Subscribe to our RSS Feed

ရွှေတိဂုံ စေတီတော်ကြီး၏ (၅၂၁) ကြိမ်မြောက် ရွှေစင် ရွှေပြား အလှူတော်ငွေ ပေးအပ်ပွဲ ကျင်းပ


ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ (၅၂၁) ကြိမ်မြောက် ရွှေသင်္ကန်းတော် ရွှေစင်၊ ရွှေပြား ကပ်လှူ ပူဇော်ခြင်း၊ ဘက်စုံပြုပြင် မွမ်းမံ တည်ဆောက်ခြင်း အလှူတော်ငွေ ပေးအပ်ပွဲနှင့် ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားကို စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီက ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ်ရှိ ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ရာ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင် သိင်္ဂီဦး (ခြောက်ထပ်ကြီး) ကျောင်းတိုက် သြဝါဒါ စရိယ ဆရာတော်၊ ဂေါပက အဖွဲ့ဝင် များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး အလှူရှင် များက ရွှေစင်၊ ရွှေပြားနှင့် အလှူတော် ငွေများ အသီးသီး ပေးအပ် လှူဒါန်းရာ အလှည့်ကျ သဘာပတိ ဂေါပက အဖွဲ့ဝင် ဦးစိန်ဝင်းအောင်နှင့် အဖွဲ့ဝင် များက လက်ခံ ရယူ၍ ထုတိ အနုမောဒနာ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် လှူဒါန်းမှု အစုစု တို့အတွက် ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင် သိင်္ဂီဦး (ခြောက်ထပ်ကြီး) ကျောင်းတိုက် သြဝါဒါ စရိယ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒော ဘာသထံမှ ရေစက်ချ အနု မောဒနာ တရား နာကြား၍ ရေစက်သွန်းချ အမျှ ပေးဝေကာ ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်း လိုက်သည်။ အဆိုပါ အလှူတော် မင်္ဂလာ အခမ်း အနားတွင် စေတနာရှင် အလှူရှင် ၃၈၄၈ ဦးမှ ရွှေစင်၊ ရွှေပြားနှင့် အလှူ တော်ငွေ စုစုပေါင်း တန်ဖိုးငွေကျပ် ၄၈၂၂, ၃၁၂၅ဝ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်