Subscribe to our RSS Feed

စာကြည့်တိုက်များဖောင်ဒေးရှင်းသို့အလှူငွေနှင့် စာအုပ်များပေးအပ်လှူဒါန်း

From : Popular

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာပေများပေးအပ်လှူဒါန်းပွဲကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်တစ်ထောင် မြို့နယ်သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ နာယက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက တတ်ရောက်၍ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရန်အတွက် မြန်မာနိုင်ငံတ၀ှမ်းရှိ ကျေးရွာများတွင် စာကြည့်တိုက်များဖွင့် လှစ်နိုင်ခဲ့ပြီးနောက် ဆက်လက်၍ စာဖတ်သူများပြားလာစေရန်နှင့် ခုနှစ်ဆယ်ရာခိုင်နှုန်း သောကျေးလက်နေပြည်သူများ အသိဥာဏ် ပညာမြင့်မားစေရေးဝိုင်းဝန်းဖော်ဆောင်ရန် အမှာစကားပြောကြား ခဲ့သည်။ထို့နောက် အလှူရှင် ၂၀၀ ကျော်တို့မှ အလှူငွေသားကျပ် ၁၇သိန်း ကျော်နှင့် ဂျာနယ် ၊ မဂ္ဂဇင်း စာအုပ် ၁၀၁၀၁၅ အုပ်စုစုပေါင်း တန်ဖိုးကျပ်သိန်း ( ၇၀၀ )ကျော်ဖိုးပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

Photo: စာကြည့်တိုက်များဖောင်ဒေးရှင်းသို့အလှူငွေနှင့် စာအုပ်များပေးအပ်လှူဒါန်း   ရန်ကုန် ဇူလိုင် ၂၁  မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာပေများပေးအပ်လှူဒါန်းပွဲကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်တစ်ထောင် မြို့နယ်သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ နာယက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက တတ်ရောက်၍ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရန်အတွက် မြန်မာနိုင်ငံတ၀ှမ်းရှိ ကျေးရွာများတွင် စာကြည့်တိုက်များဖွင့် လှစ်နိုင်ခဲ့ပြီးနောက် ဆက်လက်၍ စာဖတ်သူများပြားလာစေရန်နှင့် ခုနှစ်ဆယ်ရာခိုင်နှုန်း သောကျေးလက်နေပြည်သူများ အသိဥာဏ် ပညာမြင့်မားစေရေးဝိုင်းဝန်းဖော်ဆောင်ရန် အမှာစကားပြောကြား ခဲ့သည်။ထို့နောက် အလှူရှင် ၂၀၀ ကျော်တို့မှ အလှူငွေသားကျပ် ၁၇သိန်း ကျော်နှင့် ဂျာနယ် ၊ မဂ္ဂဇင်း စာအုပ် ၁၀၁၀၁၅ အုပ်စုစုပေါင်း တန်ဖိုးကျပ်သိန်း ( ၇၀၀ )ကျော်ဖိုးပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်