Subscribe to our RSS Feed

ခေါက်ဆွဲတောင်းစားရာမှ ပြသနာတက်ပြီး လူမြင်ကွင်းတွင် ရင်ဘက်ကိုခွဲကာ နှလုံးကိုထုတ်ယူခံရသူသေဆုံး

From : .. miror

ခေါက်ဆွဲတောင်းစားရာမှ ပြသနာဖြစ်ကာ လူနှစ်ဦးအခြေအတင်စကားများရန်ဖြစ်ကြပြီး ခေါက်ဆွဲတောင်းစားသူမှ ဒေါသကိုမထိန်းနိုင်တော့ဘဲ သူ့အားခေါက်ဆွဲမကျွေးသူကို လူမြင်ကွင်းတွင်ပင် ဓားဖြင့် ထိုသူ၏ရင်ဘတ်ကို ခွဲကာ လှုပ်ရှားဆဲနှလုံးကိုဆွဲထုတ်ကာသတ်ဖြတ်ခဲ့သည့် မှုခင်းတစ်ခုတရုတ်နိုင်ငံ ဟူဘီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှီဇူ အရပ်တွင်ဖြစ်ပွားခဲ့ပါတယ်။


အသက် ၂၉ နှစ်အရွယ် ဘိုတန် ဆိုသူဟာ ဒေါသအလျောက်ယခုကဲ့သို့ လူမြင်ကွင်းတွင် လူတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အသက် ၄၉ အရွယ်ရှိပြီဖြစ်သော သေဆုံးသူ ရူလယို ဟာ သူ၏စားလက်စ ခေါက်ဆွဲကို ဘိုတန် အားမျှဝေပေးရန် ငြင်းဆန်ခဲ့ပြီးနောက် သူတို့နှစ်ဦး ပြသနာတက်ကာ စကားများခဲ့ကြပြီးအပြန်အလှန်အော်ဟစ်ပြောဆိုမှုများဖြစ်ပြီးနောက် ဘိုတန် ကဒေါသအလျောက် အနီးတွင်ရှိ သော ဓါးတစ်ချောင်းကိုယူကာ ရူလယို ၏လည်းပင်းကိုလှီးဖြတ်ပစ်ခဲ့သည်။ သူတို့နှစ်ဦး၏ သွေးထွက်သံယို ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသူတစ်ဦးက "အဖြစ်အပျက်က လုံးဝကိုသွေးထွက်သံယိုနဲ
ကြောက်ဖွယ်ကောင်းလှပါတယ်၊ ကျွန်မဆိုရင် ကြောက်လန့်တုန်လှုန့်ပြီး အဖြစ်အပျက်ကိုဓါတ်ပုံရိုက်ကူးမှတ်တမ်းတင်ဖို့တောင်အပြုလုပ်ရဲခဲ့ပါဘူး" ဟုသူ၏အတွေ့အကြုံကိုပြောပြသည်။ "ဘိုတန်က ရူလယိုရဲ့ လည်းပင်းကိုဓါးနဲ့လှီးလိုက်ပြီးတော့ ဗိုက်ကို ဆန်အိတ်ခွဲသလို ထက်ခြမ်းခွဲလိုက်ပြီး နှလုံးကို ကျွန်မတို့အားလုံးရှေ့မှာပဲ ဆွဲထုတ်လိုက်တယ်။ ကျွန်မ သေချာပြောရဲတယ် အဲ့ဒီနှလုံးဟာ ခုန်နေတုန်းပဲ၊ အဲ့ဒီအဖြစ်အပျက်ကိုမြင်တွေ့လိုက်ရသူတွေအားလုံး ကြောက်လန့်ပြီး ခြေမကိုင်မီ လက်မကိုင်မိဖြစ်နေကြတာ၊ ကျွန်မဆိုခုချိန်ထိ မျက်လုံးမှိတ်လိုက်ရင်တောင် အဲ့ဒီ အဖြစ်အပျက်တွေကိုပြန်မြင်နေရတုန်းပဲ" ဟု သွေးထွက်သံယိုသတ်ဖြတ်မှုနှင့်ပတ်သက်ပြီးမျက်မြင်တွေ့ရှိသူကဖြည့်စွက်ပြောကြားခဲ့သည်။ သူမ၏ပြောကြားချက်အရ ဘိုတန်ဟာ ရူလယို၏ နှလုံးကိုဆွဲထုတ်ပြီး သူ၏လက်ဖြင့်ကိုင်ကာ အခင်းဖြစ်ပွားရာနေရာအနီးမှာပင် ပါးစပ်ဖြင့်ကိုက်စားနေခဲ့ပြီး ထွက်ပြေးရန်ကြိုးပမ်းခဲ့ခြင်းမရှိဟုသိရသည်။ ဒါ့အပြင် ဟူဘီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရှီဇူအရပ်မှ ရဲများအခင်းဖြစ်ပွားရာ သို့ရောက်ရှိလာချိန်တွင်လည်း ဘိုတန်အနေဖြင့် ပြန်လည်ခုခံခြင်းတစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိဘဲ အဖမ်းခံခဲ့သည်။ ဒေသခံပြည်သူများအနေဖြင့် ၎င်းဒေသတွင် ယခုကဲ့သို့ရက်စက် ကြမ်းကြုတ်သည့် ပြစ်မှုမျိုးထပ်မံကျူးလွန်ခံရခြင်းမရှိစေရန် လုံခြုံရေးတိုးမြင့်ပေးရန်တောင်းဆိုလျက်ရှိသည်။

.. www.MyanmarExpress.net
 

1 comments:

MANY CRUEL AND TERRIBLE MURDERERS ARE
EVERY WHERE ON THIS EARTH.

GOOD RELIGION AND GOOD NATIONAL
CULTURE AND GOOD HABITS MAKE THE HUMAN BEINGS TO BECOME GOOD HUMAN BEINGS.

SOME RELIGION AND TRADITIONAL BAD
PRACTICE MAKE THE PEOPLE TURN INTO
DANGEROUS PERSON TO THE PEOPLE AROUND
HIM/HER.

NOW A DAY SO MANY PEOPLE CLAIMING THEIR
RELIGION IS VERY GOOD AS PER THEIR
RELIGIOUS BOOKS.

ALL PEOPLE NEED TO FIND THE TRUE,
SEE THE TRUE AND NEED TO CHANGE FOR
GOOD TO ALL MANKIND.

MAY BE THEIR REGION IS GOOD BUT PEOPLE
ARE DOING BAD,TELLING LIE,AND KEEP PRACTICING BAD TO OTHER PEOPLE.

PEOPLE NEED TO UNDERSTAND DESTINY OF
PEACE WANTED BY EVERYBODY INCLUDING ARMED SERVICES.

.EVERY PEOPLE IN ALL RELIGION,CULTURE AND TRADITIONAL PRACTICE NEED TO CHANGE FOR PEACE ON EARTH THEN ONLY PEOPLE CAN GET
PEACEFUL CO-EXISTENCE OTHERWISE PEOPLE
NEVER GET THE PEACE AND KEEP ON FIGHTING
IN ALL OVER THE WORLD.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်