Subscribe to our RSS Feed

လူငယ်နှင့် အမျိုးသမီးကို ဦးစားပေးမည့် ပေါ်လစီကြောင့် ၅၂ နှစ်အရွယ် အမျိုးသား ကိုကိုကြီး NLD ပါတီဝင်ဖို့ စဉ်းစားရခက်နေ

From : .. 7day

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၌ ရှိသင့်သည့် ပညာအရည်အချင်းနှင့် အတွေ့အကြုံ၊ အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသားဖြစ်မှုတို့အပေါ် အဓိကထား ရွေးချယ်သွားမည်ဟု ဇွန်လ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ထားသည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှနေ၍ ရွေးကောက်ပွဲဝင်မည်ဟု သတင်းများထွက်နေသည်မှာ မှန်ပါသလားဟု 7 Day Daily က ဦးကိုကိုကြီးကို ဇွန်လ ၂၄ ရက်တွင်မေးမြန်းခဲ့ရာ ဦးကိုကိုကြီးက ယခုအချိန်ထိ ဘာမှမဆုံးဖြတ်ရသေးပါဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်၊ မဝင်အပေါ် မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်  ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက 7 Day Daily အား ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပါတီဝင်မဟုတ်သော်လည်း ဖြစ်နိုင်ပြီး ရွေးချယ်ရေးမူဝါဒများ နှင့် ကိုက်ညီပါက လက်ခံမည်သာဖြစ်သည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။

ဦးကိုကိုကြီးကို ရွေးချယ်ရန်အတွက်လည်း ‘‘မည်သည့်ပြဿ နာမှမရှိဘဲ ဘယ်သူရယ် ဘယ်ဝါရယ် ဟိုအဖွဲ့အစည်းက လှမ်းခေါ်တယ်ဆိုတာမျိုးမရှိပါဘူး။ အဓိက ပါတီရဲ့ရွေးချယ်ရေးမူဝါနဲ့ကိုက်ဖို့ပဲလိုပါတယ်’’ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်အချို့သည် လွှတ်တော်နိုင်ငံရေး လမ်းကြောင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး အချို့ကအဖွဲ့အစည်းအနေဖြင့် ဆက်လက်လှုပ်ရှားမည်ဟု ပြောကြားထားသော်လည်း မည်သည့်ခေါင်းဆောင်များက နိုင်ငံရေးလုပ်မည်ကိုမူ ယနေ့အချိန်ထိ ပြောကြားခြင်း မရှိသေးပေ။

နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ထားသည့်သူများအနေဖြင့် သီးသန့်ပါတီတစ်ခုထောင်ရန် အစီအစဉ်(သို့မဟုတ်)ရှိပြီးသားပါတီတစ်ခုမှပင် ရွေးကောက်ပွဲဝင်ရန် ရွေးချယ်မည်လားဆိုသည်ကို စဉ်းစားနေသော်လည်း မဆုံးဖြတ်ရသေးကြောင်း ဧပြီလအတွင်းက 7 Day News Journal နှင့် သီးသန့် တွေ့ဆုံမှုတွင်လည်း ဦးကိုကိုကြီးကပြောကြားထားသည်။

လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကိုသာ အတွေ့အကြုံမရှိသည့် ၈၈ မျိုးဆက်များ ဝင်ရောက်လာလျှင် အစိုးရအဖွဲ့၊ အတိုက်အခံပါတီအားလုံးနှင့် ကမောက်ကမ ဖြစ်လာမည့် အန္တရာယ်ရှိကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောကြားထားသည်။
 

.. www.MyanmarExpress.net
 

3 comments:

ဘာ ၀ င်​ ရှု ပ်​ ကြ မ လို့ လဲ တို့ အ ဘေ တွ သူ့ ဘာ သာ စားေ ကာ င်းေ န တာ ကို

၈၈ တစ်ဖွဲ့လုံးဘာမှသိတာမဟုတ်ဘူးကွ

၈၈ ဆိုတာဘယ်ကောင်မှမကောင်းသလို
ဘာမှလဲမကောင်စဘူးနော်
ကောင်းတာတစ်ခုက ၂ လုံးထိုးဖို့ဘဲ
အာစရာမလိုလို့ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်