Subscribe to our RSS Feed

ဇူလိုင် ၂၀၁၂ တွင် မြို့တစ်မြို့အရွယ်ပမာဏ ရှိသည့် ဂြိုဟ်မွှား တစ်ခု ကမ္ဘာနှင့် အနီးဆုံးသို့ ရောက်လာမည်


From : ....


လွန်ခဲ့သော ရက်ပေါင်း ၃၉ -ရက်က 2012 LZ1 အမည်ရှိ ဂြိုဟ် ပဲ့ တစ်ခု ကမ္ဘာနှင့် အနီးဆုံးမှ ဖြတ်သွား ခဲ့သည်။ ယခု တစ်ကြိမ် ၁.၄ -ကီလိုမီတာ (၄,၅၀၀ -ပေ) နီးပါး အကျယ်အ၀န်း ရှိသော NEA 2002 AM31 သည် ကမ္ဘာ မှ လအကွာအဝေး ထက် ၁၄ -ဆ ကွာဝေးသော နေရာမှ ဇူလိုင်လ ၂၂ -ရက်နေ့(ယနေ့တွင်)၊ ၂၀၁၂ တွင် ဖြတ် သန်း သွားပါမည်။

ထိုသို့ NEA 2002 AM31 -ကမ္ဘာအနီး မှ ဖြတ်သွားခြင်း ကို slooh.com မှ တိုက်ရိုက် ပြသ မည် ဖြစ်သည်။

ကမ္ဘာမှ မိုင်ပေါင်း ၄.၆၅ သန်းအတွင်း ရှိပြီး၊ အကျယ် ပေ- ၅၀၀ ကျော်သော အရာဝတ္တု များကို ကမ္ဘာအနီး ၀န်းကျင်ရှိ အရာဝတ္တု များ (Near Earth Objects) ဟု ခေါ်ပါသည်။ 2002 AM31 ကို ဇန်န၀ါရီလ- ၁၄ ရက်၊ ၂၀၀၂ -တွင် စတင် တွေ့ရှိ ခဲ့သည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်