Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သူ ပြင်သစ် သမ္မတဟောင်း နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များ ရှာဖွေ


From : The Voice

တရားမဝင် ရွေးကောက်ပွဲ ရန်ပုံငွေ ကောက်ခံခဲ့မှုနှင့် ပတ်သက်ပြီး ပြင်သစ် သမ္မတဟောင်း ဆာကိုဇီ၏ နေအိမ်နှင့် ရုံးခန်းကို ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေလျက် ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

၂၀၀၇ ရွေးကောက်ပွဲ ကာလအတွင်း L’Oreal အလှကုန် လုပ်ငန်းပိုင်ရှင် ပြင်သစ် နိုင်ငံ၏ အချမ်းသာဆုံး အမျိုးသမီး Liliane Bettencourt ထံမှ တရားမဝင် ရွေးကောက်ပွဲ ရန်ပုံငွေ ကောက်ခံခဲ့မှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမူများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် သမ္မတဟောင်း ဆာကိုဇီသည် မိသားစုဝင်များ နှင့်အတူ ကနေဒါနိုင်ငံသို့ ရောက်ရှိ နေကြောင်း ၎င်း၏ ရှေ့နေဖြစ်သူ Thierry Herzog က AFP သတင်းဌာနကို ထုတ်ဖော် ပြောကြားသွားသည်။

ပြင်သစ်နိုင်ငံတွင် လူတစ်ဦးချင်းစီ၏ ရွေးကောက်ပွဲ ရန်ပုံငွေ ထည့်ဝင်နိုင်မူ ပမာဏကို ၄၆၀၀ ယူရိုငွေ ထိသာ ခွင့်ပြုထား သော်လည်း L’Oreal အလှကုန် လုပ်ငန်းပိုင်ရှင် ထံမှ ရန်ပုံငွေ ယူရို ၁၅၀,၀၀၀ ထိ တရားမဝင် ကောက်ခံခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆာကိုဇီသည် မေလအတွင်းက ကျင်းပခဲ့သော ပြင်သစ် သမ္မတရွေးကောက်ပွဲတွင် ဆိုရှယ်လစ် သမ္မတလောင်း ဟော်လန်ဒီကို ရှုံးနိမ့်ခဲ့၍ ပြင်သစ်သမ္မတ အဖြစ်မှ နုတ်ထွက် ခဲ့ရသည်။

ထိုကြောင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေပါက တရားစွဲဆိုခြင်းမှ ယာယီကင်းလွတ်ခွင့် ပေးသည့် အကာအကွယ်မှာ ဇွန်လ ၁၆ ရက်နေ့မှစ၍ သက်တမ်း ကုန်ဆုံးခဲ့ရာ ယခုကဲ့သို့ ပြင်သစ် ရဲတပ်ဖွဲ့ဝင်များက သမ္မတဟောင်း ဆာကိုဇီ၏ နေအိမ်အတွင်း ဝင်ရောက် ရှာဖွေကြခြင်း ဖြစ်သည်။

သို့သော်လည်း စွပ်စွဲ ပြောကြားချက်များမှာ လိမ်ညာမှုများသာ ဖြစ်ပြီး မိမိ၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် တမင်လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း သမ္မတဟောင်း ဆာကိုဇီက တုံ့ပြန်ပြောကြား သွားသည်။

Myanmar Express

2 comments:

သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့

ဒေါ်စုနာမည်ပါတဲ့ တက်တင်းထိုးထားတဲ့ အတွင်းခံ. ၂ ထည်. တွေ့တယ်ဆို

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်