Subscribe to our RSS Feed

ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် အထူးကု ဆရာဝန်ကြီးများ သွားရောက် ကုသ


From : MRTV-4

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေကြောင့် ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင် နေကြရတဲ့ ပြည်သူတွေ အတွက် ကျန်းမာရေး ၀န်ကြီး ဌာန၊

ပြည်ထောင်စု ၀န်ကြီးရဲ့ လမ်းညွှန်မှု၊ ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရဲ့ အစီအစဉ်နဲ့ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး အဖွဲ့တွေကို စေလွှတ်ကာ ကုသပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို သွားရောက် ကုသရာမှာ ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး ၄ ဦးက သွားရောက် ကုသပေး လျက်ရှိတာ ဖြစ်ပါတယ်။

အဲ့ဒီလို ကုသရာ မှာတော့ ရခိုင်ပြည်နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းတွေ မှာရှိတဲ့ ပြည်သူ အားလုံးရဲ့ကျန်းမာရေး လိုအပ်ချက်တွေ အားလုံးကို ကုသ စောင့်ရှောက် ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျန်းမာရေး ၀န်ကြီး ဌာနရဲ့ အစီအစဉ်နဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် ကုပေး နေမှုတွေ သာမက မြန်မာနိုင်ငံ ဆရာဝန် အသင်း ရန်ကုန်မှ ဆရာဝန် ၁၇ ဦး ကလည်း ဇွန်လ ၂၂ ရက်နေ့ ကတည်းက သွားရောက်ကာ ကျန်းမာရေး ကုသ စောင့်ရှောက်မှုတွေ ပြုလုပ်ပေး ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆရာဝန် အသင်းက အခုလို သွားရောက် ကုသမှုမှာ ကျန်းမာရေး စောင့်ရှောက်မှု တွေကို ၁၅ ရက်ကြာ ပြုလုပ်ပေး သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ဆရာဝန် အသင်း မန္တလေး ကလည်း လိုအပ်သလို ကျန်းမာရေး စောင့်ရှောက် ကုသမှုတွေကို ဆက်လက် ပြုလုပ် ပေးသွားဖို့စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်