ရန်ကုန်၊ မဇ္ဈိမ။ ။ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ရန် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ ဇွန် ၂၅ ရက်တွင် သမ္မတက သ၀ဏ်လွှာပေးပို့လိုက်ပြီး ဖြစ်သည်ဟု ကျောက်တော်မြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက မဇ္ဈိမကိုပြောသည်။
“သမ္မတ ပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားတယ်၊ ၃၀ ရက်နေ့မှာ လွှတ်တော်က အတည်ပြုရမှာဖြစ်ပါတယ်”ဟု ဦးစောငြိမ်းက ပြောသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးကို သမ္မတက ခန့်အပ်ခဲ့ပါက ရခိုင်တိုင်းရင်းသားတစ်ဦးကဲ့သို့ တာဝန်ထမ်းဆောင်မည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက မဇ္ဈိမကိုပြောကြားထားသည်။ သို့သော် ရခိုင်အမျိုးသားပါတီကမူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သည် ရခိုင်တိုင်းရင်းသားသာ ဖြစ်သင့်သည်ဟုထုတ်ပြန်ထားသည်။

နယ်စပ်ရေးရာဒုတိယဝန်ကြီး (စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ) ဗိုလ်ချုပ်မောင်မောင်အုန်း က စစ်တွေ ပဋိပက္ခ စုံစမ်းစစ်ဆေးရရှိမှုများနှင့်ပတ်သက်၍ ၂၀၁၄ခုနှစ် ဧပြီလ ၉ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ရှင်းလင်းပြောကြားနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊မဇ္ဈိမ)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်