Subscribe to our RSS Feed

လင်းနို့လူသား ရုပ်ရှင် ပြစဉ် ရုံထဲ ဝင်ရောက်ပစ်ခတ် ၁၂ ဦးသေ ၅၀ ကျော်ဒဏ်ရာရ


From : သာအောင်


ဇူလိုင် ၂၀ ရက်နေ့ (သောကြာနေ့)က The Dark Knight Rise ရုပ်ရှင်ပြနေသော ရုပ်ရှင်ရုံတွင်းသို့ လူတစ်ဦး ဝင်ရောက် ပစ်ခတ်ရာ ၁၂ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

အမေရိကန်နိုင်ငံ၊ Colorado ပြည်နယ်၊ Denver မြို့၊ Aurora ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဖြစ်သည်။ သောကြာနေ့မနက် လင်းနို့လူသားရုပ်ရှင် နောက်ဆုံးထွက် ဖြစ်သော The Dark Knight ရုပ်ရှင် ပထမပွဲ ပြသစဉ် မနက်အစောပိုင်းတွင် လက်နက်အပြည့် ကိုင်စောင်လာသော လူတစ်ဦးက အလုံပိတ်ရုံတွင်းသို့ ဝင်ရောက်၍ မီးခိုးဗုံးကြဲခဲ့သည်။ ထို့နောက် ရိုင်ဖယ်၊ ပစ်စတို၊ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် အဆက်မပြတ် ပစ်ခတ်ရာ ၁၂ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

၁၀ ဦးမှာ ပွဲချင်းပြီးသေဆုံပြီး ၂ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။ ၃ ဦးသည် သေနတ်ဒဏ်ရာ ပြင်းထန်လျက် ရှိပြီး အရေးပေါ်အခြေအနေတွင် ရှိကြောင်း သိရသည်။ ပစ်ခတ်သူ တရားခံကို ရုံမှ အထွက် ရုံအနောက် ကားပါကင်တွင် လက်နက်များနှင့် တကွ ဖမ်းဆီးရမိခဲ့သည်။

James Holmes ဟုအမည်ရသော အသက် ၂၄ နှစ်အရွယ် လူသတ်သမား တရားခံသည် မည်သည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်မှု မရှိပဲ တက္ကသိုလ်တစ်ခုမှ အာရုံကြောသိပ္ပံ ဘာသာရပ် အထူးပြု သော ဆေးကျောင်းသား Ph.D တန်း တက်ရောက်နေသူ ဖြစ်သည် ဟု တက္ကသိုလ်မှ ပြောကြားသည်။ ဆန်ဒီဂိုမြို့တွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး ၎င်းဖြစ်စဉ်အတွက် သူ၏ မိဘများကို ဒေသခံများက အပြစ်တင်လျက် ရှိကြောင်း သိရသည်။

လင်းနို့လူသားရုပ်ရှင်ထဲမှ ဂေါ့သန်စီးတီးက ဗီလိန်ကြီးများကို အတုယူ၍ ယခုကဲ့သို့ ကျူးလွန်ခြင်းဖြစ်နိုင်ကြောင်း၊ စိတ်ရောဂါဝေဒနာရှင် တစ်ဦး ဖြစ်နိုင်ကြောင်း ဒေသခံများက ထင်ကြေးပေးကြသည်။ ယခု အကြမ်းဖက်မှုကို တစ်ဦးတည်လုပ်ဆောင်ခြင်းလား အဖွဲ့လိုက်လုပ်ဆောင်ခြင်းလားကို စုံစမ်းစစ်ဆေးမည် ဖြစ်ပြီး James ကို ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပစ်ခတ်သော ဖြစ်စဉ်ကြောင့်ပင် သမ္မတအိုဘားမားသည် သူ၏ မဲဆွယ်သည့် ခရီးစဉ်ကို ယာယီ ရပ်နားလိုက်ပြီး ယခုမှုခင်းကိစ္စကို ဖြေရှင်းပြီးမှသာ နိုင်ငံရေးခရီးစဉ် ပြန်လည် စတင်မည်ဟု ပြောကြားခဲ့သည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်