Subscribe to our RSS Feed

သမ္မတကြီး ဦးသိန်းစိန်အား ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Yuthasak Sasiprapa မှ လေဆိပ်တွင် လာရောက်ကြိုဆို


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဟာ ဒီကနေ့ ဇူလိုင် ၂၂ရက် နံနက် ၁၁နာရီ ၅မိနစ်မှာ ချစ်ကြည်ရေးခရီးအဖြစ် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ရောက်ရှိခဲ့ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်အား ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Yuthasak Sasiprapa ကိုယ်တိုင် လာရောက်ကြိုဆိုခဲ့ ပြီး မနက်ဖြန်မှာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝတ် နဲ့ တွေ့ဆုံမယ်လို့ သတင်းရရှိပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ဟာ ဒီကနေ့ တနင်္ဂနွေ နေ့မှာ
LaenChabang ရေနက်ဆိပ်ကမ်းဆီသို့ သွားရောက်လေ့လာမှာ ဖြစ်ပြီး နက်ဖြန် တနင်္လာ နေ့မှာ ထိုင်းဝန်ကြီးချုပ် ယင်လတ်နှင့် ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်မည်ဖြစ် ကာ သဘက်ခါ အင်္ဂါနေ့မှာတော့ မြဘုရား အား သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။

ယခုခရီးစဉ် မတိုင်ခါင်မှာ သမ္မတကြီးဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံသို့ သွားရန် စီစဉ်ခဲ့ဖူးပြီး ရန်ကုန်ရှိအလုပ်သမားများ အလုပ်ရှင်နှင့် အဆင်မပြေကာ အခက်အခဲဖြစ်နေစဉ် ကာလ နဲ့ ရခိုင်ပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားများ မွတ်ဆလင် များရဲ့ မီးရှို့သတ်ဖြတ်ခံရကာ ပြည်သူတွေ ဒုက္ခရောက်နေစဉ် ကာလ များမှာ ထိုင်နိုင်ငံခရီးစဉ် ကို နှစ်ကြိမ်တိုင်တိုင် ဖျက်ခဲ့ပြီး ပြည်သူတွေရဲ့ ဒုက္ခ နဲ့ ပြဿနာများကို ဦးစားပေး ကိုင်တွယ်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ရောက်ရှိခဲ့ကြောင်းသိရပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကြား နယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ ရွှေ့ပြောင်းလုပ်သားများ ကြုံတွေ့နေရတဲ့ အခက်အခဲနှင့် ထားဝယ်ဆိပ်ကမ်းနှင့် ပတ်သက်သော ကိစ္စရပ်များကိုလည်း ဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်