Subscribe to our RSS Feed

မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ချက် (၃/၂၀၁၂)


အကြောင်းအရာ။ ။ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)တို့တွေ့ဆုံခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို အား စက်တင်ဘာ ၈ ရက်ညနေ ၅နာရီ က ရန်ကုန်မြို့၊ပြည်လမ်းရှိ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ဧည့်ခန်းမတွင် မိနစ်လေးဆယ်ကြာ လက်ခံတွေ့ ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ(၁) ဦးကိုကို တို့သည် စာနယ်ဇင်းကောင်စီကိစ္စ၊ မီဒီယာဥပဒေကိစ္စများအပါအ၀င် စာနယ်ဇင်းဆိုင်ရာအခြားကိစ္စရပ်များကို ရင်းနှီးပွင့် လင်း စွာ ဆွေးနွေး ခဲ့ကြပါသည်။

၃။ လက်ရှိနယ်ပယ်အသီးသီးက အဆိုပြုထားကြသော စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များအား နောက်ဆုံးအကြိမ်အတည်ပြုလျာထားခြင်း၊ စာနယ်ဇင်းကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား နောက်ဆုံးအကြိမ်အတည်ပြုခြင်း တို့ကိုဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

၎။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း မှတ်ပုံတင်လျှောက်ထားနိုင်ရေးအတွက် လိုအပ်သည်တို့ကို ကူညီပေးရေး ကိုလည်း ဆွေးနွေး ခဲ့ပါသည်။

၅။ ထို့အပြင် မီဒီယာ ဥပဒေသစ်တစ်ရပ်ကို ဒီယာလောကသားများ၏ အကြံဥာဏ်များရယူပြီး ပြန်လည်ရေး ဆွဲနိုင်မည့်အခြေအနေ များအား ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။

၆။ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အပေါ်စွဲချက်တင်ထားမှုအား

တတ်နိုင် သမျှ ညှိနှိုင်းကူညီပေးရေးကို မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းကတင်ပြဆွေးနွေးခဲ့ပါသည်။

၇။မကြာတော့သောကာလတွင် စာနယ်ဇင်းလောကသားများလက်ခံနိုင်သည့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းနိုင်တော့ မည့် အလားအလာကောင်းများ ကို ဆွေးနွေးနိုင်ခဲ့ကြပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

မြန်မာနိုင်ငံသတင်းစာဆရာအသင်း

စက်တင်ဘာ (၈)၊ ၂၀၁၂

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်