Subscribe to our RSS Feed

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် (၃)ရပ်လက်မှတ်ရေးထိုး


From : ကျော်ဇေယျ (Yangon Media Group)

မြန်မာနှင့် ထိုင်းနိုင်ငံတို့ အကြားတွင် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာသဘောတူညီချက်(၃)ရပ်ကို ဇူလိုင် ၂၃ရက် က ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့တော်တွင်လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ သို့ချစ်ကြည်ရေးအ လည်အပတ်ရောက်ရှိနေသည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန် ကြီးချုပ် ယင်လတ်ရှင်နာဝါထရာနှင့် ဇူလိုင်၂၃ရက်နံနက်တွင် အစိုးရ အိမ် တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းတို့ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါသဘောတူညီချက်(၃) ရပ်မှာ နားလည်မှုစာချွန်လွှာ(၂)ရပ် နှင့်သဘောတူ သတင်းထုတ်ပြန်ချက် တစ်ရပ် တို့ဖြစ်ကြကြောင်း မြန်မာနိုင် ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ရန်ကုန်တိုင်းမ် သို့ ပြောကြား သည်။

နားလည်မှုစာချွန်လွှာ နှစ်ရပ်မှာ ထားဝယ်စက်မှုဒေသနှင့်လမ်ချာဗန် စက်မှုဒေသတို့ချိတ်ဆက်အကောင် အထည်ဖော်မည့် စီမံကိန်းများအား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာနှင့် မြန်မာနိုင်ငံ ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ထိုင်း နိုင်ငံမှပူးပေါင်းကူညီမည့် နားလည် မှုစာချွန်လွှာ တို့ဖြစ်ကြပြီး မြန်မာနိုင်ငံ ခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်နှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီး Mr. Surapong Tovichakchaikul တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သဘောတူ သတင်းထုတ်ပြန် ချက်တစ်ရပ်မှာစွမ်းအင်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဖြစ်ပြီး မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးသန်းဌေး နှင့်ထိုင်းစွမ်းအင်ဝန်ကြီး MR.ARAK CHONLA- TANON လက်မှတ်ရေး ထိုးခဲ့ကြ သည်။ ထိုလက်မှတ်ရေးထိုးပွဲသို့နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ တက်ရောက် ခဲ့ကြသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ချစ်ကြည်ရေးခရီးစဉ်ကို ဇူလိုင်လ ၂၂ ရက်နေ့က သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းခရီးစဉ်သည် ဇူလိုင် ၂၄ ရက် အထိဖြစ်သဖြင့် သုံးရက်ကြာ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အစိုးရအဖွဲ့ဝင်များ အဖြစ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ အလုပ်သမားဝန် ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊ကရင်ပြည်နယ်ဝန်ကြီး ချုပ်၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ စစ်ရေးချုပ်၊ စက်မှုဝန် ကြီးဌာနဒုတိယဝန်ကြီး၊ ရထားပို့ ဆောင်ရေး ဝန်ကြီးဌာနဒုတိယဝန် ကြီး၊ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ စက်မှုဇုံ ကိုယ်စားလှယ်များ၊ မီဒီယာ များ အပါအဝင် စုစုပေါင်း ၇၀ ဦး လိုက်ပါသွားကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်