ကိုရီးယား နိုင်ငံကနေ ပြည်တွင်းမှာ သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ၁ ရုံ ဆောက်လုပ် ပေးသွားဖို့ ရှိတယ်လို့ နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ ပြောကြား ချက်အရ သိရပါတယ်။ အဆိုပါ သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံမှာ လျှပ်စစ် ဓါတ်အား ၅၀၀ မဂ္ဂါဝပ် ထွက်ရှိမှာ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ သာကေတ မြို့နယ်မှာ ဆောက်လုပ်ဖို့ အတွက် လျာထားတာ ဖြစ်ပါတယ်။
ဓါတ်အားပေး စက်ရုံ ဆောက်လုပ်ဖို့ အတွက်ကို ယခုနှစ် အတွင်း စာချုပ် ချုပ်ဆိုခြင်းများ အပြီး ဆောင်ရွက် သွားမှာ ဖြစ်ပြီး စာချုပ် ကိစ္စများ ဆောက်ရွက် ပြီးမှသာ စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းကို စတင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခု လက်ရှိ ပြည်တွင်းမှာ သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေး စက်ရုံ ၁၀ ရုံရှိပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ ၄ ရုံ၊ မော်လမြိုင်၊ သထုံ၊ မြန်အောင်၊ ပြည်၊ မင်းဘူး၊ ကျွန်းချောင်း တို့မှာ ၁ ရုံစီ ရှိတယ်လို့ သိရပါတယ်။ ယခုလို ကိုရီးယား နိုင်ငံမှ ဓါတ်အားပေး စက်ရုံကို ဆောက်လုပ် သွားမယ့် အပြင် တရုတ်နိုင်ငံ မှာလည်း သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဆောက်လုပ်ဖို့ အတွက် ကမ်းလှမ်းထားမှုတွေ ရှိနေတယ် လို့လည်း သတင်း ရရှိပါတယ်။

Myanmar Express


1 comments:
ကောင်းတယ် ကောင်းတယ် မြန်မာနိုင်ငံမှာ များများလိုအပ်ပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်