Subscribe to our RSS Feed

MPC အထောက်အပံ့ယူထားတဲ့ The Voice နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်ရဲ့သား ဦးသောင်းစုငြိမ်း ပိုင်ဆိုင်တဲ့ 7 Day အကြောင်း သံတော်ဆင့်ဖွင့်ချ

From : .. https://www.facebook.com/MyanmarMediaWatch

မကြာသေးခင် ရက်ပိုင်းအတွင်းက အစိုးရ အုပ်ချုပ်ရေး ထိပ်ပိုင်းခေါင်းဆောင် ၀န်ကြီးအချို့ အရွှေ့ အပြောင်းများ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်တွင်းပြည်ပ မီဒီယာများအတွင်း မျိုးစုံသော ရေးသားချက်များ ပေါ်ထွက်လာခဲ့သလို အဆိုပါ ရေးသားချက်များနဲ့အတူ ၎င်းတို့၏ ခံယူချက်၊ ရပ်တည်ချက် များမှာလည်း ဘူးပေါ်သလို ပေါ်လာခဲ့ပါတယ်။

အဆိုပါ ၀န်ကြီး အပြောင်းအလဲဆိုသည်မှာ သာသနာရေး ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ဆိုလိုပြီး ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဦးဆန်းဆင့်ကို ဖမ်းဆီး အရေးယူခြင်းဟာ လက်ရှိ အမှုဖွင့်ခံထားရတဲ့ ငွေအလွဲသုံးစာမှုနဲ့ မဟာသန္တိသုခ ကျောင်းတော်ကိစ္စ ပါဝင်တယ်လို့ ပြောထားသလို တခြားသော ကိစ္စတွေကြောင့်လည်း ပါတယ်လို့သာ ဖြေကြားထားတာ ရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန် ပါလို့ ဆိုထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ ပြည်တွင်းထုတ် ဂျာနယ်နဲ့ သတင်းစာတွေမှာတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ရေးကြတဲ့နေရာမှာ အစိုးရ အာဘော်ကဲပြီး ရေးသားသူတွေရှိသလို မီဒီယာသမားပီပီ ကြားနေရေးတဲ့သူတွေ ရှိပါတယ်။ ဒီထဲမှာ အစိုးရအာဘော်ကို တိုက်ရိုက် ထင်ဟပ်စေတဲ့ ရေးသားမှုတွေကို ပြပါဆိုရင် ဇွန် ၂၁ ရက်ထုတ် ဒီမို ကရေစီ တူဒေး သတင်းစာ၏ အယ်ဒီတာ့ အာဘော်ကို ““ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး အတွက်ဆိုလျှင်”” ခေါင်းစဉ်နဲ့ ရေးသားတဲ့နေရာမှာ ““နိုင်ငံတော်သမ္မတရုံး၏ အမိန့်စာအမှတ် ၁၂/၂၀၁၄ ဖြင့် ပြည်ထောင်စုဝန်ကြီး တစ်ဦးအား တာဝန်မှ ရပ်စဲလိုက်ခြင်းသည် နိုင်ငံတော် သမ္မတ၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရ ဖြစ်ရေးအတွက် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ချက် တစ်ရပ်ဟု သုံးသပ်မိသည်””ဟု ဖော်ပြထားသည်။

အယ်ဒီတာ့ အာဘော်အရဆိုရင် လက်ရှိ အမှုဖွင့် တိုင်တန်းခံထားရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို သူဟာ အပြစ်ရှိတယ်။ ဒါဟာ သမ္မတရဲ့ ပွင့်လင်းမြင်သာတဲ့ ဆောင်ရွက်ချက်ဆိုတာကို တိုက်ရိုက်ကြီး ထောက်ခံ ရေးသားလိုက်တာပါပဲ။

ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် စာနယ်ဇင်း ကျင့်ဝတ်အရ အမှုဖွင့်ထားသော်လည်း ပြစ်မှု မထင်ရှားသရွေ့ တရားခံဟု သုံးနှုန်း၍ မရသလို ဒါဟာ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘက်လိုက် ရေးသားလို့ မရပါဘူး။ အခုလိုမျိုး ဒီမိုကရေစီတူဒေးရဲ့ ရေးသားချက်အရဆိုရင် တရားရုံးကို မထီမဲ့မြင် ပြုမှုနဲ့တောင် ပြန်ပြီး တရားစွဲ ခံနိုင်လောက်တဲ့ ရေးသားမှုပါ။

““တို့နိုင်ငံမှာ အရိုးစွဲနေတာက လူတွေက အမှုဖြစ်ပြီဆိုရင် တရားခံလို့ သုံးနေကြတယ်။ တကယ်တမ်းက သူများနိုင်ငံမှာ တရားခံလို့မသုံးဘူး။ Defender Criminal လို့သုံးတယ်။ ဆိုလိုတာက ပြစ်မှုတရားပြိုင်လို့လည်း သုံးတယ်။ တို့နိုင်ငံမှာတော့ ရုံးတော် ရောက်ပြီဆိုရင် တရားခံလို့ သုံးတယ်။ ဒါက အခြေခံအားဖြင့် ပြင်သင့်တဲ့၊ သတိမေ့လျော့နေတဲ့ တရားရေး အားနည်းချက်ပေါ့။ အခုလို သန္တိသုခ အကြမ်းဖက်မှုကြောင့် ဦးဆန်းဆင့်ကို ဖမ်းတယ်ဆိုရင် ဦးအံ့မောင်ကျတော့ သတင်းစာ ရှင်းလင်းပွဲမှာ ပြင်းပြင်းထန်ထန် အသုံးအနှုန်းတွေနဲ့ ပြောတဲ့ကိစ္စအတွက်ကိုသာ မကြာခင်ဖမ်းတော့မှာမို့လို့ ရှေ့ပြေးနိမိတ်နဲ့ သုံးနေတာလား။ အဲဒီတော့ ဦးဆန်းဆင့်က ဘာလုပ်ခဲ့လို့လဲ။ သိန်း ၁၀၀ ဆိုတာ ဒီခေတ်မှာ ၀န်ကြီးမပြောနဲ့၊ ဗိုလ်မှူး အဆင့်နဲ့တောင် ဒါတွေက အမြောက်အမြား တွေ့လာနိုင်တဲ့ အခြေအနေတွေပဲ။ ဦးဆန်းဆင့် အလိုရှိရင် အမှုလိုက် ပေးချင်တယ်။ လူတစ်ယောက်အချုပ်ထဲ ရောက်သွားတာနဲ့ မျက်ကွယ်မှာ ခုခံချေပခွင့် မရနိုင်တဲ့ အခြေအနေမှာ စွပ်စွဲချက်တွေ ပြုလုပ်တာကတော့ အရမ်းဝမ်းနည်းပါတယ်။ မသင့်လျော်ပါဘူး။ တရားရေးမဏ္ဍိုင်က ဘာမှန်း မသိသေးဘူး။ သူဟာ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ လုပ်စဉ် တုန်းကလည်း ပြည်သူတွေဘက်က ရပ်တည် ခဲ့လို့ ပြည်သူတွေက သူ့ကို အရွှေ့အပြောင်း လုပ်စဉ်တုန်းက ပြန်ထားပေးပါလို့ လူထုဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ခဲ့သေးတယ်။ ဒီလူတစ်ယောက်က သိန်း ၁၀၀ ပြဿနာမှာ ဘာမှန်းကို မသိရသေးတဲ့ အခြေအနေပါ။ အဲဒီအခြေအနေမှာ ရေးတာက မကောင်းဘူးလို့ မြင်တယ်”” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က သုံးသပ်ထားပါတယ်။

ဒီမိုကရေစီတူဒေး သတင်းစာရဲ့ နောက်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အစိုးရနဲ့ နီးစပ်သူလို့ နာမည်ထွက်တဲ့ Sky Net ရုပ်သံလိုင်းနဲ့ ပတ်သက် ဆက်နွှယ်မှု ရှိနေသလို Sky Net ဆိုတာကလည်း ပြည်တွင်းက ရုပ်သံ ထုတ်လွှင့်မှု စီးပွားရေးကို လက်ဝါးကြီး အုပ်ယူထားတဲ့ သူတွေပါပဲ။ ဒီမိုကရေစီတူဒေး သတင်းစာကို ထုတ်ဝေ ဖြန့်ချိဖို့အတွက် Sky Net က အရင့်အရင်က စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ပလဲနံပသင့် မီဒီယာဖြစ်တဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်က ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) နဲ့ပေါင်းပြီး ကျပ်သိန်းပေါင်း ၁၀၀၀၀ အရှုံးခံထုတ် မယ်လို့လည်း သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဈေးကွက်အတွင်းကိုလည်း ဘယ်ဂျာနယ်၊ ဘယ်သတင်းစာကမှ မရောင်းချနိုင်တဲ့ ဈေးနဲ့ဖြန့်ချိပြီး သမ္မတရုံး ၀န်ကြီးတွေ အာဘော် အများစုကဲတဲ့ သတင်းတွေနဲ့ ထိုးဖောက် လာခဲ့တာပါ။

ငွေကြေး အကုန်အကျခံပြီး နောက်ကွယ်ကနေ ထုတ်ဝေပေးတဲ့ Sky Net ရုပ်သံလိုင်းကို ကြည့်မယ်ဆိုရင်လည်း လတ်တလော ကမ္ဘာ့ဖလား ဘောလုံးပွဲ ပြသခွင့်အတွက် လက်ဝါးကြီး အုပ်ထားတာကြောင့် ၀ိုင်းဝန် ကန့်ကွက်သံတွေ ညံပြီး ထိုးနှက်ကြလို့ မဆိုသလောက် ပွဲစဉ်တွေကို အခမဲ့ အစိုးရ ရုပ်သံလိုင်းက ပြဖို့ ကမန်းကတန်း စီစဉ်ခဲ့ရတာပါ။ ဒါတင်လား မဟုတ်ပါဘူး။ ထိုင်းနိုင်ငံက ရုပ်သံလိုင်းတိုင်းမှာ အခမဲ့ ပြသ ပေးနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့ လေးပေစလောင်းတွေကို ကျပ်လေးသောင်း နဲ့ဝယ်ယူပြီး ကြည့်ရှုကြလို့ သူ့စီးပွားရေး တွက်ခြေ မကိုက်တာကို အကြောင်းပြုပြီး တော့လည်း ဇွန် ၂၀ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာ၌ပင် ““အစ္စလာမ် ဘာသာရေးဆိုင်ရာ ရုပ်သံလိုင်းများ ထည့်သွင်း ကြော်ငြာ ထားသည့် တရားမ၀င် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ ကျယ်ပြန့်လာ”” ခေါင်းစဉ်ဖြင့်လည်း ဖော်ပြ ထားပြန်သေးသည်။

ဘာသာရေးကို ခုတုံးလုပ် သတင်းဖော်ပြထားတဲ့အပြင် IPM နဲ့ PSI လေးပေ စလောင်းတွေမှာ တရားမ၀င် နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားမှုတွေကို ပြည်သူတွေ ပိုမို စိတ်ဝင်စားစေနိုင်တဲ့ ရုပ်သံလိုင်းနဲ့ လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေတဲ့ ရုပ်သံလိုင်းတွေလည်း ပါဝင်တယ်လို့ ရေးသား ထားပြန်ပါတယ်။ တကယ်ဆိုရင် လေးပေစလောင်းတွေ မြန်မာပြည်မှာ ရှိနေတာ ၁၀ စုနှစ် တစ်ခုမကတော့ပါဘူး။ ဒါပေမဲ့လည်း အခုအချိန်အခါ ကျမှ ဘာသာရေးကို ခုတုံးလုပ်၊ အပုပ်ချရေးသားမှုကို ကြည့်မယ်ဆိုရင် မိမိရဲ့ ကိုယ်ကျိုးစီးပွား ထိခိုက်လာတဲ့ အပေါ် မလိုမုန်းထားစိတ်နဲ့ ထိုးနှက် တိုက်ခိုက်တာလို့ ကောက်ချက် ချနိုင်ပါတယ်။

မီဒီယာတွေ အနေနဲ့လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာမှာတော့ တကယ့်အဖြစ်အမှန်၊ အခြေအအနေအမှန်ကို ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိအောင် ဖော်ပြပေးဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ အစိုးရမီဒီယာတွေ ရှိသလို ပုဂ္ဂလိက မီဒီယာတွေရှိတယ်။ တချို့ ပုဂ္ဂလိက မီဒီယာတွေမှာလည်း အစိုးရရဲ့ သဘောထားကို ထင်ဟပ်စေတဲ့ အကြောင်းအရာတွေ ဖော်ပြတာလည်း ရှိတော့ ဘယ်သူက ဘာဆိုတာကိုလည်း ပရိသတ်က ရှင်းရှင်း လင်းလင်း သိပါတယ်။ ကျွန်တော်တို့ ရွှေသံလွင်ကိစ္စ၊ Sky Net ကိစ္စ ဆိုတာထက် လူတွေက အများအပြား မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ ပတ်သက်လို့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင် နေတဲ့ အခြေအနေမျိုးတိုင်းမှာ ဘာသာရေးကိစ္စ တစ်ခုမဟုတ်တစ်ခု၊ ပြီးတော့ နိုင်ငံရေးအတွက် ရောယှက်ပြီး တော့ လုပ်တာမျိုးတွေကတော့ မကောင်းပါဘူး။ ဒါ Sky Net မှ မဟုတ်ပါဘူး။ အများပြည်သူကတော့ သူတို့ အနေနဲ့ သူသိချင် လိုချင်တဲ့ အချက်အလက်အပေါ်မှာ တစ်ဦးတစ်ယောက်ထဲက လွှမ်းမိုး ချုပ်ကိုင်ပြီးတော့ ဒါကိုပဲ ဒီဈေးနဲ့ ပေးရမယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာပြည်သူ လူထုကလည်း ဘယ်ဟာက အဆိပ် အတောက်၊ ဘယ်ဟာက အကောင်းအမွန်ဆိုတာ သိနိုင်ပါတယ်။ ကမ္ဘာ့ဖလားပွဲကို လွယ်လွယ် ကူကူ ကြည့်ချင်လို့ အဲဒါကို ရွေးချယ်ခြင်းသာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့ဖလားကို ကြည့်ရှုခွင့် ရချင်တာ အဓိကပဲလေ။ ကမ္ဘာ့ဖလားပွဲကို ကြည့်ရှုခွင့်ရတာနဲ့ အလွယ်တကူ သွတ်သွင်းလို့ ရတယ်ဆိုတာ ပရိသတ်ကို အထင်သေးရာ ရောက်ပါတယ်””ဟု Eleven Meida က အယ်ဒီတာချုပ် ဦးဝေဖြိုးက သုံးသပ် ထားပါတယ်။

ဒါ့အပြင် Sky Net ရုပ်သံလိုင်းမှာ သူတို့ ဖော်ပြလိုတဲ့ အကြောင်းအရာကိုသာ ဖော်ပြလေ့ရှိတဲ့ သာဓကတွေ လည်း ရှိခဲ့ပါသေးတယ်။ လွှတ်တော်ချန်နယ်နဲ့ Sky Net Up to Date ချန်နယ်တွေမှာ မတ်လ ၂၆ရက်နေ့က လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာသံတော်ဆင့်က မေးမြန်းမှု၊ လွှတ်တော် နာယက ဖြေကြားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား မှတ်ချက်ပြုမှုတွေကို ထုတ်လွှင့်မပေးဘဲ ချန်လှပ်ခဲ့တာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။

Sky Net ရုပ်သံလိုင်းအတွက်လည်း အကျိုးအမြတ် ပေါင်းများစွာရယူပြီး နိုင်ငံတော်ကို မဖြစ်စလောက် အခွန်ပေးဆောင်ကြောင်းကိုလည်း ပြည်တွင်းမီဒီယာက ဖော်ထုတ်ရေးသားပြီး ဖြစ်ကြသလို လက်ရှိ အချိန်မှလည်း Sky Net ဟာ ရုပ်သံထုတ်လွှင့်မှုကနေတစ်ဆင့် အကျိုးအမြတ်များစွာ ရရှိနေတယ်ဆိုတာ ငြင်းလို့ မရတဲ့ အချက်တစ်ခုပါ။

ငွေအလွဲသုံးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးခံနေရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်နဲ့ ပတ်သက် လို့လည်း ဇွန်လ ၂၃ ရက်နေ့ထုတ် The Voice သတင်းစာ၌လည်း ““ဦးဆန်းဆင့်ကို ငွေကြေးအလွဲသုံးစားမှု၊ သန္တိသုခကျောင်းတိုက် သိမ်းမှုများကြောင့် ရာထူးမှ ထုတ်ပယ်၍ တရားစွဲဟု အစိုးရထုတ်ပြန်””ဟု ဖော်ပြထားပါ တယ်။ ဒါပေမဲ့ အဲဒီသတင်းမှာပဲ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ဖြေကြားထားတာက ““သာသနာရေး ၀န်ကြီးဌာန အနေနဲ့ လုပ်ရမှာရှိတယ်။ အစိုးရအနေနဲ့ လုပ်ရမှာရှိတယ်။ အဲဒါတွေ ပျက်ယွင်းတဲ့အတွက် ခုလို လုပ်ရတာဖြစ်တယ်။ အခု အမှုဖွင့်ထားတာက အကြောင်းခြင်းရာတွေထဲက တစ်ခုပဲ ရှိပါသေးတယ်။ ကျန်တာတွေကို ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့အတွက် လောလောဆယ်မှာ ထုတ်ပြောလို့ မရသေးဘူး”” လို့ပါ။ သန္တိသုခ ကျောင်းသိမ်းမှုဆိုတဲ့ စကားလုံး တစ်လုံးမှ ပါဝင်ခဲ့တာ မရှိပါဘူး။

The Voice သတင်းစာဟာ အစိုးရအဖွဲ့၏ အာဘော်များအား စဉ်ဆက်မပြတ် ဆိုသလို ဖော်ပြလေ့ရှိသည့် သတင်းစာအဖြစ် ရှုမြင်သုံးသပ်မှုတွေရှိသလို ငြိမ်းချမ်းရေးစင်တာ (MPC)နဲ့နီးစပ်တဲ့ မီဒီယာတစ်ခုအဖြစ် ပြောဆို ခံနေရတဲ့ မီဒီယာလည်း ဖြစ်ပါတယ်။ အခုလို စွပ်စွဲခံရတာဟာ ဘာကြောင့်လဲဆိုရင် The Voice နဲ့ နီးစပ်သူ မြန်မာအီးဂရက်စ် တည်ထောင်သူတချို့ဟာ အခုဆိုရင် MPC ရဲ့လူကြီးတွေ ဖြစ်နေတာကြောင့်ဖြစ်ပြီး အစိုးရနဲ့ MPC ရဲ့ မှားယွင်း ချွတ်ချော်တဲ့ လုပ်ရပ်နဲ့ ပြောဆိုမှု တွေကို The Voice က ကာကွယ် ရေးသားလေ့ ရှိတတ် တာကြောင့်ပါ။

ဒါတင်လား မဟုတ်ပါဘူး။ အရင်စစ်အစိုးရ လက်ထက် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်ရဲ့သား ဦးသောင်းစုငြိမ်း ပိုင်ဆိုင်တဲ့ 7 Day Daily သတင်းစာကလည်း မြန်မာသံတော်ဆင့်ဟာ အခုလက်ရှိ ငွေ အလွဲသုံးစားမှုနဲ့ တရားစွဲခံထားရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ပိုင်ဆိုင်တဲ့ ဂျာနယ်ပုံစံမျိုးဖြစ်အောင် ရေးသားခဲ့ပြန် ပါသေးတယ်။ မြန်မာသံတော်ဆင့်ဟာ မိမိနဲ့ မပတ်သက်ပါဘူးလို့ ကာယကံရှင် ဦးဆန်းဆင့် ကိုယ်တိုင် ပြောဆို ထားပေမယ့်လည်း ဂျာနယ်ကို ဦးဆန်းဆင့် ပိုင်ဆိုင်ပါတယ် ဆိုတာကို ရေးသားနေခြင်းဟာ တကယ်တမ်း တရားရုံးစကားနဲ့ ပြောရရင် ““ဆွဲချ””နေတာပါပဲ။ တကယ်တမ်း ပြောရရင် ဘယ်သူက အစိုးရနဲ့ နီးစပ်သူဆိုတာ စာဖတ်ပရိသတ်တွေတောင် သိကြပါတယ်။

““သူတို့ရဲ့ ထင်မြင်ချက်ကို ရေးတာဟာ မရေးသင့်ဘူးလို့ ထင်တယ်။ လူတစ်ယောက် နိမ့်ကျတဲ့အချိန်။ ရေးလို့ တော့ ရတယ်။ ဒါပေမဲ့ မကောင်းဘူးပေါ့။ ””ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်ထားပါတယ်။

Eleven Media က အယ်ဒီတာချုပ် ဦးဝေဖြိုးကလည်း ““အဓိကကတော့ ယခုကာလမှာ ဘာပဲဖြစ်ဖြစ် မီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ တစ်ဖက်ကတော့ အများပြည်သူကို မှန်ကန်တဲ့ အချက်အလက် အမှန်ပေးဖို့ပါ။ ဦးဆန်းဆင့် ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်လည်း ပြောခဲ့ပြီးပါပြီ။ အစိုးရသစ် လက်ထက်မှာ အဂတိ လိုက်စားမှု ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အခု ဦးဆန်းဆင့်ကို သိန်း ၁၀၀ ၀န်းကျင် လောက်ပေါ့လေ။ အလွဲသုံးစား လုပ်တယ်ဆိုပြီး အကြောင်းပြထားတာလည်း တွေ့ပါတယ်။ ဒီလိုကိစ္စရပ်တွေနဲ့ အရေးယူတယ်လို့ သူတို့ တရားဝင် ပြောကြားချက်အရ သိရတယ်။ တရားဝင် ပြောကြားချက်အရ ဦးဆန်းဆင့်က တကယ်တော့ သာသနာရေး ၀န်ကြီးဌာနဆိုတာ ၀န်ကြီးဌာန အနေအထားအရ မြန်မာနိုင်ငံမှာရှိတဲ့ အခြားဝန်ကြီးဌာနတွေရဲ့ လုပ်ပိုင်ခွင့် အနေအထားနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်၊ လုပ်ဆောင်ခွင့်ကော၊ နိုင်ငံတကာ ကူးလူး ဆက်ဆံတာကော အများကြီးမရှိပါဘူး။ ဒီလိုဝန်ကြီးဌာနမှာ ရှိတဲ့ ပြည်ထောင်စု ၀န်ကြီးတစ်ယောက်ရဲ့ အနေအထားကို အခုလိုမျိုး ထုတ်ဖော်လာပြီ ဆိုတဲ့အခါကျတော့ သမ္မတအပါအ၀င် အစိုးရရဲ့ ကျန်တဲ့ အစိုးရအဖွဲ့ အတွင်းရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အများပြည်သူ အမြဲတမ်း စိတ်ဝင်စားနေတာက လာဘ်ပေးလာဘ်ယူ ကိစ္စရပ်ပါပဲ”” ဟု သုံးသပ်ပါတယ်။

သို့သော် လက်ရှိတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်နှင့် ပတ်သက်လို့ မီဒီယာ တွေက ရေးသားကြတဲ့ အချိန်မှာ ဘယ်ဘက်က ရပ်တည်ပြီး ရေးသားနေကြတယ်ဆိုတာ အထင်းသား ပေါ်နေပါပြီ။ ထိုင်းနိုင်ငံ၊ ချင်းမိုင် အခြေစိုက် ဧရာဝတီ သတင်းဌာနကတော့ ဦးဆန်းဆင့်ကို ဖမ်းဆီးခြင်းဟာ ခြစားမှု တိုက်ဖျက်တာ မဟုတ်ဘဲ နိုင်ငံရေးအရ လက်ဦးမှု ရယူခြင်းလို့သာ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။ ဦးဆန်းဆင့်ဟာ အစိုးရ ၀န်ကြီးဌာနတွေရဲ့ ခြစားမှုတွေကို သိတယ်လို့ တရားဝင်ထုတ် ပြောခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိ အစိုးရအဖွဲ့ အတွင်း ခြစားမှုအနည်းဆုံး ၀န်ကြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဦးဆန်းဆင့်ကို ငွေကျပ် ၇၂ သိန်းပေးသွင်းဖို့ ကျန်လို့ တရားစွဲဆိုထားတာဟာလည်း လူရယ်စရာ ဖြစ်တယ်လို့ ဧရာဝတီရဲ့ အယ်ဒီတာ့ အာဘော်က ဆိုထားပါတယ်။

Eleven Meida က အယ်ဒီတာချုပ် ဦးဝေဖြိုး သုံးသပ်ထားသလို လက်ရှိ ပုဂ္ဂလိက မီဒီယာတွေ ရှိလာ ပေမယ့်လည်း ဘယ်သူဟာ ဘယ်သူဆိုတာကို အများလည်း သိပြီးသားပါ။ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်နဲ့ ပတ်သက်လို့ အစိုးရဘက်က တိကျရေရာတဲ့ ထုတ်ပြန်ချက်၊ ပြောကြားချက်တွေ မရှိခင် အချိန်ကတည်းက ဦးဆန်းဆင့်ဟာ အပြစ်ရှိသူလို့ စွပ်စွဲ ရေးသားနေကြတဲ့ မီဒီယာတွေဟာ ဘာနဲ့ တူသလဲဆိုရင် တရားရုံး စကားအရဆိုရင် ““ဆွဲချ”” တွေနဲ့ တူနေပါပြီ။ စာနယ်ဇင်း ကျင့်ဝတ်အရ ပြစ်မှု မထင်ရှားသေးသူကို တရားခံလို သဘောထားပြီး ရေးသားကြ၊ အပြစ်ရှိသူသဖွယ် ထိုးနှက်ကြနဲ့ သူတို့ရဲ့ အကျိုးစီးပွားက ဘာလဲလို့ မေးခွန်း ထုတ်ရတော့မှာပါ။

မည်သို့ပင်ဖြစ်စေ သာသနာရေးဝန်ကြီး ဦးဆန်းဆင့် တရားစွဲဆိုခံရမှုအပေါ် အခြေခံပြီး ဘယ်သတင်းစာ၊ ဘယ်ဂျာနယ်ကတော့ အစိုးရရဲ့ အာဘော်ကို အဓိကထား ဖော်ပြနေတယ် ဆိုတာကတော့ ဘူးပေါ်သလို ပေါ်ခဲ့ပါပြီ။

 .. www.MyanmarExpress.net
 

1 comments:

မဆလ...နဝတ...ကဆင်းသက်​လာတဲ့သူ​တွေအားလုံးသူခိုး​တွေချည်းပါဘဲး..သူခိုးကြီးနဲ့သူခို​လေးပဲးကွာတာ..
အားလံုးကို​မေးကြည့်​ပါ.....အစစ်​ခံရဲးလားလို့.....ဝန်​ထမ်း​တွေထဲးမှာဆို..ချစားမူအများဆုံးက.......
..စည်​ပင်​သာယာဖြစ်​ပါတယ်​......
စည်​ပင်​သာယာနဲ့ပက်​သက်​ပြီး​ပြေားမယ်​ဆိုရင်​တ​ထောင့်​တညပုံပြင်​လိုအများကြီးပဲး....စ.စ.စ...ကဝင်​ပြီးစစ်​​ဆေးသင့်​ပါပြီ......father.land...mother land.....naing.groud.....ရတနာမြိုင်​....​နောက်​အများကြီးရှိ​သေးတယ်​..အကုန်​လံုးမွတ်​ဆလင်​ကုလားများပိုင်​ဆိုင်​ထား​သေား​ဆောက်​လုပ်​​ရေးကုမ္မဏီမျာဟါ
စည်​ပင်​နဲ့​ပေါင်းပြီးလုပ်​စား​နေတာကြာပါပြီ.
အခုလည်းစည်​ပင်​သာယာမြို့​တော်​ခန်းမကိုသွားကြည့်​လိုက်​ပါ...ကုလား​တွေနဲ့ကြ​တော့..မူလဂျီ..သူလဂျီ..လာဒ်​စားပြီးအဆင်ြေ​ပ​နေတာ​တွေ့ရပါမယ်​...တချို့ကုလား​တွေဆိုလာစရာ​တောင်​မလိုဘဲး​အော်​တိုမစ်​တစ်​အိမ်​အ​ရောက်​စနစ်​နဲ့..စ​နေ..တနဂ်​​နွေ​နေ့မှာပါအလုပ်​မပြက်​ကြပါ..​ပုံမှန်​သွားတဲ့သူဆိုရင်​​တော့..မနက်​လာည​နေမှပြန်​ဘဲး..​ဟိုလူမရှိ​သေးလို..ဒီလူမ​ရောက်​​သေးလို့..ဟိုတ​ယောက်​ကအစည်းအ​ဝေးသွား​နေလို့..လို့​တွေ...လို့​တွေ..နဲ့..အခန်းထဲးမှာလူ​တွေပြည့်​ကြပ်​ပြီးသိခံ​စောင်​​နေရ​လေရဲ့.....
အော်​..မြန်​မာပြည်​ရဲ့စည်​ပင်.....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်