Subscribe to our RSS Feed

ထားဝယ်ရေနက်ဆိပ်ကမ်း စက်မှုနယ်မြေနှင့် လန်ချာဗန်ရေနက် ဆိပ်ကမ်း စက်မှု နယ်မြေ တို့ချိတ်ဆက်ပါက အာဆီယံ၏ ကုန်သွယ်မှု ဗဟိုဒေသကြီးဖြစ် လာနိုင်


From : ကျော်ဇေယျ(Yangon Media Group)

ထိုင်းနိုင်ငံတွင် အောင်မြင်မှုရနေသော လန်ချာဗန်ရေနက်ဆိပ်ကမ်းနှင့် စက်မှုနယ်မြေနှင့် မြန်မာနိုင်ငံတောင်ပိုင်း တွင် တည်ဆောက်မည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့်စက်မှုနယ်မြေတို့အား ချိတ်ဆက်လိုက် ပါက နှစ်နိုင်ငံလုံး အတွက် အလွန်အကျိုးများမည်ဖြစ်ကြောင်း ထိုင်းအစိုးရ အရာရှိကြီးတစ်ဦးကထုတ်ဖော်ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီး (၃)ရက်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇူလိုင်၂၂ရက်က လန်ချာဗန်ဆိပ်ကမ်းသို့ လာရောက်လေ့လာစဉ် ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့အတွင်းရေးမှူးချုပ် မစ္စတာ အာခွန်တမ်ပစ်တေယာ ပိုင်ဆစ်ခ်က ယခုကဲ့သို့ တင်ပြလိုက်ခြင်းဖြစ်သည်။

“ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု တစ်ဝက်ခန့်ကိုအဲဒီစက်မှုနယ်မြေကရရှိထားပါတယ်။ ထားဝယ်နဲ့ချိတ်ဆက်ပြီးနှစ်ဘက်စလုံး ဖွံ့ဖြိုးအောင်လုပ်နိုင်ရင် ထားဝယ်က အရှေ့ခြမ်း၊ လန်ချာဗန်ကအနောက်ခြမ်းအချက်အခြာ တွေဖြစ်လာမှာပါ” ဟုယင်း က ဆက်လက်ပြော ဆို သည်။

ထားဝယ်စက်မှုဇုန်နှင့်လန်ချာဗန်ဆက်စပ်ခြင်းသည် အဆီယံအတွင်းအချိတ်အဆက်တစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ မဟာမဲေ ခါင်ဒေသရင်းနှီးမြှပ်နှံ မှု အတွက် အင်အားတိုးမြင့်လာမည်ဖြစ်ကြောင်း၊ထိုင်းနှင့်မြန်မာနှစ်နိုင်ငံလုံး၏ ရင်းနှီးမြှပ်နှံသူများနှင့် ကူးသန်းရောင်းဝယ်သူများ အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း သူကပြောကြားသည်။

ထို့အပြင် ထိုသို့ချိတ်ဆက်လိုက်ပါက ပင်လယ်ရေကြောင်းဖြင့် ခရီးသွားသူများ၊ကူသန်းရောင်းဝယ်သူများအတွက် ခရီးတာတိုတောင်းသွားစေနိုင် မည်ဖြစ်ပြီး ထိုဒေသကြီးနှစ်ခုသည် အရှေ့တောင်အာရှနှင့်အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ဥရောပနှင့် အာဖရိကများ ချိတ်ဆက်ပေးသည့် ကုန်သွယ်မှုအချက်အခြာနေရာကြီးဖြစ်လာ မည်ဟု သူက ခိုင်ခိုင်မာမာပြောဆို သွားသည်။

“ ဒီစီမံကိန်းသာ တကယ်ဖြစ်လာမယ်ဆိုရင် စင်ကာပူနဲ့မလေးရှားဆိပ်ကမ်းတွေရဲ့ အရေးပါမှုတွေ ကျဆင်းသွားပါလိမ့်မယ်။ အန္တရာယ်ထူပြောလှတဲ့ မလက်ကာရေနက်ကြားကို သင်္ဘောတွေဖြတ်စရာ မလိုတော့ ဘူး။ ခရီးတာတို မယ်။လောင်စာဆီ ကုန်သက်သာမယ်။ စရိတ်တွေကျလာမယ် ။နှစ်ဘက်စလုံး မျှမျှ တတအကျိုးဖြစ်ထွန်းဖို့ပဲ လိုပါတယ်” ဟု ဆွေးနွေးပွဲတက်ရောက် ခဲ့သည့် မြန်မာအရာရှိကြီးတစ်ဦးက ရန်ကုန်တိုင်းမ်သို့ပြောကြားသည်။

ဇူလိုင် ၂၃ရက်က မြန်မာနှင့်ထိုင်းနိုင်ငံခေါင်းဆောင်ကြီးနှစ်ဦးသည် စီးပွားရေးမြှင့်တင်ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများ ကို ဆွေးနွေးခဲ့ရာ ထိုစီမံကိန်းကြီးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နှစ်နိုင်ငံအကြား ထိုစီမံကိန်းကြီးအတွက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လည်း နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြသည်။

အီတာလျံထိုင်းကုမဏီသည် ထားဝယ်စက်မှုဆိပ်ကမ်းတွင်ရင်းနှီးမြှပ်နှံမည်ဟု မူလက ကြေငြာခဲ့သော်လည်း
ယခုစီမံကိန်းကြီးတွင် အီတာလျံထိုင်း ပါဝင်နိုင်မှုအလားအလာမရှိသလောက်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အသိုင်းအ၀န်း က သုံးသပ်ကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်