Subscribe to our RSS Feed

ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်

From : .hot news


သက်တမ်း(၂)နှစ်ခန့်ရှိပြီဖြစ် သော သမ္မတကြီးဦးသိန်းစိန်၏ အစိုးရအဖွဲ့အတွင်းပြုပြင်ပြောင်း လဲဖွဲ့စည်းလိုက်ခြင်းသည် သမ္မတ ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များ ပိုမိုတွင်ကျယ်အရာထင် လာစေရေးအတွက်ဟု ဆိုသော ကြောင့် နိုင်ငံရေးတွင် လုပ်ရိုးလုပ် စဉ်ဖြစ်သော်လည်း မြန်မာ့နိုင်ငံ ရေးအတွက်မူ အရေးပါသော ခြေလှမ်းဟု ဆိုရပေမည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်တွင် အထောက်အကူမဖြစ်၊ အလုပ်မတွင်သူ အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား ရာထူးမှရွှေ့ပြောင်း ခြင်း၊အနားပေးခြင်းများပြုလုပ်နေပြီး သမ္မတကြီးဦးသိန်းစိန်၏ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်၊အထူး သဖြင့်ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ရှေ့တန်း ရောက်သူများဖြစ်ပြီး လူအများ အကြားနာမည်ရလာသူအစိုးရ အဖွဲ့ဝင် ၀န်ကြီးများကို ရာထူး တိုးမြှင့်ခန့်အပ်ခြင်းမှာ မဆန်းပေ။
သို့သော် ဒု-၀န်ကြီးများကို အသစ်ခန့်အပ်ရာတွင် စစ်ဘက် နှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီတို့မှမဟုတ်ဘဲ သက် ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူအသိပညာရှင်၊အ တတ်ပညာရှင်များဖြစ်သောကြောင့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အရေးပါမှုကို အလေးထားကြောင်း ဖော်ပြနေသကဲ့သို့ အမျိုးသမီး ပညာရှင်များ ပါဝင်လာစေခြင်း ကလည်း ထူးခြားသည့် ခြေလှမ်း ပင်ဖြစ်သည်။
သြဂုတ်လ(၂၇)ရက် ပြည် ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင် သွင်းမှုကို လွှတ်တော်ကိုယ်စား လှယ်များဆွေးနွေးကြရာတွင် တပ်မတော်သားကိုယ်စားလှယ်များ ၏တင်ပြချက်များမှာ သမ္မတကြီး က လွှတ်တော်သို့အဆိုပြုချက်နှင့် ကွဲလွဲသည်ကိုထောက်၍ သမ္မတ ကြီး၏အပြောင်းအရွှေ့များနှင့်ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စစ်ဘက်ကလည်း အခိုင်အမာ ကျားကန်ပေးနေသည်ဟု ယူဆ ရသည်။
အမှန်တကယ်တွင်လည်း ခေတ်မမီတော့သော မြန်မာ့တပ် မတော်ကို ခေတ်မီဖွံ့ဖြိုးသော တပ်မတော်အဖြစ်ဒေသတွင်း ရင် ပေါင်တန်းနိုင်ရေး မြှင့်တင်ရာတွင် လိုအပ်သည့်အကူအညီများ၊ဒေသ တွင်းနှင့်အထူးသဖြင့် အမေရိကန် ပြည်ထောင်စုထံမှ ရယူရန်သမ္မတ ကြီးဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်တွင် တပ်မတော် အနေနှင့်ပူးပေါင်းပါဝင်မှဖြစ်ပေ မည်။သို့ရာတွင် ကချင်စစ်ပွဲများ အပါအ၀င် ပြည်တွင်းစစ်ရပ်စဲရေး တွင် စစ်တပ်၏အနေအထားမှာ သမ္မတကြီး၏အမိန့်ကို မနာခံသော ကြောင့် နာမည်ဆိုးသာရဆဲဖြစ် သည်။
တစ်ချိန်တည်းတွင် ရခိုင် ပြည်နယ်ပဋိပက္ခ၌ နိုင်ငံတကာနှင့် စေ့စပ်ညှိနှိုင်းခြင်း၊အဝေးရောက် အတိုက်အခံများကို ပြည်ဝင်ခွင့် ပေးခြင်း၊နာမည်ပျက်စာရင်းအများ အပြားလျော့ချခြင်း၊ရခိုင်ဒေသ ပဋိပက္ခကြောင့် ထောင်နန်းစံရသူ ကုလသမဂ္ဂ၀န်ထမ်းသုံးဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းတို့ သည် ယခင်စစ်အစိုးရများ၏ တံခါးပိတ်ဝါဒကို သမ္မတကြီး ဦးသိန်းစိန်က ခ၀ါချခဲ့ပြီဟု ပြသ နေပုံရပြီး၊နိုင်ငံတကာ၏ အရေး ပါမှုကိုလည်း လက်ခံလာကြောင်း ပြဆိုနေသည်။
အပြန်အလှန်အားဖြင့် စက် တင်ဘာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက် မည့် သမ္မတကြီးဦးသိန်းစိန်ကို အမေရိကန်သမ္မတ ဘားရက်အို ဘားမားက ပြည်ဝင်ခွင့်ဗီဇာကန့် သတ်ထားမှုအား ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ကြုံရမည့် ရခိုင် အရေးနှင့်ပတ်သက်သည့် သံတမန် ရေး ဖိအားများလျော့ကျသွားနိုင် ဖွယ်ရှိသည်။
ယခုအစိုးရအဖွဲ့အတွင်း အ ပြောင်းအလဲသာမက မူဝါဒရေး ရာ အရွှေ့အပြောင်းကြောင့်သမ္မ တကြီးဦးသိန်းစိန်အား မပြတ်မသား ဟု အားမလိုအားမရထင်မြင်ဝေ ဖန်ခဲ့သူများပင်လျှင် အစစအရာရာ တွက်ဆပြီး ရှေ့တိုးဆုံးဖြတ်လုပ် ကိုင်တတ်သူဟု ပြောင်းလဲရှုမြင် လာကြသည်။
သမ္မတကြီးအနေဖြင့် ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေ အနေမှာ ပြောင်းလဲလိုသူများက တစ်ဘက်၊မပြောင်းလဲလိုသူများက တစ်ဘက်ဖြစ်သည့် ထမ်းပိုးကို ထမ်းရင်းပြုပြင်ပြောင်းလဲရေး ကြိုးတန်းပေါ်လမ်းလျှောက်နေသကဲ့ သို့ပင်၊ကျရှုံးခြင်း၊အောင်မြင်ခြင်း တို့သည် သမ္မတကြီး၏ ပင်ကိုယ် အရည်အချင်း၊နိုင်ငံရေးနှင့်အုပ် ချုပ်ရေးကျွမ်းကျင်မှုအပေါ်တွင် များစွာ မူတည်နေပေသည်။
သမ္မတကြီး၏ပြုပြင်ပြောင်း လဲမှုများနှင့်အတူ ပြည်သူလူထု ကလည်း မိမိတို့စွမ်းဆောင်နိုင် သည့်ဘက်က ကြိုးစားလုပ်ဆောင် နေကြသည်။လူသားချင်း စာနာ ထောက်ထားသည့် အကူအညီ များ၊အခမဲ့ ပညာသင်ကြားရေး စနစ်၊ကျန်းမာရေးစောင့်ရှောက်မှု စသည့် လူမှုအကျိုးပြုလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်နေ ကြသည်။ထိုနည်းတူစွာ(၈၈)မျိုး ဆက်များကလည်း မြန်မာနိုင်ငံ တွင် လွတ်လပ်ပွင့်လင်းသည့် လူ့ အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက် လာစေရန် သူတို့စွမ်းအားရှိသမျှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိနေကြသည်။သူတို့၏ အနစ်နာခံဆောင်ရွက်မှု၊ကိုယ်ကျိုးစွန့် လွှတ်မှု၊သဘောထားကြီးမှု၊နိုင်ငံ နှင့်လူမျိုးအပေါ်ထားရှိသည့် မှန် ကန်သော စိတ်စေတနာများ ကြောင့် ပြည်သူပြည်သားတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံကြရပြီး ပြည် သူလူထု၏ နှလုံးသားများတွင်ရော မြန်မာ့သမိုင်းမှာပါ မော်ကွန်းထိုး ကမ္ပည်းတင်ခံရသူများဖြစ်နေကြ ပေပြီ။
မိမိအုပ်စု၊မိမိအသိုင်းအ၀ိုင်း အတွက်မဟုတ်ဘဲ ပြည်သူ့အတွက် အနစ်နာခံစွန့်လွှတ်ကာ လမ်းစဉ် မှန်မှန်ဖြင့် အမှန်တကယ်လုပ် ဆောင်မည်ဆိုပါလျှင် ပြည်သူက အမှန်တကယ်ပင် ချစ်ခင်လေးစား ပြီး မြန်မာ့သမိုင်းတွင် ကမ္ပည်း ထိုးခံရပေမည်။
တစ်နည်းဆိုရလျှင် ပြည်သူ ချစ်လျှင် ကမ္ပည်းအတင်ခံရပေ မည်။


Myanmar Express

7 comments:

ဆောင်းပါးရှင်ကိုတစ်ခုပြောချင်ပါသည်။ကချင်ပြည်နယ်အရေးမှာစစ်တပ်ကအမိန့်မနာခံတာမဟုတ်ပါ။ ကချင်သူပုန်တွေရဲ့စော်ကားတာကိုခေါင်းငုံ့ခံနေရမှာလား။ဆောင်းပါးရှင်ရဲ့သားသမီးဆွေမျိုးတွေတပ်မတော်ထဲမှာရှိရင်ဒီလိုမမြင်လောက်ပါဘူး။ တပ်ကအထက်အမိန့်ကိုအမြဲနာခံပြီးသားပါ။

ဆောင်းပါးရေးတာဖတ်ပြီး တွေးမိတယ်။ဆောင်းပါးရှင်ဟာသိယောင်ကန်း တတ်ယောင်ကန်းကြီးပါ။စစ်တပ်ဆိုတဲ့အဖွဲ့အစည်းဟာအမိန့်နာခံမှု့အကောင်းဆုံးအဖွဲ့အစည်းတွေထဲကအဖွဲ့တစ်ခုပါ။လေ့လာဖို့စေတနာနဲ့ပြောတာ။ပေါက်ပန်းလေးဆယ်လျှောက်မရေးနဲ့။

သာဓုပါကွယ် သာဓု အမိန့်နာခံတတ်သူလေးရေ

အလုပ်မရှိအလုပ်ရှာတိုက်နေတာမဟုတ်ပါဘူး။ တပ်ကအမိန့်ကိုအမြဲနာခံပြီးသားပါ။ တပ်မတော်ကထိုးစစ်ဆင်နေတာမဟုတ်ပါဘူး။ KIA ကတိုက်တာကိုခုခံကာကွယ်တာပါ။နားလည်မှုနည်းနည်းလွဲနေပါတယ်။

Anonymous says:
7 September 2012 11;09 pm
မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေသတွေကိုကျူးကျော်နေတာ
ဟုတ်ပါဘူး၊ တိုင်းရင်းသားပေါင်းစုံနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့မြန်မာ့တပ်
မတော်ကတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်စောင့်
ရှောက်နေခြင်းသာဖြစ်ပါတယ်၊မြန်မာပြည်တနံတလျားမှာဘယ်တိုင်း
ရင်းသားမဆိုလွတ်လပ်စွာသွားလာနေထိုင်လို့ရပါတယ်၊နိုင်ငံရေးမှာ
လည်းပါဝင်လို့ရပါတယ်၊ တိုင်းရင်းသားတိုင်းလည်းသမတဖြစ်နိုင်ပါ
တယ်၊ ဆိုလိုတာကတော့တိုင်းရင်းသားအားလုံးအမြင်ကျယ်ဖို့လိုပါ
တယ်၊ဆောင်းပါးရှင်အနေနဲ့ကချင်ဒေသမှာဖြစ်ပျက်နေတဲ့အမှန်တ
ရားကိုသိအောင်လုပ်ဖို့နဲ့မှန်မှန်ကန်ကန်တင်ပြတတ်ဖို့လိုပါတယ်၊
ထစ်ကနဲရှိတပ်မတော်မကောင်းကြောင်းရေးနေဖို့မစဉ်းစားပါနဲ့၊နေ့
စဉ်နဲ့အမျှ တပ်မတော်သားတွေအသက်ပေးနေရတာများနေပါပြီ၊
ပြည်တွင်းစစ်ကြောင့်တိုင်းပြည်လည်းဆင်းရဲတွင်းနက်နေရပါပြီ၊တပ်
မတော်သားတွေကအမိန့်နာခံပြီး ကချင်သူပုန်တွေကစည်းကမ်းမရှိ
တော့ကိုယ့်ဘက်ကအမြဲနစ်နာနေရပါတယ်၊အမြစ်ပြတ်အောင်တိုက်
ချင်ပေမယ့်ကန့်သတ်ချက်မျိုးစုံ၊ငဲ့ညှာမှုမျိုးစုံ၊သည်းခံမှုမျိုးစုံ နဲ့တပ်မ
တော်သားတွေကရင်ဆိုင်နေရပါတယ်၊ ပြည်တွင်းစစ်မှာလေယာဉ်
မသုံးရတာနဲ့၊ဟိုလက်နက်ကြီးမသုံးရ၊ဒီလက်နက်ကြီးမသုံးရတာနဲ့
အစရှိတဲ့ကန့်သတ်ချက်တွေကတစ်မျိုး၊လူမျိုးတုံးသတ်ဖြတ်တယ်လို့
စွပ်စွဲမှာကတစ်မျိုး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားမှာက
တစ်မျိုး အမျိုးမျိုးသောအကြောင်းတွေကရှိနေတယ်လေ၊ဒီကြားထဲ
ဝါဒဖြန့်ချိရေးနည်းဖြစ်တဲ့ ဟိုနေရာမှာအဓမပြုကျင့်ပြန်ပြီ၊ ဒီနေရာမှာ
လူ့အခွင့်အရေးချိုးဖေါက်ပြန်ပြီ အစရှိတဲ့သတင်းလိမ်တွေထုတ်ပြန်
တာကလည်းနေ့စဉ်နဲ့အမျှလုပ်ဆောင်နေကြတာလေ၊ အမေရိကန်
တို့အနောက်ဥရောပနိုင်ငံတို့မှာဆိုရင် ဓါးပြတိုက်ရင်တောင် လေ
ယာဉ်နဲ့လိုက်လံနှိမ်နင်းတာလေ၊အဝေးထိန်းဒုံးကျည်တွေနဲ့ဖြိုခွင်းတာ
ပါ၊ဒါကိုဆောင်းပါးရှင်သိအောင်လေ့လာပါလို့ပြောချင်တယ်။

မအေလိုး မင်းကမင်းနာမည်ကိုတိတိကျကျပြော
Fighterဆိုတာဘာကိုfight တယ်ဆိုတာ
င့နာမည်ကfightersoldier.
မင်းကဘာကောင်မို့ဒို့စစ်တပ်ကိုလာ၇ိနေတာတုန်း
သေချင်နေလား
သေအောင်သတ်ပေးမယ်
နားလည်းလား

ဆောင်းပါးရှင်အနေနဲ့ဘာရည်ရွယ်ချက်နဲ့များစစ်တပ်ကိုမဟုတ်တာစွပ်စွဲနေပါသလဲ
သင်ရေးထားသောအသုံးအနုန်းများသည်ယျေဘုယျဆန်ဆန်ရေးသားထားသောစာကြောင်းများပင်ဖြစ်သည်
မသိလျှင်လည်းမရေးသင့်ပေရှက်စရာကောင်းပါသည်
သင်သည်စစ်တိုက်ဖို့ပင်မဆိုထား ကချင်ပည်နယ်ကိုပင်ရောက်ဖူးပါသလား
တကယ်အသက်ပေးတိုက်နေရသူမျာကိုလေးစားအားနာသင့်ပါသည်
သင်ကိုတိုင်ရောစစ်သားများကဲ့သို့တိုင်းပြည်အပေါ်တွင်ဘာများစွန့်လွှတ်အနစ်နာခံပေးပြီး ပြီလဲ
စာရေးဆရာဆိုတာနှစ်ဖက်မျှမျှတတတွေးပြီးရေးတပ်ရပါသည်
ကိုယ်ရေးလိုက်သောစကားသည်မည်မျှတာသွားသည်ကိုသိ၍ဆင်ခြင်တရားဖြင့်သာရေးသားစေလိုပါသည်
အဆင့်အတန်းရှိသောစာတစ်စောင်ဖြစ်ဖို့ကိုယ်တိုင်အဆင့်အတန်းရှိစွာတွေးခေါ်တတ်ရန်လိုအပ်ပါသည်
သူတပါးကိုအပုတ်ချရင်ကိုယ်တိုင်လည်းပြန်ခံရတပ်ပါသည်
လောလောဆယ်ဆောင်းပါးခေါင်းစဉ်လိုသင့်ကိုပြောပြပါရစေ
ပြည်သူချစ်လျင်ကဗည်းတင်မည် ဆိုသလိုပဲ သင့်ကိုလည်းပြောပါရစေ
စစ်တပ်ဆိုတာလည်းနတ်ပြည်ကကျလာတဲ့အရာမဟုတ်ပါဘူး
ပြည်သူကမွေးတဲ့ပြည်သူကျေးဇူးသိတဲ့ပြည်သူ့သာကောင်းရတနာတွေပါ
ပြည်သူနဲ့တသွေးတည်းတစ်သားတည်းတည်ရှိနေတဲ့သူရဲကောင်းတွေပါ
သင်သုံးနုန်းထားတဲ့ပြည်သူထဲမှာအကြုံးဝင်သူတွေပါ
ဒါကြောင့်တပ်မတော်သားတွေဟာလည်းကဗည်းတင်ခွင့်ရှိသူတွေပါ
တစ်ခုပါပဲပြောပါရစေ
သင်ပြောတဲ့အတိုင်းစစ်တပ်ကရန်စလို့ဖြစ်ရတာလားKIAတွေကရန်စလို့စစ်တပ်ကဝင်ပြီးအသက်စွန့်ကာကွယ်ပေးရတာလားဆိုတာထမင်းစားပြီးအသက်ရှင်တဲ့သူတိုင်းသိကြပါတယ် သင်ကဘာတွေစားလို့အမှန်မမြင်နိုင်တာသင်ကိုယ်တိုင်ပဲသိပါလိမ့်မယ်
သေချာလေ့လာပြီးမှစာကောင်းပေမွန်တွေရေးသားပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်