Everyone that needs to be protected, should be protected. ” “ ကာကွယ်စောင့်ရှောက်မှုခံ ယူဖို့ လိုအပ်တဲ့ လူသားတိုင်းကို ကာကွယ်စောင့်ရှောက်မှုပေးရလိမ့်မယ် ” လို့ လက်ရှိ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး ( UNHCR ) ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား ( Antonio Guterres ) က ပြောခဲ့ပါတယ်။
အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီးတစ်ဦး၏ လူသားဆန်သော အတွေးအခေါ်နှင့်ခံယူချက်ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း အားလုံးလည်း တွေးခေါ်ခံစားပြီး လက်တွေ့ကျင့်ကြံပြီး လူသားအကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည်ဖြစ်ပါသည်။
မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရား သော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့်အမြင်များကို တွေ့နေရပါသည်။ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှ အရာရှိတစ်ချို့တို့သည် မြန်မာနိုင်ငံရေးသမိုင်းနှင့်ပဋိပက္ခသဘောတရားများ၊ နိုင်ငံရေးပထ၀ီသ မိုင်းကြောင်းနှင့်လူမှုဘ၀များကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်းမရှိကြောင်း တွေ့ရပါသည်။
ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများအနေနဲ့ အချိန်မရွေးပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရက ဗမာဖြစ်သည့်အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ကြုံခဲ့သူများက လာရောက်ပြောကြားကြသည်။
ထို့ပြင် တိုင်းရင်းသားလူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသား လူနည်းစုများကို ပိုမိုစောင့်ရှောက်ပေးသင့်သည်ဟု ယူဆနေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိတစ်ချို့ ၏ ခွဲခြားဆက်ဆံမှု ( Discrimination ) ပြစ်မှုနှင့်မတရားသောဆုံဖြတ်ချက်ဖြစ်ပါသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၁၄(က)ပါ “ မတရားအပြစ်ပေးခံရ တော့မည်ဆိုပါက လူသားတိုင်းသည် တခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနိုင်သည် ” ဟူသော အချက်ကို လည်း ချိုးဖောက်ရာကြပါသည်။UNHCR က ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားပြစ်မှု ( Nationality )၊ နိုင်ငံရေးယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့တစ်ဖွဲ့ဖွဲ့သို့ ၀င်ရောက်ခြင်းတို့ ကြောင့် မတရားညှင်းပန်းနှိပ်စက်အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိ သူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မခံယူနိုင်သောသူ များဟု အဓိပ္ပါယ်ဖွင့်ထားသည်။
UNHCR အပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းကြီးများ၊ NGO များအပါအ၀င်လူမှုရေးအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစားအားကျဖွယ်ဖြစ်ပါသည်။
မလေးရှား UNHCR အရာရှိတစ်ချို့နှင့် မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံကြသူများ၊ ဒုက္ခသည်များကြားတွင် မြန်မာနိုင်ငံသား အချင်းချင်း ခွဲခြားဆက်ဆံမှုများ၊ အမြင်မ ရှင်းမှုများ ဖြစ်နေကြရပါသည်။
UNHCR အရာရှိတစ်ချို့၏ မတရားသော လုပ်ရပ်များနှင့်ယုတ္တိမတန်သော တုန့်ပြန်ချက်များနှင့်ပတ် သက်၍ တင်ပြတိုင်ကြားသောအခါ၌လည်း “ ပြီးခဲ့တဲ့တစ်နှစ်ကအကြောင်းတွေပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲပြန်မပြောပါနဲ့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီအစဉ်တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတဖြစ်အောင် လုပ် ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့အလုပ်တခြားစီဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြပြီဖြစ်ပါသည်။
UNHCR မလေးရှားဝက်ဆိုက်ဒ်အရ ၂၀၀၉ အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခို လှုံခွင့်လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်