ပြဋ္ဌာန်းအကဲဖြတ်
သတင်းမီဒီယာ၏ တန်ဖိုးကို ပြဋ္ဌာန်း အကဲဖြတ်သည်မှာ ရောင်စုံစာမျက်နှာများ မဟုတ်ကြ။ စက္ကူ အကောင်းစားများက အဓိကမကျ။ အဖိုးအခဖြင့်လည်း မတွက် ဆ တတ်ကြ။ ပြည်သူတို့ ဖတ်ချင်၊ သိချင်၊ လေ့လာ စေ့ငုချင်သော သတင်း ဆောင်းပါး များကို တိကျခိုင်လုံစွာ၊ ယုံကြည်စိတ်ချစွာပုံအပ်၍ အချိန်တို အတွင်း ပေးဆပ်နိုင်မည့် သတင်း များကိုသာ တန်ဖိုးထား ဂရုတစိုက် ဖတ်ရှု လိုကြသည်။ အချို့က ဂရုတစိုက် သိမ်း ဆည်း စုဆောင်း သိုမှီး တတ်ကြသည်။ အချို့က ဆိုပါလျှင် သတင်း သုတေသန သဖွယ် သတ်သတ်မှတ်မှတ် ထားရှိကြသည်။
ပြည်သူ့ဘဝနီးစပ်မှု
သတင်းမီဒီယာသည် အီလက်ထရွန် နစ်(ဝါ)ပုံနှိပ်မီဒီယာဖြစ်စေ ပြည်သူ့ဘဝနှင့် နီးစပ်ကာ ပြည်သူတို့ခံစားကြုံတွေ့နေကြ ရသော နေ့စဉ်ဘဝကို ထင်ဟပ်ရန်လိုအပ် ပေသည်။ လျှပ်စစ်မီးပျက်၍ဒုက္ခရောက်နေ ချိန်တွင် သတင်းစာက “ပုံမှန်မီးပေးလျက် ရှိကြောင်းသိရသည်”ဟု သက်ဆိုင်ရာဌာန ဘက်က ရပ်တည်ဖော်ပြခဲ့ပါလျှင် ပြည်သူ တို့၏ ယုံကြည်မှုရှိမည် မဟုတ်ချေ။ သက်ဆိုင်ရာ မီဒီယာကလည်း ပေးပို့ ထုတ်ပြန်သောဌာနအတိုင်းသာ မျက်စိမှိတ် ဖော်ပြလိုက်ခြင်းဖြင့် တာဝန်ကျေ ဆောင် ရွက်ရန်မသင့်။ အမှန်တကယ် သက်ဆိုင် ရာ ရပ်ကွက်သို့ဖုန်းဖြင့် မေးမြန်းအတည်ပြု ချက်ယူ ရန်လိုအပ်သည်။ အသုံးချခံမီဒီယာ အဖြစ် မရပ်တည်နိုင်ပါချေ။
ယုံကြည်ကိုးစားမှု
ဆိုရပါလျှင် ပြည်သူ့အတွက်သတင်း မှန်မပေးနိုင်လင့်ထားပါ၊ သတင်းမှားတော့ မပေးမိစေရန် ဂရုပြုကြရပါမည်။ အဘယ့် ကြောင့်မူ နိုင်ငံပိုင်မီဒီယာအပေါ် ပြည်သူတို့ ၏ ယုံကြည်အားကိုးမှုကို လေးစားသင့် ပေသည်။ ပို၍ဆိုးသည်မှာ မီဒီယာကို မီဒီ ယာကပင် ပြန်သတ်နေမှု မဖြစ်သင့်ပါ။
ယနေ့ခေတ်ကဲ့သို့ စာနယ်ဇင်းလွတ်လပ်ခွင့် ကို တွင်တွင်ကြီးပြောနေရေးနေရကြရသည့် ကာလတွင် ပို၍ဂရုပြုစောင့်ရှောက်ပေးရန် လိုအပ်ပါသည်။ ယနေ့ သတင်းဂျာနယ်များသည် လွတ်လပ်ခွင့် အတိုင်းအတာ တစ်ခုအတွင်း သတင်းကို သူ့ထက်ငါ အပြိုင်အဆိုင်လုပ် ကိုင်နေကြသည်ကို တွေ့ရသည်။
ယခုကဲ့ သို့ပြိုင်ဆိုင်မှလည်း သတင်းမီဒီယာကဏ္ဍ ဖွံ့ထွား လာနိုင်ပါလိမ့်မည်။ သို့ရာတွင် အခွင့်ထူးခံ၍ သတင်းမီဒီယာကို မခြယ် လှယ်သင့်၊ မလှည့်စားသင့်၊ ဖြားယောင်း ရန်မသင့်ဟု ဆိုချင်ပါသည်။ Up-date (နောက်ဆုံးရသတင်း)များ ကို သတင်းမီဒီယာတိုင်းက ဦးစားပေး ဖော် ပြလိုကြသည်။ သူ့ထက်ငါဖြင့် ပြည့်ပြည့် စုံစုံ စီကာပတ်ကုံး ရေးသားဖော်ပြလိုကြ သည်။
ဤနေရာတွင် လူတစ်စု၊ အဖွဲ့ တစ်ဖွဲ့ကသာ ဝင်ရောက်ကာ လက်ဝါး ကြီး အုပ်သွားကြသော ဖြစ်စဉ်များက လည်း သတင်းမီဒီယာနယ်ပယ်၌ လတ် တလောရေပန်းစား လူပြောများနေသည်။ ထို့ကြောင့်အခွင့်ထူးခံများ နေရာတကာ၌ ထွင်းဖောက် ဝင်ရောက်လာနေပြီလားဟုပင် သံသယပွားမိခဲ့သည်။
ဖြတ်ကျော်နေရဆဲကာလ
မျက်မှောက် သတင်းမီဒီယာများ သည် အဆင့်တစ်ခုကို ဖြတ်ကျော်နေကြရ ဆဲဖြစ်သည်။ ယင်းသို့ ဖြတ်ကျော်ကြရာ တွင် “ဒွိဟစိတ်” (သို့) “ကြောင့်ကြစိတ်” (သို့) “မဝံ့မရဲစိတ်”စသည်တို့က ဖိစီးခံစား နေကြရသည်။ ဤတစ်ဆင့်ကိုသာ ကျော် ဖြတ်ရသည်ကပင် ခရီးဝေးတစ်ခုသို့ သွား ရောက်နေရသည့်နှယ် ခက်ခဲပင်ပန်းနေရ သည်။ ပစ္စက္ခကာလသည် ဤကဲ့သို့သော အနေအထား၊ အခင်းအကျင်းကို ရှိနေရန် မသင့်တော့ပါချေ။ “ရှဥ့်လည်းလျှောက် သာ၊ ပျားလည်းစွဲသာ” ဖြစ်သင့်နေပါပြီ။ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုရာတွင် ဆင်ခြင်တုံတရားနှင့် တာဝန်ယူမှုကိုကြား သိနေရပြန်သည်။
ဤသည်တို့မှာ သတင်း သမား ကျင့်ဝတ်များက ပြဆိုသတ်မှတ် ထားပြီးဖြစ်ပါသည်။ ထို့ကြောင့်သတင်းမီဒီယာတို့သတင်း တန်ဖိုးရှိရှိ၊ ကျင့်ဝတ်သိက္ခာရှိရှိ လျှောက် လှမ်းနိုင်ရန် အချိန်တန်နေပါပြီ။ သက် ဆိုင်ရာကလည်း လိုအပ်သည်ထက်မကြပ် မတ်မိစေရန် စောင့်ထိန်းလုပ်ဆောင်ကြရန် လိုအပ်ပါသည်။ တစ်ချိန်က ပုဂ္ဂလိကပိုင် သတင်းစာ များ ထွက်ရှိလာရန် ခတ်ကွင်းပြင်နေကြပြီ ဖြစ်ရာ ကြိုတင်၍ မဟန့်တားသင့်တော့ဟု ယူဆပါသည်။
သတင်းကို ငံ့လင့်ကြသော သတင်း စာဖတ်ပရိသတ်သည် မိမိသိရှိလိုသော အကြောင်းအရာဖတ်ရှုရန် သတင်းမီဒီယာ များကို အားထားကြသည်။ တစ်ခါတစ်ရံ ဝိဝါဒကွဲပြားနေသော သတင်းနှစ်ခုအကြား ဗျာများကြရသည်။ အထူးသဖြင့် သတင်း ကြီးများကို နိုင်ငံပိုင်မီဒီယာများကို ဖတ်ရှု ရန် အားကိုးတကြီးဖြင့် ရှာဖွေတတ်ကြ သည်။ ဖော်ပြခြင်း၊ ထုတ်လွှင့်ခြင်းမရှိပါက ယုံကြည်အားကိုးမှုလျော့ပါးလာကြရသည်။
ထင်ထင်ရှားရှားဖော်ပြသင့်
ပမာအားဖြင့် ပြည်သူများ စိတ်ဝင်စား ၍ လက်တွေ့ခံစားကြုံတွေ့နေကြရသော လိုင်းကားကိစ္စ၊ ထီလက်မှတ်ကိစ္စ၊ စည်ပင် သာယာကိစ္စ၊ ကုန်စည်သတင်း၊ လမ်း တံတားကိစ္စ၊ ရထားစီးနင်းမှု၊ ငွေလဲမှုကိစ္စ စသည်တို့ကို နိုင်ငံပိုင်ပုံနှိပ်မီဒီယာတို့တွင် ယခုထက် ပြည့်ပြည့်စုံစုံဖော်ပြပေးရန် လို လားလျက်ရှိကြသည်။ အချို့သတင်းများ ကို မဝံ့မရဲမထင်မရှားမဟုတ်ဘဲ မျက်နှာဖုံး သတင်းတင်၍ ထင်ထင်ရှားရှားတိတိလင်း လင်းဖော်ပြပေးရန် မျှော်လင့်နေကြသည်။
မိမိတို့ ဖော်ပြသော သတင်းသည် စာဖတ်သူ ပြည်သူတို့နှင့် နီးစပ်ရန်လို အပ်သည်။ ကိုရီးယားမင်းသမီးတစ်ဦး၏ မင်္ဂလာသတင်းသည် မြန်မာအမျိုးသမီး များအတွက် အကျိုးပြုသတင်းတစ်ပုဒ် ဖြစ်နိုင်ပါ့မလား။ အနောက်နိုင်ငံ ပေါ့ပ် အဆိုတော်တစ်ဦး၏ အယ်လ်ဘမ်စံချိန် တင် ရောင်းချရမှုသည် မြန်မာ့ဂီတလောက ကို ထင်ဟပ်နိုင်ပါ့မလား။ ပရီမီးယားလိဂ် အသင်းကြီးတစ်သင်း၏ ကြွယ်ဝချမ်းသာ မှုက မြန်မာ့ဘောလုံးလောကကို အဆင့် မြှင့်တင်ရန် အထောက်အကူပြုနိုင်ပါ့မလား စသည့် သတင်းဖော်ပြချက်မျိုးကို ပြန် လည်ဆန်းစစ်သုံးသပ်ရန် လိုအပ်ပါလိမ့် မည်။
မီဒီယာတာဝန်
မိမိတို့ကိုယ်စားပြုသော အဖွဲ့အတွင်း ဆောင်ရွက်နေရသော မီဒီယာတာဝန်ကို ကိုယ်တိုင် ပီပီပြင်ပြင်သိမြင်ထားကြရန် လိုပေသည်။ ပေါ့ဂျာနယ်တစ်စောင်ကဲ့သို့ အားကစားဂျာနယ် တစ်စောင်၏အရေး အသားဖော်ပြချက်များကို တုပမည်ဆိုပါ က မိမိ၏ မီဒီယာအဆင့်အတန်းကို ပြန် လည်တွက်ဆချင့်ချိန်ကြရန် လိုပေသည်။ ယင်းသို့သော လုပ်ဆောင်မှုများသည် ဈေး ကွက်အတွက်လား၊ ဆွဲဆောင်မှုသက် သက်လား၊ စာဖတ်ပရိသတ်အတွက်လား ဆိုသည်များကို တိတိပပ ကွဲကွဲပြားပြား သိမြင်ထားကြရပါလိမ့်မည်။
ဆိုလိုသည်မှာ ဂျာနယ်၏ အတိမ် အနက်၊ ဖြန့်ကြက်နိုင်မှု အနေအထား၊ ဖွဲ့စည်းမှု ပုံသဏ္ဌာန်သည် သတင်းစာနှင့် မတူသည်ကို သဘောပေါက်သိမြင်သင့်ပါ သည်။ သတင်းစာကို သတင်းစာနှင့်တူ အောင်၊ ထက်မြက်အောင်၊ သွက်လက် အောင်၊ ပြည်သူများ အားကိုးယုံကြည်လာ အောင် ပြည်သူများနီးစပ်သည့်သတင်း အဖြစ်အပျက်၊ အကြောင်းအရာ၊ ဗဟု သုတများဖြင့်သာ ဖွဲ့စည်းဖော်ပြသင့်ပေ သည်။
သတင်းစာကို အောက်ခြေလူတန်း စားအလွှာ၏ လက်ကိုင်ပြုရမည့် မီဒီယာ အဖြစ်ဦးတည်ဖော်ဆောင် ထုတ်ဝေသင့်ပါ သည်။ သတင်းမီဒီယာ တစ်စောင်၏ တန်ဖိုး ကို ပြဋ္ဌာန်းရာတွင် ဖြန့်ချိသည့် ပုံသဏ္ဌာန်၊ အချိန်အတိုင်းအတာ၊ ပြည်သူ့လက်ဝယ် သို့ ရောက်ရှိသည်အထိ လှမ်းမြင်ကြည့်နိုင် ရန် လိုအပ်ပါသည်။ “မိမိစားပွဲပေါ်ကို ရောက်လာချိန်တွင် လက်ဖက်ရည်ဆိုင်၌ ပြည်သူတို့ စကားဝိုင်းဖွဲ့ ဖတ်ရှုနိုင်ပါရဲ့ လား” ဟူသော အတွေးဖြင့်စေ့ငုကြည့်ရပါ လိမ့်မည်။
မီဒီယာနှင့်စေတနာ
သတင်းမီဒီယာတစ်ခု၏တန်ဖိုးသည် ယင်းမီဒီယာ၏ ဂုဏ်သိက္ခာကိုပြဆိုသည်။ ရေးသားတည်းဖြတ်မှု အဝ၀သည် အယ် ဒီတာအဖွဲ့၏ကျွမ်းကျင်မှုကို ဖော်ပြသည်။ စာဖတ်ပရိသတ် ပြည်သူ့ထံမှောက်ရောက်ရှိ ဖြန့်ချိနိုင်သည့် ပုံသဏ္ဌာန်သည် ကွပ်ကဲ စီမံမှုကို ထင်ဟပ်သည်။ ဖွဲ့စည်းမူမှအစ ကြော်ငြာအဆုံး သက်ဆိုင်ရာမီဒီယာ၏ စေတနာကို ဖော်ပြနေသည်ကို အမှတ် ထင်ထင်ရှိကြရန် လိုအပ်ပါသည်။
ခြုံ၍ဆိုရပါလျှင် မျက်မှောက် ဒီမို ကရေစီ ခရီးလမ်းကြောင်းတွင် သတင်း မီဒီယာ၏တန်ဖိုးကိုချိန်စက်ရာ၌ ယုံကြည် မှု၊ ရိုးသားမှု၊ ပြည်သူနှင့် တစ်သားတည်း ရှိမှု၊ ပြည်သူ့အသံကိုထင်ဟပ်နိုင်မှု၊ ပြည်သူ ကို စာနာနားလည်မှုမှသည် ကျွမ်းကျင်မှု၊ စေတနာထားရှိနိုင်မှုအဆုံး အစိုးရ၊ မီဒီယာ နှင့် ပြည်သူတို့အကြား သဟဇာတရှိရှိ အပြန်အလှန် လေးစားယုံကြည်ခြင်းက သာ သတင်းမီဒီယာ၏တန်ဖိုးကို မှတ် ကျောက်တင်ခံနိုင်မည် ဖြစ်ပါကြောင်း သုံး သပ်ရေးသားလိုက်ရပါသည်။
1 comments:
စောက်ရူးကြီးငမိုးသီး ကသူ့ ချီ့းblogမှာ "အမေရိကန် နိင်ငံတွင် နိင်ငံခြားသားများဝင်ခြင်တိုင်းဝင်လို့ မရပါ။ ဘာကြောင့်လဲ ဆိုတော့ဒီမိုကရေစီရှိလို့ ဖြစ်ပါတယ်။ တရားဥပဒေရှိလို့ ဖြစ်ပါတယ်။"
တဲ့။..တရားမဝင်ခိုးနေသူ ၂၀၁၂မှာ ၁၂သန်း ရှိတာခွေးလိုးမသားတွေ ၆တန်းမအောင်လို့ မသိတာဖြစ်မယ် စာသင်ပြီးဒီဒါလေးဖတ်ကြည့်အုန်း။
There are 12 million undocumented immigrants living in America.
Read more:
http://www.businessinsider.com/illegal-immigrants-living-in-the-us-2012-4
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်