Subscribe to our RSS Feed

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌနှင့် ဗဟို အမှုဆောင် ကော်မတီဝင် များအား ရင်းရင်းနှီးနှီး တွေ့ဆ

From : မြဝတီ

ရန်ကုန် စက်တင်ဘာ၈

စာရေးဆရာကြီးများထံမှပြည်သူလူထုအကျိုး၊ စာပေလောက သားများ အကျိုးအတွက် ထိရောက်စွာ ပေးဝေ လိုသည့် အတွေးအမြင်နှင့် အကြံဥာဏ်များ ရယူစုစည်း လို ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီးကပြည်သူလူထု ဗဟိုပြုပြီးပြည်သူ့ အကျိုးစီးပွား ပိုမိုဖော်ဆောင် ပေးနိုင်ရန်နှင့်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုဆောင်ရွကိုနိုင်ရန် လမ်းညွှန်မှာကြား ထား ပါကြောင်းဖြင့်ပြန် ကြားရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ယနေ့ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့ပြည်လမ်းရှိမြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေး ခန်းမ၌ မြန်မာ နိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌနှင့် ဗဟိုအမှုဆောင် ကော်မတီ ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားရာတွင် စာရေး ဆရာကြီးများ အနေဖြင့် ရသစာပေ အပါ အဝင် ကလေးသူငယ်မှ စ၍ သက်ကြီးရွယ်အို အထိ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမို ထိရောက်အောင် ဆောင်ရွက် ပေးနိုင်ရေး၊ပြည်သူ့ အကျိုးပြု စာပေများ ပိုမိုရေးသား ဖော်ပြပေးနိုင်ရေး တိုက်တွန်း မှာကြားလို ကြောင်း၊ပြောင်းလဲမှုဖြင့် တိုး တက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးတင်လှိုင်(လယ်တွင်း သားစောချစ်)က အသင်းအတွက် အဆောက်အအုံ နေရာရရှိရေး ကိစ္စ၊ စာရေးဆရာ ကြီးများ၏ သားသမီးများ ပညာရည်ချွန် ဆုချီးမြှင့်ရေးနှင့် သက်ကြီး စာရေးဆရာ ကြီးများ ပူဇော်ပွဲ ကျင်းပမည့် ကိစ္စရပ်များ တင်ပြမှု အပေါ် ပြည်ထောင်စု ဝန်ကြီးက စာ ရေးဆရာ ကြီးများ၏ ဆွေးနွေးချက်များ အပါအဝင် စာရေးဆရာ ကြီးများ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အခက်အခဲများ ကိုလည်း ကူညီဖြေရှင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ စာရေး ဆရာ အသင်းဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ဗဟိုအမှုဆောင် ကော်မတီ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်