Subscribe to our RSS Feed

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးအား တောင်ကိုရီးယား Global Agriculture Policy Institute (GAPI) နှင့် Kore

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား တောင်ကိုရီးယား သမ္မတနိုင်ငံ Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Lee ခေါင်းဆောင်သော အဖွဲ့သည် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ ညနေပိုင်း (၃) နာရီခွဲ အချိန်တွင် နေပြည်တော် ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ ဆုံသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား တောင်ကိုရီးယား သမ္မတနိုင်ငံ Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Lee ခေါင်းဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံစဉ်

တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော ဦးမောင်ဦး၊ ဦးမောင်ရှိန်၊ အလုပ်အမှုဆောင် ဦးလှသိန်းဆွေနှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ပြီး၊ တောင်ကိုရီးယား သမ္မတနိုင်ငံ Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Lee ခေါင်းဆောင်သော အဖွဲ့များ တက်ရောက်ကြသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် တောင်ကိုရီးယား သမ္မတနိုင်ငံ Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Lee အဖွဲ့တို့ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးစဉ်

ထိုသို့တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒ လမ်းစဉ်များ၊ မြန်မာနိုင်ငံ၌ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲ တိုးတက်အောင်မြင်လာမှုများ ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှုရှိသော ဥပဒေ များပြဋ္ဌာန်းကျင့်သုံးနေမှုများ ရှင်းလင်းဆွေးနွေးပြီး၊ မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံ ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုအား ပိုမိုတိုးမြှင့် ခိုင်မာအောင် ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ ကျေးလက်ဒေသများ၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် နည်းပညာများ ပူးပေါင်းဆောင် ရွက်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက တောင်ကိုရီးယား Global Agriculture Policy Institute (GAPI) နှင့် Korea FAO Association (KFA) Chairman Dr. Seng Ma Leeနှင့် အဖွဲ့ဝင်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး တက်ရောက်လာသော အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်