Subscribe to our RSS Feed

တက္ကသိုလ်အများစု၏ ဝင်ခွင့်အမှတ်များ၍ ခေါ်ယူသည့်လူဦးရေ အရေအတွက် အပြောင်းအလဲများစွာရှိသဖြင့် အထူးဂရုစိုက် လျှောက်ထားသင့်


From : ခေတ်လူငယ်

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်၍ တက္ကသိုလ်အများစု၏ ဝင်ခွင့်အမှတ်များ၊ ခေါ်ယူသည့်လူဦးရေ အရေအတွက် အပြောင်းအလဲ များစွာရှိသဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့်သူများအနေဖြင့် ဦးစားပေး တက္ကသိုလ်များ လျှောက်ထားရာတွင် အထူးဂရုစိုက်၍ လျှောက်ထားသင့်သည်ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားပါမောက္ခတစ်ဦးမှ ပြောသည်။ “ဒီနှစ်တက္ကသိုလ် ဝင်ခွင့်ကို လျှောက်ထားမယ့်သူတွေ သေချာဂရုစိုက် လျှောက်ထားသင့်တယ်။ ဒီနှစ်က တက္ကသိုလ်ဝင်ခွင့်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ လုပ်ထားတယ်။ အမှတ်ကောင်းတဲ့သူတွေ အနေနဲ့ ပိုပြီး ဂရုစိုက်သင့်တယ်။ အခုထွက်လာမယ့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ကို သေချာဖတ်စေချင်တယ်။ ဦးစားပေးတက္ကသိုလ် လျှောက်ထားတဲ့အခါမှာ မိမိရရှိတဲ့ အမှတ်နဲ့ ကိုက်ညီတဲ့ အကောင်းဆုံး တက္ကသိုလ်ကို ဦးစားပေး ရွေးချယ်သင့်တယ်။ ဒီနှစ်မှာ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေက ဝင်ခွင့်အမှတ်တွေမြှင့်ပြီး ကျောင်းသားဦးရေ လျော့ခေါ်မယ်ဆိုတော့ အဲ့ဒီတက္ကသိုလ်တွေရဲ့ ဝင်ခွင့်ရမှတ် တိတိသာရတဲ့ ကလေးတွေအနေနဲ့ ရရှိဖို့ ခက်ခဲလိမ့်မယ်။ လျှောက်ထားတဲ့အခါမှာ အရင်ဆုံး ကိုယ်ဘယ်တက္ကသိုလ်တက်ဖို့ စိတ်ဝင်စားတယ်ဆိုတာ စဉ်းစားရမယ်။ ဘယ်တက္ကသိုလ်ဖြစ်ဖြစ် ကိုယ်ဝါသနာပါရင် ပိုပြီးတော့ကောင်းတယ်။ သူငယ်ချင်းတွေ လျှောက်လို့ လိုက်မလျှောက်စေချင်ဘူး။ မိမိရရှိတဲ့ရမှတ်နဲ့ ကိုက်ညီတဲ့တက္ကသိုလ်ကို သေချာရွေးချယ်သင့်တယ်” ဟု အဆိုပါအငြိမ်းစား ပါမောက္ခက ပြောသည်။ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် အမှတ်စာရင်း၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် ပုံစံများကို ဇူလိုင် ၂၄ ရက်မှစ၍ မိမိတို့စာမေးပွဲ ဖြေဆိုခဲ့သည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများထံတွင် ကိုယ်တိုင်ထုတ်ယူနိုင်မည်ဟု သိရပြီး ဝင်ခွင့်လျှောက်လွှာများကို ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁၅ ရက်အထိ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ)၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) တွင် လျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

fuck what is this photo nothing for this new mother fucker

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်