Subscribe to our RSS Feed

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အမေရိကန်ပြည်ထောင်စု UNIVERSITY OF PENNSYLVANIA မှ ဒုတိယ အုပ်ချုပ်ရေးမှူးအား လက်ခ


From : သမ္မတရုံး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အမေရိကန် ပြည်ထောင်စု University of Pennsylvania မှ ဒုတိယ အုပ်ချုပ်ရေးမှူး Dr. Ezekiel J. Emanuel ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ ၌လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်အတူ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မြင့်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘရွှေနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။

တွေ့ဆုံစဉ် ငှက်ဖျား၊ HIV နှင့် AIDS ၊ TB ရောဂါ များ လျော့နည်း ပပျောက်ရေး နှင့် ခွဲစိတ်ကုသမှု ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ဆေးပညာ ဘာသာရပ် ဆိုင်ရာ စာကြည့်တိုက်များ အဆင့်မြှင့်တင် ရေးနှင့် လက်တွေ့ သင်ကြားမှု ဆိုင်ရာများ အလျင် အမြန်ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ကျန်းမာရေး ကဏ္ဍတွင် ရေရှည်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစနစ်နှင့် ကျန်းမာရေး ပညာရပ်များ အဆင့်မြှင့်တင် နိုင်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်