Subscribe to our RSS Feed

ထာဝရဘုရားသခင်၏ ကြည်လင်သောမေတ္တာတော်ဖြင့်



ဇာတိချက်ကြွေမနောမြေကား ယမ်းငွေ့ဝေဆဲပင် ရှိလင့်သည်။ ၃ နှစ်ပြည့်ပြီဖြစ်သည့် ထိုယမ်းငွေ့ တို့ကြောင့် ကြွေလွင့်သွားသောနိုင်ငံ့သားကောင်းရတနာတွေ အပုံအပင်ရှိလေပြီ။ ပြည်ထောင်စုသွေးချင်းများအကြား လူတစ်စု၏ ကိုယ်ကျိုးဆန္ဒတွေကြောင့် ညှိမရ နှိုင်းမရသည့်သဘောထားများသည် ကချင်လူထုကို နှိပ်စက်ကလူ ပြုနေကြသည်။ ကချင်ချည်းပဲလားဆိုလျှင်တော့မဟုတ်။ ဒေသခံ ရှမ်း၊ ပလောင်၊ လီဆူး အားလုံးသာမက ပြည်မက ဗမာတွေရော ပြည်ထောင်စုအဝှမ်းက သွေးချင်းတွေရော ဒုက္ခရောက်နေကြရသည်။ ပြည်တွင်းစစ်ဆိုသည်မှာ ပြည်ထောင်စုသားချင်းတိုက်သည့်စစ်မဟုတ်လော။ မည်မျှဆိုးဝါးပါသနည်း။ ဤအဖြေကို အားလုံးသိကြသည် မဟုတ်လား။

ဇွန်လ ၁၈ ရက်နေ့တွင် KIO ခေါင်းဆောင်ကြီးအင်ဘန်လက သူ၏တော်လှန်ရေးနှစ် ၅၀ ပြည့်လုပ်မည်ဟု သိရသည်။ သူကတော့ ပျော်ပျော်ပါးပါး သွေးခွဲစကားတွေပြောဦးမည်။ KIO က တိုင်းတာဝန်ခံတွေ၊ တပ်မဟာမှူး တွေက လက်ခုပ်သံတစ်ဖြောင်းဖြောင်းဖြင့် နတ်ရူးကိုဘုံဆော်ပေးကြဦးမည်။ သူကလည်း သွေးနထင်ရောက်ဦးမည်။ သူတို့ပျော်ပျော်ပါးပါးသောက်ကြဦးမည်။ သူတို့သောက်ကြမည့် ယစ်သေရည်တွေက သူတို့အတင်းဆွဲခေါ်ထားတဲ့ ကချင်တွေ၊ ပလောင်တွေ၊ လီဆူးတွေ၊ ရှမ်းတွေ နှင့် ပြည်ထောင်စုသားတပ်မတော်သားများ၏ သွေးတွေပင်။ တပ်မတော်သားတွေဖြစ်ဖြစ်၊ KIA တပ်သားတွေဖြစ်ဖြစ် တကယ်တော့ မြန်မာနိုင်ငံသားပြည်ထောင်စုသားတွေပင် ဖြစ်သည်။ သူတို့မည်မျှဝမ်းသာအားရ သောက်စားနေသည်ဖြစ်စေ တကယ်တော့ ပြည်သူ့မျက်ရည်များသာ ဖြစ်သည်။

တကယ်တော့ KIO ဥက္ကဋ္ဌဦးဇောင်းဟားရားက ငြိမ်းချမ်းရေးလိုချင်သည်။ ဒုဥက္ကဋ္ဌအင်ဘန်လက ခရိုနီ ကြိုးဆွဲခံနေရသည်။ ခရိုနီကလည်း နှယ်နှယ်ရရမဟုတ် KNO ဥက္ကဋ္ဌ ဦးဘွမ်ဝမ်လရော်ပင်ဖြစ်သည်။ ဦးဘွမ်ဝမ်လရော် သည် အမေရိကန်အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး( KNO )၏ အကြီးအကဲ ဖြစ်သော်လည်း KIO အပေါ်တွင် သြဇာကြီးမားသူဖြစ်သည်။ KIO ဥက္ကဋ္ဌအဖြစ် ဦးဘရန်ဆိုင်းတာဝန်ယူခဲ့သောအချိန်တွင် ဆွေမျိုးတော်စပ်သော ဦးဘွမ်ဝမ်လရော်သည် သစ်တောနှင့်သတ္တုထုတ်လုပ်ရေးဘက်တွင် ထုတ်လုပ်ခွင့်အမြောက်အများရရှိခဲ့သည်။ 
ထိုတရားမဝင်ငွေကြေးများမှ လက်နက်ခဲယမ်းမှ ငွေကြေးအထိ အစစအရာရာ ထောက်ပံ့ခဲ့သဖြင့် KIO အပေါ် ကောင်းစွာကြီးစိုးထားနိုင်ခဲ့သည်။ ဦးဘွမ်ဝမ်လရော်သည် ကချင်ပြည်နယ်ကို သီးခြားကချင်နိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် ဆန္ဒပြင်းပြသူဖြစ်သဖြင့် ကချင်လူငယ်များကို ကျဉ်းမြောင်းသော လူမျိုးရေး အမြင်များဖြင့် မှိုင်းတိုက် ပေးခဲ့သည်။ သို့ရာတွင် ဦးဘဝမ်လရော်သည် KIO တွင် သြဇာကြီးစိုးမှု၊ သစ်တောနှင့်သတ္တုမှောင်ခိုလုပ်ငန်းများ၏ အကျိုးအမြတ်များကို လက်ဝါးကြီးအုပ်ကာ KIO သည် သူ့ပေးစာကမ်းစာ စားရသောအဖွဲ့အစည်းတစ်ခုပမာ ဆက်ဆံလာမှုကြောင့် ဦးဇော်မိုင် ဥက္ကဋ္ဌဖြစ်လာချိန်တွင် KIO နှင့် KNO အကြားတင်းမာမှုများဖြစ်ပေါ်ခဲ့သည်။
ဦးဇော်မိုင်အား ဖြုတ်ချပြီး ဦးအင်ဘန်လတက်လာချိန်တွင်မူ KIO နှင့် KNO အကြား ဆက်ဆံရေးပြန်လည် ကောင်းမွန်လာခဲ့သည်။ လူမျိုးစုတူသော ဦးအင်ဘန်လသည် ဦးဘွမ်ဝမ်လရော်၏ အစီအစဉ်ဖြင့် KIO မှ ယုံကြည်လောက်သူများကို တရုတ်နိုင်ငံ ရင်ကျန်းမြို့ သို့ဖိတ်ခေါ်ပြီး ပြည်ပရောက် ကချင်လူငယ်များ စုစည်းထား သော Pan Kachin အဖွဲ့ဝင်များ နှင့်တွေ့ဆုံကာ နယ်စပ်မှ ကချင်များပါဝင်စေပြီး ၂၀၀၂ ခုနှစ်တွင် ကချင်လူမျိုးရေး စိတ်များလှုံ့ဆော်ရိုက်သွင်းပြီး ကချင်ပြည်နယ် လွတ်လပ်ရေးနှင့် အချုပ်အခြာပိုင်နိုင်ငံအဖြစ်ရပ်တည်ရေး လှုံ့ဆော် သည့်လူထုအစည်းအဝေးပွဲများ ဆောင်ရွက်ခဲ့သည်။
 ဦးဘွမ်ဝမ်လရော်သည် KIO အဖွဲ့ဝင်မဟုတ်သော်လည်း ဦးဘရန်ဆိုင်းလက်ထက်ကပင် သယံဇာတဆိုင်ရာထုတ်လုပ်မှုများမှ ချမ်းသာကြွယ်ဝမှုအပြင် ပြည်ပတွင်အခြေစိုက်ပြီး KNO အနေဖြင့် ကျယ်ပြန့်စွာလှုပ်ရှားပြီး INGO များ၊ UN အဖွဲ့အစည်းများ၊ အမေရိကန်အစိုးရနှင့်မကင်းသော CIA လက်ဝေခံများနှင့် ထိတွေ့နိုင်မှုများကြောင့် ၎င်း၏ ဓနအင်အားကိုအခြေခံကာ အမေရိကန်တွင် စီးပွားရေးလုပ်ငန်းများ ထူထောင်ပြီး ကောင်းစွာရပ်တည်နိုင်ခဲ့သည်။ လက်နက်ကိုင်အဖွဲ့ဖြစ်သော KIO အပေါ် ကောင်းစွာ ထောက်ပံ့နိုင်ပြီး သြဇာရှိသဖြင့် ဦးအင်ဘန်လအာဏာရချိန်တွင်လည်း ဆက်လက်လုပ်ကိုင်ခွင့်များပေးခဲ့သည်။ 
ဦးအင်ဘန်လ အတွက်လည်း ဦးဘွမ်ဝမ်လရော်သည် ပြည်တွင်းကုမ္ပဏီအကြီးအကဲအဖြစ် စစ်အစိုးရနှင့်အဆင်ပြေသော ခရိုနီတစ်ဦးဖြစ်သည့် ဦးယုဇခေါင်အား Jade Land ကုမ္ပဏီတွင်ဦးဆောင်စေကာ ထိုသူမှတစ်ဆင့် အထောက် အပံ့များ၊ အကျိုးအမြတ်များခွဲဝေပေးခဲ့သည်။ ထို့ပြင် KIO စီးပွားရေးလုပ်ငန်းများအတွက် နအဖစစ်အစိုးရလက်ထက် ကပင် တရားဝင်ခွင့်ပြုခဲ့သော ဘူးဂါးကုမ္ပဏီတွင် ငွေကြေးရင်းနှီးမြှုပ်နှံများထောက်ပံ့ပေးပြီး ဦးအင်ဘန်လအပေါ် ချမ်းသာကြွယ်ဝမှုအတွက် ကူညီပေးခဲ့သည်။ ထို့ကြောင့် ဦးအင်ဘန်လအပေါ် KIO အတွင်း  ကိုယ်ကျိုးရှာသူအဖြစ် ရှုမြင်သူများပြီး နာမည်ကောင်းမသတ်မှတ်ကြပေ။ ဦးဘွမ်ဝမ်လရော်ကလည်း ထိုကိစ္စအပေါ်နှုတ်ဆိတ်ခဲ့ရာ ဦးအင်ဘန်လအတွက် အဖုအထစ်ဖြစ်ခဲ့ရသည်။
ဦးအင်ဘန်လသည် KIO အတွင်း အာဏာရှိသည်မှန်သော်လည်း  အမေရိကန်အစိုးရ၊ ကုလသမဂ္ဂနှင့် ဂျင်နီဗာတွင် နာမည်ရှိသူမှာ လက်နက်ကိုင်အဖွဲ့မဟုတ်သော အမေရိကန်အခြေစိုက် KNO အဖွဲ့အစည်းသာဖြစ်၍ ဦးဘွမ်ဝမ်လရော်အပေါ် ကျော်လွှားနိုင်ခြင်းမရှိပေ။ နိုင်ငံခြားရေးတာဝန်ခံအဖြစ် KIO ကထားရှိသော ဦးဂျိန်းလွန်ဒေါင် ကိုလည်း ဦးအင်ဘန်လက ကိုယ်ကျိုးစီးပွားရှေ့ထားသူအဖြစ် ယုံကြည်ထားသောကြောင့် ပြောရေးဆိုခွင့်မပေးခဲ့ချေ။ ထို့ပြင် ထိုသူမှာ အမေရိကန်အစိုးရနှင့် အဆက်အဆံရှိသောသူဖြစ်ခြင်းက တရုတ်ပြည်ဗဟိုအစိုးရနှင့်နီးစပ်သော ဦးအင်ဘန်လတို့ဘက်မှ မလိုလားကြချေ။ ထို့ကြောင့် ၂၀၁၂ ခုနှစ်တွင် ယဉ်ကျေးမှုတာဝန်ခံ အဖြစ်ပြောင်းလဲ တာဝန်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရအာဏာရှိချိန်အတွင်း အပစ်အခတ်ရပ်စဲရေးကာလများ၌ KIO ၏ သဘောထားများသည် တရုတ်ဖက်တွင် အလေးသာနေခဲ့ပြီး ၂၀၁၁ ခုနှစ်ကချင်စစ်ပွဲ ဖြစ်ပွားချိန်အထိ ရပ်တည် ခဲ့သည်။
တကယ်တော့ ဦးအင်ဘန်လဟူသော ပုဂ္ဂိုလ်သည် ပညာအရည်အချင်းမရှိဘဲ လူမိုက်ဆန်သောသူဟု ပြောလျှင်လည်းဖြစ်နိုင်ပါသည်။ ပညာအရည်အချင်း ၄ တန်းဖြင့် ဒုခေါင်းဆောင်ဖြစ်သည်အထိ လက်ရုံးရည်ဖြင့် တက်ခဲ့သူဖြစ်သည်။ လက်ရဲဇက်ရဲလုပ်တတ်ပြီး အာဏာသိမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့၍ ယနေ့ဤနေရာသို့ ရောက်ခဲ့ရခြင်း ဖြစ်သည်။ သစ္စာတရားထက် မိမိနေရာရရှိရေးအတွက် အချင်းချင်းသတ်ရမည်ကို ဝန်မလေးသူဟု KIO အသိုင်းအဝိုင်းကပြောကြသည်။ သူ့လူယုံများကိုမွေးတတ်ပြီး ထိုသူများတန်ခိုးသြဇာကြီးရေးကို ပံ့ပိုးကာ အာဏာတည်ဆောက်ထားသည်။ ဗိုလ်ချုပ်ဂွမ်မော်ကဲ့သို့ ပညာတတ်များကို လူမွေး၍နေရာပေးကာ နှောင်ကြိုးဖွဲ့ တတ်သည်မှာ မဆန်းပေ။ 
ဗိုလ်ချုပ်ဂွမ်မော်ကလည်း အပြောကောင်းအဆိုကောင်း လူ့စိတ်သဘောသိတတ်သော စိတ်ပညာဘွဲ့ရဖြစ်၍ ဦးအင်ဘန်လကို ကပ်နိုင်သည်။ ထို့ကြောင့် ဗိုလ်မှူးကြီးအဆင့်မှ ခုံပျံကျော်လွှားကာ ဒုစစ်ဦးချုပ် နေရာရောက်လာခဲ့သည်။  KIA တပ်ဖွဲ့တွင်း မကျေနပ်သံများထွက်ခဲ့သော်လည်း ခေါင်းဆောင်ကြီးအင်ဘန်လ၏ ပြင်းထန်ရက်စက်သော နှိပ်ကွပ်မှုတွေကို ကြောက်လန့်ပြီး တိုးတိုးသဲ့သဲ့ဖြင့်တိတ်ဆိတ်ခဲ့ရဖူးသည်မှာ KIAတွင်ရာဇဝင် တွင်ခဲ့သည်။ အပြုံးချိုချိုဖြင့်ဆွဲဆောင်မှုကောင်းသော ဗှိုလ်ချုပ်ဂွမ်မော်မှာ ပညာမဲ့လူမိုက်ကြီးအင်ဘန်လ၏ နဖားကြိုး ကိုမလူးလွန့်သာခဲ့သည်မှာ သူ၏ငြိမ်းချမ်းရေးကတိစကားများ အရာမထင်ခြင်းက သက်သေပြနေသည်။
ဗိုလ်ချုပ် ဂွမ်မော်သည် အမေရိကန်သို့ KNO ခေါင်းဆောင် ဦးဘွမ်ဝမ်လရော်၏ စီစဉ်မှုဖြင့်ရောက်ရှိပြီး နောက်ပိုင်း KIA သည် တိုက်ကွက်သစ်များပြောင်းပြီး အစိုးရကို မီးစာတစ်ဖက်ရေမှုတ်တစ်ဖက်လုပ်လာခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးရင်း စစ်ကြောင်းများကိုချောင်းမြောင်းပစ်ခတ်ခြင်း၊ နယ်မြေသစ်တွင် အခြားအဖွဲ့များနှင့်ပူးပေါင်း တိုက်ကွက်ဖော်ခြင်းတွေရှိလာသည်။ ထိုမျှမက အခြားအဖွဲ့တွေကို ထောက်ပံ့မှုတွေလုပ်၍ လက်သပ်မွေးလာခဲ့သည်။ ငြိမ်းချမ်းရေးကတိစကားတို့ကား အရက်မူးတုန်းပြောသော အရက်သမားစကားပမာ မေ့မေ့ပျောက်ပျောက်ပင် ရှိခဲ့လေသည်။
မိုးဝသန်ကာလကလည်း နိုင်ငံအနှံ့ကျရောက်လုပြီဖြစ်သည်။ စစ်ဘေးကြောင့် နေရပ်မပြန်နိုင်ကြသော ဒုက္ခ သည်တွေက စခန်းအသီးသီးမှာရှိနေသည်။ လူသစ်ဆွဲ၊ ဆက်ကြေးကောက်၊ လူသတ်၊ မုဒိမ်းကျင့်မှုကြောင့် ရှမ်းနီတွေလည်း အိမ်ယာမဲ့ဘဝတစ်စတစ်စရောက်လာခဲ့ချေပြီ။ သုံးနှစ်ရာသီသာကူးခဲ့သည် အိမ်ပြန်ရက်က မှန်းဆမရနိုင်သေးပေ။ ဤအခြေအနေတွင် ဇာတ်ရှိန်မလျော့သော ခေါင်းဆောင်ကြီးအင်ဘန်လက သူမိုက်လုံးကြီးမှု နှစ် ၅၀ ပြည့်ရွှေရတုဆင်ယင်ကျင်းပဖို့ တာစူနေသည်။ အဲဒီငွေတွေ ဒုက္ခသည်တွေအတွက် ကူညီဖို့စိတ်မကူးခဲ့။ လူမိုက်တို့ထုံးစံအတိုင်း လူမိုက်လိုသာသုံးလိုသည်မှာ သဘာဝတော့ကျသည်။ အကျိုးမရှိသည့်အလုပ်တွေ တစ်သက်လုံးလုပ်လာတော့ အကျိုးရှိသည့်အလုပ်ကို ဘာမှန်းပင်မသိတော့။ ကျောင်းလည်း ကောင်းကောင်းမနေဖူး၊ စာလည်းမတတ်သောကြောင့် ဒုက္ခသည်စခန်းက ကလေးတွေပညာရေးကို စိတ်မပူတတ်ဟုပြောလျှင်လည်း လွန်မည် ထင်သည်။ အဘယ့်ကြောင့်ဆိုသော် KIO ခေါင်းဆောင်ကြီးအင်ဘန်လ၏သားသမီးများက စင်ကာပူမှာ ပညာတတ် ကလေးများဖြစ်နေသည်။ ထို့ကြောင့် လူအတော့ သူကမဟုတ်။ လူယုတ်မာတော့ ဖြစ်နိုင်သည်။
ထိုသူတွေ မည်မျှမိုက်လုံးကြီးကြပါစေ ဒုက္ခသည်ကလေးများအတွက်တော့ ကျွန်တော်ပူမိသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေးကြိုးပမ်းရန် ပြည်သူတိုင်းမှာ တာဝန်ရှိပါသည်။ ဒုက္ခသည် စခန်းတွေ ကို ကူညီထောက်ပံ့လှူဒါန်းရပါမည်။ သူတို့လေးတွေ အနာဂတ် KIO ငမိုက်သားတွေကြောင့် မပျောက်သင့်ပါ။ ပညာမတတ်လျှင် ထိုလူအန္တတွေရဲ့ အန္တရာယ်ကျော့ကွင်းထဲက ဘဝများဖြစ်သွားနိုင်သည်။ လူမိုက်တို့ခိုင်းရာ လုပ်မည့်ဘဝများဖြစ်သွားပေမည်။ ကျဉ်းမြောင်းသောအမြင်များ ရိုက်သွင်းခံရမည်။ လူမိုက်တွေအတွက် အသက် ပေးရလျှင် မတန်ပေ။ ထို့ကြောင့် ဦးအင်ဘန်လဆိုသော လူမိုက်ကြီးသေသောက်ကျူး၍ ရွှေရတုပွဲကျင်းပ နေချိန်တွင် ပညာတတ် ကချင်လူကြီးလူငယ်များအနေဖြင့် ကလေးတွေရဲ့ ပညာရေးအားပေးကြပါရန်နှင့် ငြိမ်းချမ်းရေး တမန်တော်ကြီးများလည်း ဘုရားသခင်ရဲ့ မေတ္တာတော်ကိုခံယူရင်း အောင်မြင်စွာဆောင်ရွက်နိုင်ကြပါရန် ထာဝရဘုရားသခင်ထံကို တိုင်တည်ဆုတောင်းနေမိပါတော့သည်။
ဇာတိမြေကို ယမ်းငွေ့ပြယ်စေချင်ပါပြီ အဖဘုရားသခင်…
ဘုရားသခင်၏ ကယ်တင်ခြင်း မေတ္တာတော်ဖြင့် ကချင်မြေ၏ ပြန်လည်ရှင်ပြန်ထမြောက်မှုကို ပေးသနား တော်မူပါ။ လူမိုက်တွေ ကျဆုံးဖို့ ဘုရားသခင်ချိုးနှိမ်ပေးတော်မူပါ။ အာမင်…
မရမ်ဘောက်လာ ( စင်္ကာပူအမျိုးသားတက္ကသိုလ်)





3 comments:

မြန် မာ အ စိုး ရ က ဒီ က ချင် ခွေး သူ ပုန် တွေ ကို အ ပြတ် တိုက် နိုင် ရဲ့ နဲ့ ဘာ ကြောင့် မ ဆိုက် ဆာ လဲ

ပြည် သူ တွေ နစ် နာ တယ်

အ ပြတ် ကျေ ငြာ ပြိး အ ပြတ် တိုက် ပစ် ရ မှာ

ဒီ ခွေး တွေ လောက် တော့ တ ယောက် မ ကျန် တိုက် ပစ် ရ မှာ


အ ခု တိုက် ပစ် ဒါ ဘဲ

ပခက တာ တိး

its sad that kachin people became refugee in their own state,because of KIA,KIO. you cant have the peace without giving up your weapon.

နိုင်​ငံ​တော်​အစိုးရကငြိမ်းချမ်း​ရေလမ်းစဉ်​နဲ့ပြည်​တွင်းငြိမ်းချမ်းပြီး..တိုင်းရင်းသာညီအကို​မောင်​နှမများဥမကွဲးသိုက်​မပျက်​..ချစ်​ချစ်​ခင်​ခင်​စီးစီးလုံးလုံးလက်​တွဲး​နေသွားနိုင်​ဖို့ကိုအစွမ်းကုန်​ညှိနိုင်း​ဆောင်းရွှက်​​နေတာကို...
{ပခက...တားတီး.}မင်းကဘာဖြစ်​လို့အဖြက်​စကား​ပြေားရတာလဲး.:..မင်းကတိုင်းပြည်​ကိုဖြက်​မယ့်​အလကားင​ကြောင်
ဆောက်​ရူး...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်