဲ ပြသနာတွေ အဖြစ် ကျွန်တော့် စာအုပ်ဟာ အစိုးရရဲ့ နောက်ကွယ် ကြိုးကိုင်မှုနဲ့ ပုဒ်မ ၄၃၆ လှုပ်ရှားမှုကို အာရုံလွှဲပြောင်းဖို့ အစီအစဉ်တကျ ပေါ်ထွက်လာတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတဲ့ ကိုယ်လိုရာ ဆွဲတွေးမှန်းဆချက်တွေ ထွက်ပေါ် လာတယ်လို့ သိရပါတယ်။ ကျွန်တော်ပြောတဲ့ အမှောင်ခေတ် အလွန် အရူးခေတ်ရဲ့ ရယ်မောစရာ အကောင်းဆုံး ဟာသပြက်လုံး တစ်ခုပါပဲ။ ဒါဟာ ကျွန်တော့်ကို လုပ်ကြံ တိုက်ခိုက်မှု အသစ်တစ်ခု ဖန်တီးလိုက်တာလို့လည်း ယူဆမိပါတယ်။" ဟု ရေးသား ဖော်ပြထားသည်။

စာရေးသူ အောင်ရင်ငြိမ်းကို မဇ္ဈိမသတင်းစာမှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိုင်ဆောင်သည့် တယ်လီဖုန်း ပိတ်ထားခြင်းကြောင့် ဆက်သွယ်မှု မရရှိခဲ့ပေ။ အောင်ရင်ငြိမ်း ၏ ရိုမန်ဘော့တ်တွေရဲ့ကမ္ဘာ စာအုပ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရာဇသတ်ကြီးပုဒ်မ ၂၉၂၊ ၂၉၃ ညစ်ညမ်း စာပေရေးသား ထုတ်ဝေမှုနှင့် တရားစွဲဆို အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

အောင်ရင်ငြိမ်း၏ စာအုပ်ကို ၂ဝ၁၄ ခုနှစ်ဇွန်လတွင် လူငယ်တစ်ယောက်စာပေမှ ပထမဆုံး အကြိမ် ရိုက်နှိပ်ကာ ပင်လယ်သစ် စာပေမှ မြန်မာတစ်နိုင်ငံလုံးသို့ တစ်အုပ်လျှင် ၂၅ဝဝ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်ဝေဖြန့်ချိခဲ့ခြင်းဖြစ်သည်။

HAY KAUNG AUNG YIB NYEIN,, MIN AMAY MIN LOO LIKE PER LAH,,KALR LEE KO SOTE NAY DA AKUNG BAE... NEXT TIME IF YOU READ ..HOW TO RESPOND YOUR BADY.. CARE YOUR ALIVE..THIS IS LAST WARNING,,,, DO YOU KNOW CEMETARY?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်