Subscribe to our RSS Feed

ဦးဆန်းဆင့်တာဝန်က ရပ်စဲတဲ့ကိစ္စ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် တရားဝင်ရှင်းပြီ

From : ..the voice

ငွေကြေးအလွဲသုံးစာမှုနဲ့ အမှုဖွင့် စစ်ဆေးခံနေရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲလိုက်တဲ့ ကိစ္စကို နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြည်သူ့လွှတ်တော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ရှင်းလင်း ခဲ့တာဖြစ်ပါတယ်။

ဦးဆန်းဆင့်က မဟာသန္တိသုခ ကိစ္စအပါအဝင် နိုင်ငံတော်သမ္မက တာဝန်ပေးတဲ့ အလုပ်တွေမှာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက အခုလို အရေးယူရတာလို့ ဦးရဲထွဋ်က ဆိုပါတယ်။

ငွေကြေးအလွဲသုံးစာမှုနဲ့ ပတ်သက်လို့ ဦးဆန်းဆင့်ရဲ့ မိသားစုဝင်တွေ၊ သူနဲ့ ပတ်သက်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက် စစ်ဆေးနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကြီးတန်း အရာရှိတစ်ဦးက အတည်ပြုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိချက် အပေါ်မူတည်ပြီးတော့ ဦးဆန်းဆင့်ကို အရေးယူမှု ပြုလုပ်မယ်လို့ အကြီးတန်း အရာရှိတစ်ဦးက ဆက်ပြောပါတယ်။

ငွေကြေးအလွဲသုံးစား ပြုမှုဖြင့် ဦးဆန်းဆင့်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ညွှန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ အမှုဖွင့်ထားတယ်လို့ နေပြည်တော် ဥတ္တရသိရီမြို့နယ် ဘုရားကုန်းရဲစခန်း မှုခင်းလက်ခံဌာနက ရဲတပ်ကြပ်ကြီး ဇော်ဝင်းက အတည်ပြုပါတယ်။ ဦးဆန်းဆင့်ကို ပြည်ထဲရေး ဝန်ကြီးဌာနမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သာသနာရေး ဝန်ကြီးဌာနရဲ့ ဘဏ္ဍာငွေ တောင်းခံတဲ့ စာရင်းမှာ ပါဝင်ခြင်း မရှိတဲ့ လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင် ကျေးရွာ မှာ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူ စေတီတော်ကို မိသားစု အလှူတစ်ရပ် အဖြစ် လှူဒါန်းခဲ့တဲ့ နေရာမှာ ဌာနပိုင်ငွေ၊ မော်တော်ယာဉ်၊ စက်သုံးဆီနဲ့ ဝန်ထမ်းတွေကို ဌာနလုပ်ငန်းနဲ့ သက်ဆိုင်ခြင်း မရှိဘဲ ကိုယ်ကျိုးသုံးစွဲခဲ့ပါတယ်။

အဲလို သုံးစွဲခဲ့တဲ့အပြင် ဝန်ကြီးဌာန ငွေစာရင်းကိုလည်း မမှန်မကန် စာရင်းပြတယ်လို့ စစ်ဆေး ပေါ်ပေါက်တဲ့အတွက် ဦးဆန်းဆင့်နဲ့ အပေါင်းအပါ ကိုးဦးကို ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/ ၁၀၉ အရ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်တယ်လို့ အဲဒီရဲစခန်းက အတည်ပြုပါတယ်။


.. www.MyanmarExpress.net
 

3 comments:

ဌာနပိုင်မော်တော်ယာဉ်၊ စက်သုံးဆီ နဲ့ ဝန်ထမ်းတွေကို ဌာနလုပ်ငန်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်
အလွန်အကျွံ ရယူသုံးစွဲနေတာကတော့ စသုံးလုံး(စစစ)
ညွှန်ချုပ်ကတော်က အဆိုးဆုံးပါပဲ
စသုံးလုံးရုံးကဝန်ထမ်းတွေဟာ ရုံးအလုပ်ထက် ညွှန်ချုပ်အိမ်က
ညွှန်ချုပ်ကတော်ခိုင်းတဲ့ အလုပ်တွေကို ဦးစားပေးပြီး လုပ်ရပါတယ်။
ကျွန်တော်တို့ ဟာ နိုင်ငံဝန်ထမ်းလုပ်ချင်လို့ ဒီအလုပ်ထဲကိုဝင်လာတာပါ
အခုတော့ ရုံးအလုပ်ထက် သူ့ မိန်းမခိုင်းတဲ့အလုပ်တွေပဲ
လုပ်နေရတယ်
ဒီကိစ္စကို အထက်လူကြီးများ သိစေရန်
အကြောင်းတိုက်ဆိုင်လာရ်ျ တင်ပြအပ်ပါသည်။

Sorrry for U Tint San.Among those same people just you only catched unluckly.Many thief in Goverment.All men ready go to hell

As my personal comment
- many other ministers can avoid with president. What president say, they obey
- U San Sint may be not obey for Maha.Theindi.Thuka case. President angrily sacked by "100leks corruption".
President throw stone
1. No obey him will be jailed
2. Warn the corrupted ministers

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်