Subscribe to our RSS Feed

ပုဂ္ဂလိက ဘဏ်များတွင် ကုန်သွယ်ရေး အယ်လ်စီ စာရင်းအား လာမယ့် အပတ်တွင် စတင်ဖွင့်လှစ် နိုင်တော့မည်


From : MRTV-4

ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားတဲ့ ပုဂ္ဂလိက ဘဏ်အချို့မှာ ကုန်သွယ်ရေး အယ်လ်စီ ငွေလွှဲစာတမ်းကို လာမယ့် အပတ်မှာ စတင် ဖွင့်လှစ် နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကုန်သွယ်ရေး အယ်လ်စီ ငွေလွှဲစာတမ်း ဖွင့်ပေးရာမှာ အမေရိကန် ဒေါ်လာ၊ စင်္ကာပူ ဒေါ်လာ၊ ယူရို၊ ယန်းတို့ အပြင် ယွမ်၊ ၀မ်၊ ရူပီးနဲ့ ဘတ် စတာစတဲ့ ငွေကြေး အမျိုးအစားတွေနဲ့ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။

အခု လက်ရှိ မှာတော့ အဆိုပါ ကုန်သွယ်ရေး အယ်လ်စီ ငွေလွှဲစာတမ်း ဖွင့်လှစ်ပေးနိုင်ဖို့ လိုအပ်တဲ့ စီစဉ်ဆောင်ရွက်မှု တွေကို ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အခု လက်ရှိ မှာတော့ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်အချို့ဟာ ဇူလိုင်လ ၉ ရက်နေ့ ကစပြီး နိုင်ငံခြားငွေ စာရင်း စတင်ဖွင့်လှစ် ခွင့်ရရှိပြီး နိုင်ငံခြားငွေ စာရင်းများ ဖွင့်လှစ်ပေးနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယ အဆင့် အနေနဲ့ လာမယ့် အပတ် မှာတော့ ကုန်သွယ်ရေး အယ်လ်စီ ငွေလွှဲစာတမ်း စတင်ဖွင့်လှစ် နိုင်ဖို့ ဗဟိုဘဏ် ကလည်း ခွင့်ပြုပေး လိုက်ပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်