Subscribe to our RSS Feed

အမေရိကန်တွင် မိုးကြိုးပစ်ချသဖြင့် ဘောလုံးကစားသမားနှစ်ဦး သေဆုံး

From : Planet

ဟူစတန်တွင် မိုးသက်မုန်တိုင်း ကျရောက်ပြီး ဘောလုံးကွင်းအနီးရှိ သစ်ပင်ကို မိုးကြိုးပစ်ချရာမှ အနီးရှိ ကစားသမား (၃)ဦးကို ထိခိုက်မိခြင်းဖြစ်

အမေရိကန်တွင် မိုးကြိုးပစ်ချသဖြင့် ဘောလုံးကစားသမားနှစ်ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ ဟူစတန်တွင် ဘောလုံးပြိုင်ပွဲ တစ်ခု၌ မိုးကြိုးပစ်ချ၍ ကစားသမား(၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ဟူစတန်တွင် မိုးသက်မုန်တိုင်း ကျရောက်ပြီး ဘောလုံးကွင်းအနီးရှိ သစ်ပင်ကို မိုးကြိုးပစ်ချရာမှ အနီးရှိ ကစားသမား (၃)ဦးကို ထိခိုက်မိခြင်း ဖြစ်သည်။ ဟားရစ်ခရိုင် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိ သောမတ် ဂီလီလန်က မိုးသည်းထန်စွာ ရွာသွန်းလာချိန်တွင် ဘောလုံးပွဲကို ခေတ္တရပ်နားပြီး အနီးရှိ သစ်ပင်များတွင် ကစားသမားများ မိုးခိုနေခဲ့ကြောင်း ဆိုသည်။ ထိုစဉ် သစ်ပင် တစ်ပင်ကို တည့်မတ်စွာ မိုးကြိုးပစ်ချရာ မိုးခိုနေသူများအနက် တစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။



မိုးကြိုးစက်ကွင်း သက်ရောက်ထိမှန်သူ အခြား(၂)ဦးလည်း ရှိခဲ့ရာ ၎င်းတို့ကို ဟူစတန် ဆေးရုံတစ်ခုသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။ သို့သော်လည်း ဆေးရုံအရောက်တွင် နောက်ထပ်တစ်ဦး သေဆုံးသွားပြန်သည်။ ကျန်တစ်ဦးမှာမူ ဆေးဝါးကုသမှုများ ခံယူပြီးနောက် ယခုအခါ အခြေအနေ တည်ငြိမ်နေပြီဟု ဘန်တော့ဘ် အထွေထွေ ဆေးရုံမှ ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် သေဆုံးသူများ၏ အမည်ကို ကြေညာခြင်း မရှိသေးချေ။ ဟူစတန်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မိုးများ သည်းထန်စွာ ရွာသွန်းနေရာ ရေကြီးပြီး အိမ်ခြေ (၅၀)မှ (၁၀၀)ထိ ရေမြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်