Subscribe to our RSS Feed

ဒေါက်တာမျိုးမင်း ပြောတဲ့ ဒေါ်စုသမ္မတ အိပ်မက် ပျက်ပြယ်တော့မှာလား

From : .. Channel News Myanmar


သမ္မတ ဖြစ်ရေးအိပ်မက်ဟာ အကောင်အထည်မပေါ်လာနိုင်တော့တဲ့ အိပ်မက် ဖြစ်လာခဲ့ပါပြီ။ လွှတ်တော်ကော်မတီက ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ အိပ်မက်ပျက်ပြယ်ပြီလို့ ပြောရခြင်း မဟုတ်ပါဘူး။ NLD ပါတီရဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး လူထုဟောပြောပွဲတွေ ကျင်းပခဲ့ချိန်မှာ ပုဒ်မ ၅၉(စ)မပြင်ဆင်ရေး လှုပ်ရှားမှုတွေ နေရာအနှံ့ဖြစ်ပေါ်လာခဲ့တာ ပြန်ပြီး သတိရဖို့ လိုပါတယ်။


 ထိပ်တိုက် တိုးမှုတွေမှာ ရဟန်းသံဃာတွေနဲ့ NLD ပါတီဝင်တွေ ပါဝင်လာတဲ့အထိ အခြေအနေက ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ထိပ်တိုက်မတိုးမိအောင် NLD ပါတီက ပုဒ်မ ၄၃၆ ဆိုပြီး ပြောင်းလဲစည်းရုံးနေရတာ ဖြစ်ပါတယ်။ ပုဒ်မ ၅၉(စ)ကို ရှေ့တန်းမတင်ဘဲ ပုဒ်မ ၄၃၆ ကို ရှေ့တန်း တင်ပြီး ဟောပြောစည်းရုံးတဲ့အခါမှာတော့ လူထုဆန့်ကျင်မှုအရှိန်လျော့ကျသွားပါတယ်။ ဒါပေမယ့်လည်း ပုဒ်မ ၅၉(စ)ကို ပြန်ပြီး ဆွေးနွေးလာကြမယ် ဆိုရင်တော့ အမျိုးသားရေးလှုပ်ရှား မှုတွေ ပြန်လည် ပေါ်ပေါက် လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၅၉(စ)ကို လွှတ်တော် က ပြင်ဆင်ပေး သည့်တိုင်အောင် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ဆန္ဒအတိုင်း ပြင်ဆင်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ မြန်မာ ပြည်သူလူထုအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အရှိတရားပါ။ တစ်ခါ လွှတ်တော်ကော် မတီက ပြင် ဆင်ဖို့ သဘောတူခဲ့သည့်တိုင်အောင် လွှတ်တော်ထဲမှာ ပထမ အဆင့် အနေနဲ့ အရွေးချယ်ခံကိုယ်စားလှယ် ၇၅% ရဲ့ ထောက်ခံမှု ရရှိဖို့ မလွယ်လှပါဘူး။ တစည၊ အမျိုးသားဒီမိုကရေစီပါတီသစ် အပါအ၀င် ပါတီအချို့ရဲ့ ကိုယ်စားလှယ်တွေက ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး ကို မထောက်ခံဘူး ဆိုတဲ့သဘော ထားတွေကို ထုတ်ဖော်ပြောဆိုထားလို့ပဲ ဖြစ်ပါတယ်။ ဒုတိယအချက် ကတော့ အရပ်သားကိုယ်စား လှယ်တွေရဲ့ ထောက်ခံ အပြည့်အ၀ ရရှိခဲ့ရင်တောင် ၇၅% မပြည့်သေး ပါဘူး။ လစ်လပ်ကိုယ်စား လှယ်နေရာတွေ ရှိနေတာဖြစ်တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြီးတော့မှပဲ ၇၅% အပြည့်ဖြစ်လာ မှာပါ။ ပြီးတော့ တတိယအချက်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်ချက်ဖြစ် တဲ့ ၇၅%ကျော် ရရှိဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု ရရှိဖို့ လိုပါတယ်။ ဒီလိုအပ်ချက်ဟာလည်း လက်ရှိအနေအထားမှာ မဖြစ်နိုင်တော့ဘူးလို့ပဲ ပြောရမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်မတော်ကို စိန်ခေါ်တဲ့စကားတွေ၊ ပြည်သူကို ဖိနှိပ်တဲ့တပ်မတော်ဆိုတဲ့ စကားတွေ တိုင်းသိ ပြည်သိ ထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက် ရှစ်လေးလုံးအခြေအနေမျိုး တစ်ကျော့ပြန်တော့မှာလား တွေးမိကြတဲ့ အထိ အခြေအနေက တင်းမာသွားခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ကြည်ဖြူလက်ခံ မှု သေရေး ရှင်ရေးတမျှ လိုအပ်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ထုတ်သုံးခဲ့တဲ့ မဟာဗျူဟာက မလှပခဲ့ပါဘူး။ ဒီတော့ သမ္မတအိပ်မက်ဟာ မဖြစ်နိုင်တော့ဘူး ဆိုတဲ့ အချက်ကို ပထမဆုံး အသိအမှတ် ပြု လက်ခံ ရတော့မှာ ဖြစ်ပါတယ်။


.. www.MyanmarExpress.net
 

4 comments:

ဒါကတော့ ပြင်စရာအကြောင်းမရှိပါဘူး။ အစကတည်းက သမ္မတ လုပ်ဖို့ ရည်ရွယ်ထားရင် ဆင်ဆင်ခြင်ခြင်နေသင့်တာပေါ့။ သွေးသားဆန္ဒဆိုတာက တော့လူတိုင်းမှာရှိတာပဲ။ မနေနိုင်ရင် အတုဝယ်သုံးပေါ့။ ဒါမှမဟုတ် ကုလားမှကြိုက်တယ်ဆိုရင်လည်း ၀ယ်စား။ ဒါလည်း ဖြစ်သေးတာပဲ။ အခုတော့ ‘‘ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ကောင်ထဲ’’ ဖြစ်ချင်သလို ဖြစ်ခဲ့ပြီးမှ ဒီလိုလုပ် ချင်တော့ ကောင်းသလား။ ဗိုလ်ချုပ်မျိုးဆက်က ပြတ်သွားပြီ။ ခင်ဗျားကိုရော၊ ခင်ဗျားရဲ့ သားစဉ် ‘မြေးဆက်’ တွေကိုရော ဘယ်တော့မှ လက်မခံဘူးဆိုတာ မြဲမြဲမှတ်ထားပါ။

အောင်ဆန်းသွေးကို ဒို့ယုံကြည်ဆိုတဲ့ nldအ၇ူးတွေ ဒေါ်စုသား မိုက်ကယ်အဲ၇စ်၇ဲ့ သွေး ကုလားဖြူ နှစ်ကောင်က်ုေ၇ာ မြန်မာပြည်သူတွေက ကိုးကွယ်ထားကြ၇မှာလား သေခါနီးမှသမတ၇ူး၇ူးနေတယ်

သေခါနီးမို့ပါ

nldမှာ ဆိုက်ကားသမားရယ် အလုပ်မရှိဝေလေလေကောင်တွေရယ် စစ်တပ်မုန်းတဲ့ကောင်ရယ် ဘိန်းစားတွေရယ် အချာင်သမားတွေရယ်ဘဲရှိတယ် မျိုးမစစ်အာဏာရှင်ဒေါ်စု ပြောသမျှ မှားမှန်မခွဲခြား အသိညာဏ်မရှိလိုက်လုပ်နေတာ ကြာရင်တိုင်းပြည်ပျက်လိမ့်မယ် သူ့ဖအေကိုယ်တိုင် တိုင်းပြည်ခေါင်းဆောင်နေရာကို လူမျိုးခြားတွေ မရနိုင်အောင် တားမြစ်ထားတာကို သမီးမိုက်က ခြေနဲ့ဖျက်နေတယ် ဗိုလ်ချုပ်သာရှိနေရင် လည်ပင်းတက်နင်းပစ်မှာသေချာတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်