Subscribe to our RSS Feed

စကပ်တိုဝတ်ပြီး အင်တာနက်ဆိုင်မှာ အင်တာနက်သုံးမယ်ဆိုရင်သတိထားပါ


တစ်ခါ့က ကျွန်တော် အင်တာနက် သုံးဖို့ဆိုင်ကိုသွားတယ်... ဆိုင်တစ်ပေါ့ဗျာ.... ဆိုင်လေးက တော်တော်သန့်တယ်... ဆိုင်ရဲ့ဖွဲ့စည်းပုံရော ... သုံးထားတဲ့အရောင်တွေရော... မိုက်တယ်ဆိုပါတော့ဗျာ။ ဒီလိုနဲ့သုံးနေရင်း နာရီဝက်လောက်ကြာတော့ ကျွန်တော့်ဘေးစက်ကိုလူတစ်ယောက် လာသုံးတယ်ဗျ.... သူဟာသူသုံးလိုက် ဆိုင်မှာရှိတဲ့သူနဲ့သိတဲ့ ကောင်လေးတွေကို သူသုံးနေတဲ့စက်ကိုခေါ်ပြလိုက်နဲ့..... အော်ကျယ်အော်ကျယ်နဲ့ပေါ့.... ကျွန်တော်လည်းကိုယ့်အာရုံနဲ့ ကိုယ်မို့လို့သူ့ကို ပထမတော့သတိမထားမိဘူး.... နောက်တော့ ကိုယ့်ဆရာကဘယ်ဟုတ်မလဲဗျ ... vzo ကိုဖွင့်ပြီး web cam ကိုသူ့ခြေမ နဲ့ ခြေညှိုးကြားမှာညှပ်ပြီး အောက်ကနေ ရှေ့ကကောင်မလေးတွေကိုကြည့်နေတာကိုဗျ.... ကောင်မလေးတွေက စကပ်တိုလေးတွေနဲ့ဆိုတော့ ကိုယ့်ဆရာသမားက အကြိုက်တွေ့နေတော့တာပဲ.... ဓါတ်ပုံတွေလဲရိုက်လိုက် တာတဖျပ်ဖျပ်နဲ့..... နောက်တော့ ကောင်မလေးတွေပြန်သွားတယ်... ကျွန်တော်လည်းသူ့ကို သတိထားလိုက်မိတယ်... သူလုပ်တာကို ကိုယ်ကမြင်နေပေမယ့် ဟိုကောင်မလေးတွေက လုံးဝမသိဘူး... နောက်ထပ်ရောက် လာတဲ့ကောင်မလေးကတော့ ထမီတွေ နဲ့ဆိုတော့ ငနဲကတွက်ချေ မကိုက်တော့ဘူး... နောက်ကျွန်တော်လည်းသူ့ကို သေချာဘုရှိုးရှိုးလိုက်တယ်... ခဏကြာတော့ငနဲထလစ်သွားတယ်... ဒီဘဲက အင်တာနက်တောင်ဖြစ်ဖြစ်မြောက်သုံးတတ်တာမဟုတ်ဘူး....ဘာ web site မှကြည့်တာမဟုတ်ဘူး... vzo ကို full screen လုပ်ပြီးကြည့်တာ.... vzo ကိုလည်းဆိုင် ကကောင်လေးတွေ ကိုဖွင့်ခိုင်းပြီးသုံးတာ... ဥာဏ်တော့ တော်တော်ကောင်းပဲ.... ကျွန်တော်လည်းယောကျာ်းလေးပါ... ဒါပေမယ့် ဒီဘဲလုပ်ပုံက တော်တော်အောက်တန်း ကျတဲ့လုပ်ရပ်ပဲ... ကျွန်တော့်သူငယ်ချင်းမလေးတွေလဲ သတိထားလို့ရအောင် သိထားအောင်လို့ သတိပေးလိုက်ပါတယ်.....

Myanmar Express

7 comments:

သောက်ကျင့် မကောင်းတဲ့ ကောင်..

အင်း....ဟုတ်တယ်နော် ဒီလိုသတိပေးတာ ကျေးဇူးတင်စရာကောင်းပါတယ်။ဖတ်ပြီးတဲ့လူတွေအနေနဲ့လဲ ဒီစာလေးကို share ပေးကြရင်ကောင်းမယ် ဒါမှလဲ မိန်းကလေးတွေ သတိထားမိကြမှာ နို့မို့ အဲဒီကောင်က နှမချင်းမစာနာ လိုက်လုပ်နေရင် မိန်းကလေးတွေအရှက်ကွဲတာပေါ့...ဒါမှမဟုတ် အဲဒီလူက နှာရူး ရူးနေတာလားမသိဘူး...လုံးဝအဆင့်အတန်းမရှိတဲ့လုပ်ရပ်ကို လူလယ်ခေါင်မှာ လုပ်ရဲတယ်ဆိုတော့ ပညာမတက်တဲ့ အောက်တန်းစားဖြစ်ရမယ်...

ရုပ်ကိုက ကြာကူလီရုပ် ကျက်သရေတုံး

လူစိတ်မရှိတဲ့လူတွေနော် ........

သတိတော့ ထားကြပါနော်...လူစိတ်ရှိတဲ့သူတော့မဟူတ်လောက်ဘူးထင်တယ်နော်...မိုက်ရိုင်းတယ် အရမ်းပဲ........အားလုံးသတိရှိဖို့တော့လိုတယ်လေအထူးသဖြင့်မိန်းကလေးတွေပေါ့လေ....

အရမ်းကျေးဇူးတင်ပါတယ် အကိုရယ်

ကိုယ်တိုင်မလုပ်ရဲပေမယ့်၊ မြန်မာမိန်းကလေးတွေ အတွက် တော့ ဒီလိုကောင်မျိုးတွေ ရှိသင့်တယ်။ ဒါမှ အနေ အထိုင် ၊ အ၀တ်အစား ဆင်ဆင်ခြင်ခြင် ၀တ်ကြမှာ ၊ ဗိုင်းကောင်း ကျောက်ဖိ နေထိုင်ကြလာမှာ။ ကောင်းတော့ မကောင်းဘူးပေါ့၊ (အကုန်မမြင်ရလို့)..။မ မြင်စေချင်ရက် လုံလုံခြုံခြုံ ၀တ်၊ မြင်စေချင်ရင် ဗလာဝတ်လာခဲ့ပေါ့။ စိတ်ရင်းအမှန် အတိုင်း ပြောတာပါ။ ယုတ်မာချင်လို့မဟုတ်.....။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်