Subscribe to our RSS Feed

UNHCR မှ မြန်မာလူမျိုးများအပေါ် အနိုင်ကျင့် ခွဲခြားဆက်ဆံမှုများ (အပိုင်း-၂)


မလေးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာသဘောတူစာချက်ကိုလက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင်ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ်ရထားသူ များ၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့်နိုင်ငံမဲ့များအားလုံးကို တရားမ၀င်ကူးပြောင်းလာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ မလေးရှားနိုင်ငံသည် တရားမ၀င်အလုပ်သ မားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည်ဖြစ်ထိုက်သူများမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်များခံစားထိုက်သော အခွင့်အရေးများရဖို့ နေ နေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင်လုပ်ခွင့်မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည်စာရင်းကိုကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်သူခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာမွတ်စ လင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာအပါအ၀င်အခြားလူမျိုးများနေထိုင်ကြသည်ဟု ဆိုထားပါ သည်။

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးဖြစ် သည်။ မွန်ဒုက္ခသည်အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီအချက်အလက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြားဆက်ဆံ ခြင်းနှင့်တရားမျှတမှုမရှိသောလုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့်စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရားမျှတသောလုပ်ငန်းစဉ်ဖြစ်ရမည်ဟု အများမြင် သာအောင်ဖော်ပြကြေငြာထားသော်လည်း အပြောနှင့်အလုပ်မှာ များစွာခြားနားနေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့်အာဏာ နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့တို့၏ အနိုင်ကျင့်မှု နှင့်ခွဲခြားဆက်ဆံမှုကို ကြိတ်မှိတ်ခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းမဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရ သူများ၊ ဘ၀ပျက်သူများ အများအပြားရှိနေကြသည်။ တစ်ချို့ဆိုလျှင် ရိုးသားသောဘ၀ပျက်ကာ မကောင်း သော အသက်မမွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေရှားပါးလာတဲ့အခါ ဒုက္ခသည်တွေဟာ ဒေသတွင်းအကြမ်းဖက် ခြင်း၊ တရားမ၀င်အလုပ်လုပ်ခြင်း ( သို့ ) ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခြင်းတို့အတွက် အထူးစိုးရိမ်ရပါတယ်။ ဒါ ကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာအလုံအလောက်တင်ပေးထားရမယ် ” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုးအများစုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ဝေးစွ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင်မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲနေထိုင်နေရသော ဒုက္ခသည်များအတွက် အဆင်ပြေလုံခြုံ စေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း မြန်မာအဖွဲ့အ စည်းများကို ချန်ထားသည့်အပြင် လာရောက် လျှောက်ထားသော ဗမာလူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာလူမျိုးဆို လက်မခံဘူးပြောပြီး နှင်လွှတ်ခဲ့ပါသည်။ အင်မတန်အောက်တန်းကျသော စိတ်သဘောထား ဖြစ် ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထား သေးသိမ်သော အရာရှိ များရှိနေသည်မှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေသောအကြောင်းများလည်းရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်းစည်းကမ်းများအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြု ထားသော NGO အဖွဲ့အစည်းများမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသောဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးနေသော တိုင်း ရင်းသားအဖွဲ့အစည်းများရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများကြား အမြင်မကြည်လင်မှုနှင့်ပြဿနာဖြစ် လာနိုင်ပါသည်။ UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည်အဖြစ် လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့်သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် စာရင်း ပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိတစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှုမရှိသောကြောင့် UNHCR အသိအ မှတ်ပြုထားသော အဖွဲ့အစည်းများအတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာဒုက္ခသည်များအစည်းအရုံး ( ဘီအာအို ) အပါအ၀င် အခြားမြန်မာဒုက္ခသည်အဖွဲ့အစည်းများမှာ UNHCR နှစ်စဉ်ပေးသောခွဲတမ်းတွင် မပါဝင် သည်မှာ နှစ်အတော်ကြာပြီဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသားအဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက် ထားခွင့်ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာပြည်သူများကပေးအပ် ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူး ပေါင်းကူညီ ဆောင်ရွက်ပေးနေသော ဗမာအဖွဲ့အစည်းများ အပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိတစ်ချို့ ၏လုပ်ရပ်များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာအဖွဲ့အစည်းဦးဆောင်သူအပါအ၀င် စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့်လုပ်ကိုင်ကူညီဆောင် ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းနေရပါသည်။

UNHCR အရာရှိများအနေနဲ့သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း တစ်ချို့သည် သူတို့ တိုင်းရင်းသားလူမျိုးဖြစ်ပေမယ့် သူတို့ဒေသစကားမပြောတတ်လျှင်သော်လည်းကောင်း၊ တခြားလူမျိုးတစ်ဦးဦးနှင့် အိမ်ထောင်ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့အဖွဲ့ဝင်အဖြစ် ၀င်ခွင့် မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာနိုင်ငံသားအားလုံးကို ကူညီဆောင်ရွက်ပေးနေသော ဗမာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစုဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်းသောက်နေနိုင်ခဲ့ကြသော ဗမာလူမျိုးအပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိတစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ် ၀မ်းကွဲကြမလိုဖြစ်ကြရသည်။

ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘာသာ၊ ကာ လာမခွဲခြားရေး နှင့် လူသားအားလုံးအတူတူညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေ ချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိတစ်ချို့ကြောင့် မထိခိုက်စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့်အနေနဲ့ ယခုလို မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားဒုက္ခသည်များနှင့်ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာအမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ခွဲခြား ဆက်ဆံမှုကို ခံနေရသောဒုက္ခသည်များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူ သားစစ်စစ်ဖြစ်သောကြောင့် လူသားတိုင်းခံစားထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရ မည်။

ကျွန်တော့်တင်ပြချက်များအတွက် အပြည့်အ၀တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမ ဟုတ်သလို၊ သူရဲကောင်းလည်းမဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရားမျှတမှုမရှိသောလုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူများစွာ ရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများအနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြားဆက်ဆံနေမှုကို ပြတ်ပြတ်သားသားထုတ်ဖော်ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ယူဆပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ဝိုင်းဝန်းတိုင်ပင်အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့မြန်မာနိုင်ငံသားကလေးငယ်များနှင့်အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့အားလုံးအမှန်တရားနှင့် လူ့အခွင့်အရေးအတွက် ယခု ချိန်ကစပြီး အားလုံးညီညွတ်စွာ ပေးဆပ်ကြပါစို့။

Myanmar Express

7 comments:

I don't blame Rohingyas and Muslims from Myanmar who are in Muslim Country, Malaysia, let those Muslims to live in Muslim country, Malaysia. But I don't understand why Bamar Buddhists, Mon Buddhists, Chin Buddhists, Chin Christians, Kachin Buddhists and Kachin Christians are as refugees in Muslim country, Malaysia. What kind of reason they are in Malaysia? They want to show the reason because of during Tatmadaw Government time gave pressure on them or what? I don't accept it, they wanted to run away from Mother Land (Myanmar) and they claimed as they are refugees, Tatmadaw Government time didn't do any pressure on them, just they wanted to run away from Home, let them to suffer, if they (not Muslims & Rohingyas) don't want to come back Home, let them to get problems in Malaysia as illegal imigrants, that's their faults, nobody pushed them to go out of Myanmar, that's their choice, but if they want to come back Home, "Welcome", they should know "Home Sweets Home".

I don't want to blame anyone.but there are many people that left Myanmaar saying that they go to another countries for works or to earn more money. But while staying there, they see that if they declare them selves as refugees, they will get support or help from UNHCR.So they say, we are persecuted and tortured in our country, and those will believe in what they say. I just want to say to these myanmar people who declare them selves as refugees;" Don't loose your dignity for the help that you want". You prefer to be called refugees or myanmar free citizens? I am proud to be a myanmar citizen in my mother-land.

Hey above Anonymous,
You totally right man, every Myanmar people need to have that kind of attitude what you have, need to be proud of Myanmar's dignity of our own Country, no matter we are rich or poor, Myanmar is a Myanmar, our President said: " the development of our Country is not only depending on other Countries' helps, of course we can have their helps but not as we are beggars we can stand on our own foot ".

FUCK UNHCR & Malay government

As my personal concern, If you want to name yourself " REFUGEES ", automatically you tore down our Country Name, just only you think for your selfishness you want UNHCR to help you or you want UNHCR to take you to 3rd Countries. If you are Myanmar Christians or Buddhists should not live in any Muslim Countries as "REFUGEES" or "OVER-STAY", specially if you are women more dangerous, those Muslims men from Muslim Countries, fuck you and make you to become Muslim wives, they can marry officially 4 wives and make many Muslim children. You think about it, if you are Myanmar Buddhists or Christians women how can you let Muslim men to fuck and fuck and fuck you in Muslim Countries, where is UNHCR, will never help you, only you will under pressure Muslim men fore ever more just like you are in living "HELL".

အမှန်ပဲ.......

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်