Subscribe to our RSS Feed

ဦးအံ့မောင်နှင့် အင်တာဗျူး

From : .. TTS


မေး – အဲဒါက မဟာနာယက ဆရာတော်ကြီးတွေကနေပြီးတော့ မဟာ သန်္တိသုခရဲ့ ၀င်ငွေတွေကို မက်မောပြီး တော့ ဒီဟာကိုလိုချင်တာလို့ ပြောတာရှိတယ်။

ဦးအံ့မောင် – စွပ်စွဲမှာပေါ့။ အခု အချိန်အထိ ကျွန်တော်တို့ မဟာနာယက တွေက ၀င်ငွေ ဘယ်လောက်ရှိ သွားပြီလဲ တစ်ခါမှလည်း မေးလည်းမမေးဘူး၊ မြန်း လည်းမမြန်းဘူး။ မူအရ၊ ပေါ်လစီအရသာ စီမံတယ်၊ ထိန်းသိမ်းတယ်၊ ဂေါပကက ၀န်ကြီးက ဖွဲ့ပေးတာ။ ဂေါပက ထိန်းနေ တာပဲရှိတယ်။ အဲဒီဝင်ငွေတွေဟာ ဘယ် လောက်တောင်ဖြစ်သွားလဲဆိုတော့ နဂို တုန်းက သိန်းတစ်ထောင်ကြွေးတင်နေတာကို ဆပ်လိုက်တယ်၊ နောက်ထပ် ကို သိန်းပေါင်းသုံးထောင်လောက် ဘဏ်စာအုပ်ထဲမှာ သုံးထောင်ကျော်ရှိတယ်။ အဲဒီ သုံး ထောင်ကျော်ကို မဟာနာယကက မေ လည်း မမေးဘူး၊ ပြောလည်းမပြောဘူး။ သူ့ဘာသူ ဟိုမှာ အစောင့် ဘုန်းကြီးတွေရှိ တယ်၊ စာသင်သားတွေရှိတယ်၊ သူ့ဘာ သာသူလည်ပတ်သွားရင် ပြီးရော၊ တစ်ခါမှ မေးတာမြန်း တာမရှိဘူး။ ဂေါပက အစည်း အဝေးမှာ ကျွန်တော်တို့ ထိုင်တဲ့အခါကျ တော့ ဂေါပကကတော့ အစီရင်ခံရ တာပေါ့။ မဟာသန်္တိသုခက တစ်ခါမှ အစီရင်မခံဘူး။

ခင်ဗျားတို့မီဒီယာတွေဟာ တရားသဖြင့် မှန်မှန်ကန်ကန်မဖော်ပြဘူး။ ကျွန် တော်တို့ပြောတဲ့စကားလုံးတွေ ချန်ထားတယ်။ လုပ်ကြံသတင်းတွေ၊ ဘာမှအထောက် အထားမရှိတဲ့ ပုဂိ္ဂုလ်တွေပြောတာကိုထည့် တယ်။ ကျွန်တော်တို့က စာရွက်စာတမ်း အထောက်အထားနဲ့ လွှတ်လိုက်တာ မထည့်ဘူး။ ဒီကျောင်းကြီး ဘယ်က အလှူငွေနဲ့ ဆောက်တာလဲ။ တိုင်းပြည်ကို အလှူခံဆောက်တာလေ။ ပီနန်ဆရာတော်က ဘယ်လောက်ပါလဲ ဒေါ်လာတစ်သိန်း လှူတာရှိတယ်။ ဒါပေမဲ့ တစ်သိန်းက တစ်သိန်းမပြည့်ပါဘူး ခင်ဗျာ။ ဂုဏ်ရှိ အောင်တစ်သိန်း ဆိုပြီးတော့ နာမည်တပ် လိုက်တာပါလို့။ တကယ်ရတာက ဒီစာရင်း တွေအတိုင်းက ဗိုလ်မှူးကြီးစောမြင့်၊ ဂေါပကအတွင်း ရေးမှူးစောမြင့်က သေချာ ကျွန်တော့်ကိုပြောတယ်။ တကယ်လှူတာ က ဒေါ်လာခြောက် သောင်း၊ ခုနစ်သောင်း လောက်ရှိပါတယ်တဲ့။ မီးစက်ဝယ်တယ်၊ ကွန်ပျူတာတို့ ဘာတို့ဝယ်တယ်၊ ဓာတ် လှေကားဝယ်တယ်။ ဒီထဲ ထည့်သုံးလိုက် တာပါတဲ့။ တစ်သိန်း တစ်ခါတည်းနဲ့လှူတာ မရှိပါဘူးတဲ့။ သူတို့ကို ဂုဏ်သိက္ခာရှိအောင် ဆိုပြီးတော့ အထုပ်မှာ ဒေါ်လာတစ်သိန်း လို့တပ်ပြီးတော့ လှူတာပါတဲ့။ တကယ်က ခြောက်သောင်း၊ ခုနစ်သောင်းပဲရှိပါတယ်တဲ့။ ဗိုလ်မှူးကြီးစောမြင့်မသေခင်က ဂေါ ပကအစည်းအဝေးမှာ ကျွန်တော်တို့ကို ပြောသွားတာ မှတ်မိပါတယ်။

မေး – အဘက လမ်းစဉ်ပါတီခေတ်မှာ ဦးစိန်လွင် လက်ထက်တည်းကိုက သာသနာရေးကိုရောက်လာတာနော်။

ဦးအံ့မောင် – အဘက ၆၉ တည်းက သာသနာရေးကိုကိုင်တာ။

တချို့က အဘက သံဃာတွေနဲ့ ပတ်သက်ပြီးတော့ စည်းမျဉ်းတွေကို တအား ကျွမ်းတဲ့အခါကျတော့ ဒီဟာတွေ ကိုကိုင်ပြီး တော့ အစိုးရအတွက် လိုသလိုမျိုး ဒီဟာ ကို လှည့်ဖြားပေးရတယ်လို့လည်း ပြော နေကြတယ်။

ဦးအံ့မောင် – သူတို့က တမင်သက်သက် အပုပ်ချတာပေါ့ကွာ။ ငါက သံဃာ့ အဖွဲ့အစည်းတည်မြဲဖို့ အဓိကပဲ။ သံဃာ့ အဖွဲ့အစည်းပျက်စီးသွားလို့ရှိရင် မင်းတို့က ငယ်သေးတယ် မမှတ်မိဘူး။ တိုင်းရှစ်ပြည်နယ်ကွဲတုန်းက မီလိုက်လား။ အဲဒီအချိန်တုန်းက သံဃာတွေဘယ်လိုဖြစ်နေလဲဆို တာ ငါပြောမယ်။ ရဟန်းပျို၊ ရဟန်းငယ်၊ သာသနာ့တပ်ဦး၊ နောက်တစ်ခါ ရခိုင် —-၊ ကျောင်းထိုင်အဖွဲ့က သုံးဖွဲ့။ အဲဒီ လိုအဖွဲ့တွေကို စည်းမဲ့ကမ်းမဲ့ ပေါ့ဗျာ။ ကိုယ်ထင်ရာ ကိုယ်လုပ်နေကြတာပါ။ ဘယ် သူ့ဘယ်သူကိုမှလည်း ဆရာလုပ်လို့မရဘူး၊ ကိုယ်ထင်ရာ ကိုယ်လုပ်နေကြတယ်။ အစိုးရ ကလည်း ဘာမှအကူအညီမပေးနိုင်ဘူး။ အဲဒါလေးကိုမှ ၁၉၈၀ ခုနှစ်ရောက် တော့ ဒီအတိုင်းနေလို့မ ဖြစ်တော့ဘူး။ အစိုးရလည်း နိုင်ငံကို အုပ်ချုပ်လို့မရတော့ဘူး။ ဘုန်းကြီးတွေကလည်း ကိုယ့်ဟာကိုယ် ထိန်းလို့မရတော့ဘူး။

ကျောင်းလုပွဲတွေလုပ်ပြန်တော့ တစ်ဖက်က သံဃာ ၂၀၀၊ ၃၀၀ ခေါ်လာခဲ့ တိုက်ထုတ်။ သူတို့နိုင်သွားတယ်။ နိုင်ပြီး တော့ အစောင့်ထားရတယ်။ အဲဒီကိုယ်တော်ကို တစ်နေ့ငါးကျပ်ပေးရတယ်။ ကြာ တော့မတတ်နိုင်တော့ ဟိုဘက်က တစ်အုပ်စုက နာမည်တော့ ငါထည့်မပြောတော့ ပါဘူး။ ငါ အကုန်သိပါတယ်။ အဲဒီအုပ်စုက ၀င်လုပြန်တယ်။ နိုင်သွားတယ်။ အဲလိုသုံး ခါလေးခါ သူ့ဘက်ကိုယ့်ဘက် ချနေကြ တယ်။ အဲသလို လုတာတွေ က အနိုင် အထက်ပေါ့ကွာ။ အင်အားစုပြီးတော့ ကျောင်းလုတာတွေဟာ ရန်ကုန်မြို့ပေါ် တင် ခြောက်ကျောင်း လောက် ရှိတယ်။ မင်းတို့သိချင် ငါလိုက်ပြမယ်။ အစတည်းက ငါအကုန်သိတယ်။ အဲဒီတော့ ဘုန်းကြီး တွေ အင်အားသုံးပြီးတော့ ကိုယ်ထင်ရာကိုယ် လုပ်နေကြတာ။ ဒီအတိုင်းတော့ မဖြစ် ဘူး။ သံဃာ့ဝိနိစ္ဆယရုံးမရှိရင် ဘယ်လိုလုပ် အဆုံးအဖြတ်ခံမလဲ။ လူတရားရုံးကလည်း မဆုံးဖြတ်နိုင်ဘူး။ ဘုန်းကြီးကလည်း မ ဆုံးဖြတ်နိုင် ဘူး။ အဲဒီနှစ်ခုကြားမှာ သံဃာ့ အဖွဲ့အစည်း လုပ်မှဖြစ်မယ်ဆိုပြီးတော့ ဘုန်းကြီးတွေကလည်း လုပ်ချင်တယ်၊ အစိုးရကလည်း လုပ်ချင်တယ်။ နောက် တစ်ခါ ဟိုတုန်းက သာသနာမှတ်တမ်းဆို တာမရှိဘူး။ ဘုန်းကြီး မှတ်ပုံ တင် မရှိဘူး ဘုန်းကြီးတွေက။ လ၀က လာရင်ရိုက်လွှတ်တာ။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ သံဃာ့အဖွဲ့အ စည်းဖြစ်အောင် ၁၉၈၀ခုနှစ် မှာ အစည်းအဝေးလုပ်ပြီးတော့မှ ဆရာ တော်ကြီးတွေက ပြဋ္ဌာန်းလိုက်တာ သံဃာ တော်မှတ်တမ်း ကိုင်ဆောင်ရမယ်ဆိုပြီး တော့။ အဲဒါကြောင့် သံဃာတော်မှတ် တမ်းကစနစ်တကျ ဖြစ်သွား တာပေါ့။ ဘယ် မှာတွေ့တွေ့ ဘုန်းကြီးတစ်ပါးဆို မှတ် တမ်းပြလို့ရတယ်။ ဟိုတုန်းကဆိုရင် ဘာမှ ပြလို့မရဘူး။ လူဆိုရင် စစ်လို့ရတယ်၊ ဘုန်းကြီးစစ်လို့ မရဘူး။ အဲဒီအခါကျတော့ သာသနာ့လောကထဲမှာ အကုန်လုံးက ဓားပြတွေရော၊ သူခိုးတွေရော၊ နိုင်ငံရေး သမားတွေရော အစုံဝင်ပြီးတော့ အောင်း နေတယ်။ ဒါတွေရှိလာတဲ့ အတွက် နိုင်ငံတော် အတွက်က —-။ အကောင်းအဆိုးခွဲခြား နိုင်ရင်၊ သာသနာအစစ်နဲ့အယုတ်နဲ့ ခွဲနိုင် ရင် ကျွန်တော်တို့ ဥပဒေလုပ်ထားပြီ။ အတု လုပ်လို့ရှိရင် ခုံရုံးတင်ဥပဒေရှိပါတယ်။ ဘုန်းကြီးအတုလုပ်ရင် ထောင်သုံးနှစ်ပဲ။ အထောက်အထား မပြနိုင်ဘူး။ အခုဆိုရင် ဘာမှ အရိပ်အမြွက်မရဘူး။ အဓမ္မ၀ါဒ တွေကို ဟောတယ် ပြောတယ်ဆိုရင်လည်း ထောင်ငါးနှစ်၊ ဒီလိုသတ်မှတ်လိုက်တဲ့အခါ ကျတော့အားလုံးက ညီသွား တာပေါ့။ စော စောတုန်းကတော့ ရှင်ဥက္ကဋ္ဌကလည်း လူသေလူဖြစ်ဟော၊ ချ။ တစ်ဖက်က လည်း —– ကလည်း လုပ်သမျှဒုက္ခဟော၊ ကိုယ်ထင်ချင်ရာ ကိုယ်လုပ်နေကြတာ။ အဲဒါကို စည်းမျဉ်းစည်းကမ်းချပြီး တော့ အဓမ္မ၀ါဒီ မဟောရဆိုပြီးတော့ ပိတ်လိုက်တယ်။ အဲဒီတော့ သာသနာအတွက် လုပ်တာ ကုသိုလ် အင်မတန် ရတယ်။ ဒီ အဓမ္မ၀ါဒတွေ ဟောလို့ပြောလို့ မရတော့ဘူး။ သံဃာအတု အစစ်လည်း ခွဲလို့ရသွား ပြီ။ သူ့ရုံးနဲ့လာတဲ့ အဆုံးအဖြတ်ကျတော့ မကောင်းဘူးလား။ သံဃာ့အဖွဲ့အစည်း ပျက်သွားရင် သန့်ရှင်း/တည်မြဲတုန်းက လိုပဲ အဖွဲ့အစည်းတွေ ကြိုက်သလိုပေါ် လာမယ်။ အခုနိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေကိုပြောနေတဲ့ ဘုန်းကြီး တွေက သံဃာ့အဖွဲ့အစည်းတွေကို ပျက်စေချင်တာ။ ဘာလို့ပျက်စေချင်လဲဆိုတော့ ပျက် တော့မှ တစ်ဗိုလ်တစ်မင်း လုပ်ပြီးတော့ သူကတစ်ဖွဲ့၊ သူကတစ်ဖွဲ့အဲလိုဖွဲ့ပြီးတော့ လုပ်ကြမှာပေါ့။ လုပ်ချင်တာပေါ့။ အဲလို မလုပ်အောင် ဒီအဖွဲ့ကြီးက ထိန်းထား တာ။ ဒါကြီးပြိုပျက်သွားတာ ကြည့်ချင် သလား။ ရေးနေတာတွေ အားလုံးက သံဃာ့အဖွဲ့အစည်းကို ပျက်အောင်လုပ်နေ တာ။ ငါလုပ်တာသည် သံဃာ့အဖွဲ့အစည်း ကိုတည်မြဲ အောင် လုပ်ပေးနေတာ။ အစိုးရ အတွက်မဟုတ်ဘူး။ သံဃာ့အဖွဲ့အစည်း ပြိုကွဲပျက်စီးသွားရင် သံဃာတွေလ ည်း ဘာမှလုပ်လို့ မရတော့ဘူး။ မြန်မာနိုင်ငံကြီးလည်း ဘုန်းကြီးငါးသိန်း ဘယ်အစိုးရ ဘာနဲ့ထိန်းမလဲ ပြောလိုက်။ စနစ်တကျဖြစ် အောင်အခုလိုလုပ်ထားတာကို မကျေနပ် ဘူးလား၊ မကျေနပ်ရင်ဖျက်လိုက် သံဃာ့ အဖွဲ့အစည်းကို။ ဒါပဲ ငါပြောချင်တယ်။

တပ်မတော်အစိုးရတစ်ခေတ်လုံးမှာလည်း အဘက သာသနာရေးမှာ တောက် လျှောက်အကြံပေး လုပ်လာတယ်။ ဗိုလ် ချုပ်မှူးကြီးသန်းရွှေရဲ့ အနီးကပ် အကြံပေး လုပ်ရတာပေါ့။

ဦးအံ့မောင် – ၁၉၆၉ တည်းက ဒီရောက်လာတာ။ တွက်ကြည့်ပေါ့ နှစ် ပေါင်း ၅၀ လောက်ရှိပြီပေါ့။

နိုင်ငံတော်အမြင့်ဆုံး ရုံးတွေမှာ အကြံပေးလုပ်လာတာပေါ့။ အခုဦးသိန်းစိန် ခေတ်မှာရော အဘအကြံပေးရ တုန်းလား။

ဦးအံ့မောင် – ပေးနေတာပေါ့။

အဲဒါကိုဘာလို့သမ်္မတရုံးကနေ အဘကို သမ္မတရုံးအကြံပေး မဟုတ်ပါဘူးလို့ ဘာလို့ ပြောရတာလဲ။

ဦးအံ့မောင် – သူစိတ်ချမ်းသာလို့ ပြောတာပြောပါစေလို့ ငါပြောတာပေါ့။ မဟုတ်ဘူးဟုတ်တယ် ငါပြောစရာ မလို ပါဘူး။

အဘနဲ့ ဦးသိန်းစိန် သမ္မတဖြစ်ပြီးမှ တွေ့ပြီးသွားပြီလား။

ဦးအံ့မောင် – ဒါတွေပြောနေရင် ကြွားတယ်ဖြစ်မှာပေါ့။

ဗန်းမော်ဆရာတော်ကြီးကိုလာတွေ့ ပြီးတော့ တောင်းပန်လျှောက်ထားတယ်လို့ သိရပါတယ်။ အဘ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြောပြပါလား။

ဦးအံ့မောင် – ဒီကိစ္စကတော့ ငါမပြောချင်သေးဘူးကွာ။

လစာကတော့ ဘယ်လောက်ရလဲ။

ဦးအံ့မောင် – လစာကတော့ မသိပါဘူး။ တစ်သိန်းနဲ့ ရှစ်သောင်းရတယ်။


.. www.MyanmarExpress.net
 

9 comments:

A very admirable person. He is not officially advisor to the Office of the President. He does not get salary from the Government. He is living on Pension. The amount he gets is the amount of pension for a Retired Director Genral of a very big and important Government Department.
Young reporters and editors are so ignorant of the facts mentioned in the above paragraph. .

this is the opinion of layperson.
can we let go or take actions?
of course need to proceed proper legal action

all sangha must follow the senior sangha orders.
this is the meaning of "theravada" buddhism laid down
about 2600 years ago.

all sangha must obey the orders of "sangha mahar
naraka."

all sangha must report to "sangha mahar naraka for
all disagreements and disputes.

"sangha mahar naraka' order is the final and there
is no other court.

sangha cannot go to civil court for disagreements
and disputes.
it is prohibited by laws.

of course the ruling government orders will come in
to solve the disagreement and dispute if sangha mahar naraka dhamma orders
order are not obey by sangha.

ruling government cannot take the sangha to civil
court because of existing laws.

government can take the disrobed person/ordinary
person to the court and decide by judges after hearing and order the judgement;
punishment order give to that person if guilty or let go free.if not guilty.

sangha can choose to avoid government action in
the court by just obey the sangha mahar naraka order.
but now is look like too late.

this is the simple to way understand by lay persons.

please write comment if it is not true with strong
reasons.

thanks

Good
Thanks Sir, Stupid BCP follower make politic gain on the monk.

ဉီးအံ့မောင် မသေပါနဲ့ဉီးဗျာ။ကျေးဇူးတင်ပါတယ်။

တစ်သက်လုံး တတ်နိုင်သမျှ တာဝန်ထမ်းလာတာဘဲ မပစ်ပယ်ပါနဲ့ ဗျာ ပုဂ္ဂိုလ် ရေးအရ ရော နိုင်ငံ တော်နဲ့  ရော ပြောင် ပြောင် တင်း တင်း လုပ်နေသူ(မ)ကိုတောင် တွေ့ ဆုံ ညှိနှိုင်း ပြော နေ ရ သေးတာဘဲ

Lay court can not decide Monks issues. Sangha Vinissaya will decide and that is final. The five "monks" are defrocked now. They are freed on bail. The judge will make a hearing made by lawyers of who represent the two sides. The judge can take up this trial now because the defrocked "monks" are now laymen. If the judge will rule whether it is the case between monks or not.

neutral comments;
1-there are so many type of senior officials working in government departments and private organizations.
2-some officials are working hard, straightforward
and fulfill his/her duties and responsibilities but many
people serve under him/her and general public HATE this kind of senior officials.
3-some kind of officials are not hard working but
dealing very friendly with people serving under
him or her and look like good relationship with general
public.
4-many people like the number 3 type of person
actually they are no good and they are cheating to
the upper managements.
5-the best officials is number 2 type of persons and
they do not cheating to the upper managements.
6-noticed many people and those dealing with
u aunt maung did not like him therefore can assume
u aunt maung is one of the best government officials.

ဦးအံ့​​မောင်​​ပြေားသလိုအခုလည်းဘာထူးလို့လည်း..အုပ်​စုဖွဲ့ပြီးသိမ်းလိုက်​တာပဲ​လေ......ဦးအံ့​မောင်​ဘုန်းကြီး​တွေကိုဘယ်​လိုချယ်​လှယ်​​နေသလဲးသိရင်​​ပြေားပြကြပါဗျို့.....

လစာ တစ်သိန်းရှစ်သောင်း ရတဲ့သူကလည်းကွာ တိုက်ကြီးကလည်း ဟီးနေတာပဲနော် တစ်လုံးမဟုတ် နှစ်လုံးမဟုတ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်