Subscribe to our RSS Feed

သမ္မတရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ရှင်းအား ပညာရေး ဒုဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၀/၂၀၁၄)
၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်
(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်)
ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဌာန်းချက်များအရ သမ္မတရုံးဝန်ကြီးဌာန (၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းအား ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်