Subscribe to our RSS Feed

ညမအိပ်ဘဲ ဘောလုံးပွဲကြည့်သည့်ဒဏ်ကြောင့် တရုတ်လူမျိုး ၃ ဦး သေဆုံး

From : ..dvb


ညဆက်တိုက်မအိပ်ပဲ ဘောလုံးပွဲကြည့်တဲ့ဒဏ်ကြောင့် အနည်းဆုံး တရုတ်လူမျိုး ၃ ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနနဲ့ တရုတ်သတင်းမီဒီယာတွေက ရေးသား ဖော်ပြထားကြပါတယ်။

ဘရာဇီးနဲ့ ၁၁ နာရီ အချိန် ကွာခြားမှုကြောင့် တရုတ်ပြည်မှာ ဘောလုံးပွဲကြည့်ဖို့အတွက် သိန်းနဲ့ချီတဲ့ ဘောလုံးပရိသတ်တွေဟာ ညစဉ်အိပ်ရေးအပျက်ခံရတယ်လို့ ဆိုထားပါတယ်။

တရုတ်ပြည်အရှေ့မြောက်ပိုင်း လီယွမ်နိုင်းပြည်နယ်က အသက် ၅၁ နှစ်အရွယ် ဂိုးသမားဟောင်းနဲ့ ဘောလုံးပရိသတ် လီမင်ကွမ်းဟာ ချန်ပီယံစပိန်အသင်းကို နယ်သာလန်က အနိုင်ပိုင်းတဲ့ပွဲကို ကြည့်ရင်း နှလုံးရောဂါ ဖောက်ပြီး ဇွန် ၁၄ ရက်နေ့က သေဆုံးခဲ့ပါတယ်။

ဆွန်ဇူးပြည်နယ်မှာလည်း လူငယ်တယောက် ချီလီနဲ့ သြစတြေးလျပွဲစဉ်ကို ကွန်ပျုတာနဲ့ကြည့်ရင်း လဲကျသေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ရှန်ဟိုင်းမောနင်းပို့စ် သတင်းစာက ရေးသားပါတယ်။

အဲဒီဒေသမှာပဲ ကော်စတာရီကာနဲ့ ဥရုဂွေးပွဲစဉ်ကို ကြည့်ရင်း ရုတ်တရက် လဲကျသေဆုံးခဲ့သူ နောက်တယောက်ရှိခဲ့ကြောင်း ပီကင်းသတင်းစာက ဖော်ပြပါတယ်။

၃၊ ၄ ည ဆက်တိုက် အိပ်ရေးပျက်မှုတွေကြောင့် ပီကင်းမြို့တော်က ဆေးရုံ ၃ ရုံမှာ လူ ၂၀ ကျော်ဝန်းကျင် တက်ရောက် ဆေးကုသမှု ခံနေရကြောင်း ရှန်ဟိုင်းဒေးလီးသတင်းစာက ဆိုပါတယ်


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်