Subscribe to our RSS Feed

မော်တော်ကားများ အာမခံကြေး ထားရှိမှုအတွက် ကားမော်ဒယ် အလိုက် ပေးဆောင် ရမည်


From : MRTV-4

မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မော်တော်ကားများ အာမခံကြေး ထားရှိပါက နှစ်စဉ်ကြေးကို ကားမော်ဒယ်၊ ကားအင်ဂျင်နဲ့ ကားရဲ့ တန်ဖိုးအပေါ် မူတည်ပြီး ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို မော်တော်ကားများ အာမခံကြေး ထားရှိရာမှာ တင်သွင်း လာတဲ့ မော်ဒယ်မြင့်ကား များသာမက ကားဟောင်း တွေပါ အလုံးစုံ အာမခံ ပရီမီယံကြေး ထားရှိ နိုင်တယ်လို့ သိရပါတယ်။

ဒီလို မော်တော်ကားမှာ အလုံးစုံ အာမခံကြေး ထားရှိပါက ကားရဲ့ ခေတ်ကာလ ပေါက်ဈေး အတိုင်း ကားတန်ဖိုး အပြည့် အလုံးစုံ အာမခံကြေး ထားရမှာ ဖြစ်ပါတယ်။ အဆိုပါ မော်တော်ယာဉ်များ အလုံးစုံ အာမခံ ပရီမီယံကြေးကို ရန်ကုန်မြို့ရှိ မြန်မာ့ အာမခံ လုပ်ငန်းနဲ့ နယ်မြို့များရှိ သက်ဆိုင်ရာ အာမခံ ရုံးများမှာ ပြုလုပ် လျှောက်ထား နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်