Subscribe to our RSS Feed

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တိုးတက်ရခြင်း၏ အခြေခံအကြောင်းအရင်းများ

From :hot news



နိဒါန်း
တရုတ်ကွန်မြူနစ်ပါတီ၏ (၁၆)ကြိမ် မြောက် ပြည်လုံးဆိုင်ရာညီလာခံကို ၂၀၀၂-ခုနှစ်၊နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပီကင်းမြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်(၁၆)ကြိမ်မြောက် ပါတီ ညီလာခံသည်တရုတ်နိုင်ငံတတိယအဆင့် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန်အတွက် စတင်ပန္နက်ရိုက်သည့် ညီလာခံဖြစ်ပါ သည်။တရုတ်နိုင်ငံ၌ ချမ်းသာကြွယ်ဝသော လူနေမှုစနစ်ကို ၂၀၅၀တွင် တည်ဆောက် နိုင်ရန်အတွက်ပြုပြင်ပြောင်းလဲမှုများနက် ရှိုင်းစွာ ဆောင်ရွက်နိုင်ရန် ကွန်မြူနစ်ပါတီ တွင်း၌ အခြေခံကျသော ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်ခဲ့သည့် ညီလာခံဖြစ်ပါ သည်။ဤအကြိမ် ကွန်မြူနစ်ပါတီ၏ အ တွေးအခေါ်အယူအဆပြောင်းလဲမှုမှာ တရုတ်ကွန်မြူနစ်ပါတီသည် မတ်စ်-လီ နင်-မော်စီတုန်း အတွေးခေါ်မှ ခေတ် သစ်လမ်းကြောင်းသစ်ပေါ်သို့ရောက်ရှိ နိုင်သည့်အလားအလာရှိကြောင်းတွေ့မြင် နေရပါသည်။ကွန်မြူနစ်ပါတီ၏ အဆင့် ဆင့်တိုးတက်ပြောင်းလဲလာသော ““တိန့် ရှောက်ဖိန်အယူအဆ””၊၎င်း၏ အဆက် ဖြစ်သော ““ကိုယ်စားပြုမှုသုံးရပ် အယူ အဆ””တို့ အဆင်ဆင့်ဖြစ်ပေါ်လာခဲ့ ကြောင်း လေ့လာတွေ့ရှိရပေသည်။(၁၆) ကြိမ်မြောက် ပါတီညီလာခံသည် တရုတ် နိုင်ငံသမိုင်းတွင်အရေးပါသည့် ညီလာခံ ဖြစ်ပါသည်။ဤညီလာခံသည် တရုတ်နိုင်ငံ ၏ အနာဂတ်ကို ဖန်တီးပြုပြင်ပေးမည့် ညီလာခံလည်းဖြစ်ပါသည်။နိုင်ငံဖွံ့ဖြိုးရေး နှင့် ပြုပြင်ပြောင်းလဲရေး၌ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါ သည့် မူဝါဒများ ချမှတ်သည့် ညီလာခံ ဖြစ်ပါသည်။ညီလာခံမှ အရေးပါသည့် ပြောင်းလဲမှု(၃)ရပ်ပြုလုပ်ခဲ့ကြောင်းတွေ့ ရှိရပါသည်။ပြောင်းလဲမှု(၃)ရပ်မှာ မူဝါဒ ရေးရာအရ ပြောင်းလဲမှု၊ခေါင်းဆောင် ပိုင်း ပြောင်းလဲမှုနှင့်လုပ်နည်းလုပ်ဟန် ပြောင်းလဲမှု တို့ဖြစ်ပါသည်။
နောက်ခံသမိုင်း
တရုတ်ကွန်မြူနစ်ပါတီကို ၁၉၂၁- ခုနှစ်၊ဇူလိုင်လ(၁၁)ရက်နေ့၌ ရှန်ဟဲမြို့ တွင် စတင်တည်ထောင်ခဲ့ပြီး၊နှစ်(၈၀)အ ကြာ၌ အဖွဲ့ဝင်ဦးရေ (၆၄)သန်းရှိပါသည်။ ယင်း (၆၄.၅၁၇)သန်းအနက်၊(၄၈.၇ရာ ခိုင်နှုန်း)မှာ အလုပ်သမား၊လယ်သမားနှင့် ရေလုပ်သမားများဖြစ်ပြီး၊(၁၂.၂ရာခိုင် နှုန်း)မှာ အခြားသောလုပ်ငန်းဌာနများမှ ဖြစ်၍၊(၉.၁ရာခိုင်နှုန်း)မှာ အစိုးရ၀န်ထမ်း များဖြစ်ပါသည်။အခြားသော (၉.၇ရာ ခိုင်နှုန်း)မှာ အစိုးရလက်အောက်ရှိအဖွဲ့ အစည်းများ၊စီးပွားရေး လုပ်ငန်းများမှ ဖြစ်ပါသည်။ပါတီဝင်အများစုမှာ အလုပ် သမားနှင့်လယ်သမားများဖြစ်ပါသည်။ တရုတ်တစ်ပြည်လုံး၌ အောက်ခြေအဆင့် ကွန်မြူနစ်ပါတီ အဖွဲ့အစည်းပေါင်း(၃. ၅၁)သန်းရှိပြီး၊ပါတီကော်မတီ (၁၆၈၈၀၀) နှင့်အဖွဲ့ခွဲ (၁၈၃၀၀၀)ရှိပါသည်။ ကွန်မြူ နစ်ပါတီသည် ပထမအကြိမ်ညီလာခံကို (၁၉၂၁-ခုနှစ်)၊ဇူလိုင်လ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ညီလာခံသို့ကိုယ်စား လှယ် (၁၂)ဦး တက်ရောက်ခဲ့၍ အဖွဲ့ဝင် ဦးရေမှာ (၅၀)သာ ရှိခဲ့သည်။(၁၉၂၂- ခုနှစ်)တွင် ဒုတိယအကြိမ်ညီလာခံကို ရှန်ဟဲမြို့တွင် ဇူလိုင်လ(၂၆-၂၇)အထိ ကျင်းပပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ်(၁၂) ဦးသည် ပါတီဝင် (၁၂၃)ဦးကို ကိုယ်စား ပြုတက်ရောက်ခဲ့ပါသည်။၁၉၂၃-ခုနှစ်၊ ဇွန်လ (၁၂-၂၀)ရက်နေ့တွင် ကန်တုံမြို့ ၌ တတိယအကြိမ်ညီလာခံ ကျင်းပခဲ့ရာ ကိုယ်စားလှယ်(၃၀)က ပါတီဝင်(၄၃၂)ဦး ကို ကိုယ်စားပြုခဲ့ပါသည်။စတုတ္ထအကြိမ် ညီလာခံကို ရှန်ဟဲမြို့က၌ ၁၉၂၅ခုနှစ်၊ ဇန်န၀ါရီလ ၁၁-၂၂ ရက်နေ့အထိ ကျင်း ပခဲ့ပြီး၊အဖွဲ့ဝင် (၉၅၀)အား ကိုယ်စားပြု သော ကိုယ်စားလှယ် (၂၀) တက်ရောက် ခဲ့ပါသည်။ပဉ္စမအကြိမ် ညီလာခံကို ၁၉၂၇ခုနှစ်တွင် ၀ူဟန်မြို့၌ ဧပြီလ(၂၇) မှ မေလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့ပါသည်။ယင်းညီလာခံသို့ ကိုယ်စားလှယ် (၈၀)က အဖွဲ့ဝင် ၅၇၊ ၉၀၀ကို ကိုယ်စား ပြု၍ တက်ရောက်ခဲ့ပါသည်။ဆဋ္ဌမအကြိမ် ညီလာခံကို မော်စကိုမြို့၌ ဇွန်လ(၁၈)ရက် နေ့မှ ဇူလိုင်လ (၁၁)ရက်နေ့အထိကျင်း ပပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ်(၈၄)ဦးနှင့် အလှည့်ကျ ကိုယ်စားလှယ်(၃၄)ဦး တက် ရောက်ခဲ့ပါသည်။ပါတီဝင် ဦးရေမှာ (၄၀၀၀၀)ရှိပြီဖြစ်ပါသည်။သတ္ထမ အကြိမ် ညီလာခံကို ၁၉၄၅ခုနှစ်၊ဧပြီလ (၂၃)မှ ဇွန်လ(၁၁)ရက်နေ့အထိ ရယ်နန်း၌ ကျင်း ပပြုလုပ်ခဲ့ပါသည်။ပါတီဝင် (၂၁၀၀၀၀) ကိုယ်စား ကိုယ်စားလှယ်(၅၄၇)ဦးနှင့် အ လှည့်ကျကိုယ်စားလှယ် (၂၀၈)ဦး တက် ရောက်ခဲ့ပါသည်။(၈)ကြိမ်မြောက် ညီလာခံကို ၁၉၅၆ခုနှစ်၌ ပီကင်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး၊ပါတီဝင် ၁၀.၇၃သန်း ကို ကိုယ်စားပြု၍ ကိုယ်စားလှယ် ၁၀၂၆ နှင့် အလှည့်ကျ ကိုယ်စားလှယ် ၁၀၇ဦး တက်ရောက်ခဲ့ပါသည်။(၉)ကြိမ်မြောက် ညီလာခံကို ၁၉၆၉ခုနှစ်၊ဧပြီလတွင် ပီ ကင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ပါတီဝင် (၂၂)သန်းကို ကိုယ်စားပြုသော ကိုယ်စား လှယ် (၁၅၁၂)ဦးတက်ရောက်ခဲ့ပါသည်။ ယင်းညီလာခံသည် ယဉ်ကျေးမှု တော် လှန်ရေး ကာလ၌ ကျင်းပသော ညီလာခံ ဖြစ်ပြီး (၄)ဦးဂိုဏ်းနှင့် ၎င်းတို့၏ နောက် လိုက်များ အာဏာရရှိရေး အဓိကထား သည့် ညီလာခံဖြစ်ခဲ့ပါသည်။
(၁၀)ကြိမ်မြောက် ညီလာခံကို ၁၉၇၃ခုနှစ်၌ ပီကင်းမြို့တွင် သြဂုတ်လ (၂၄-၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ ပြီး၊ပါတီဝင် (၂၈)သန်းကို ကိုယ်စားပြု သော ကိုယ်စားလှယ်(၁၂၄၉)ဦး တက် ရောက်ခဲ့ပါသည်။ယင်းညီလာခံသည် လည်း (၄)ဦးဂိုဏ်း အာဏာတည်မြဲရေး အတွက် ကျင်းပသည့် ညီလာခံဖြစ်ပါ သည်။(၁၁)ကြိမ်မြောက် ညီလာခံကို ၁၉၇၇ခုနှစ်၊သြဂုတ်လ(၁၂)ရက်နေ့မှ(၁၈) ရက်နေ့ အထိ ပီကင်းမြို့နယ်တွင် ကျင်း ပပြုလုပ်ခဲ့ပြီး၊ပါတီဝင်(၃၅)သန်းကို ကိုယ် စားလှယ် (၁၅၁၀)က ကိုယ်စားပြု ကျင်း ပပြုလုပ်ခဲ့ပါသည်။ယင်းညီလာခံမှ (၄)ဦး ဂိုဏ်းကို ရှုတ်ချခဲ့ပြီး၊(၂၀)ရာစုနှစ်၌ အင် အားကြီးမားသည့် တရုတ်နိုင်ငံဖြစ်လာ ရေးအတွက် အခြေခံအချက်များ ချမှတ် ဆောင်ရွက်ခဲ့သည့် ညီလာခံ ဖြစ်ပါသည်။ (၁၁)ကြိမ်မြောက် ညီလာခံမှ စ၍ ခေါင်း ဆောင်ကြီး တိန့်ရှောက်ဖိန် က အတွေး အခေါ်ဟောင်းများစွန့်လွှတ်ပြီး၊ပကတိ အချက်များပေါ်မှ အမှန်တရား ရှာဖွေ ရန် ညွှန်ကြားခဲ့၍ ပါတီ၏ ဦးတည်ချက် မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်ဝါဒ ကျင့်သုံးရန်ဖြစ်ပြီး ဆိုရှယ် လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး၌ ကဏ္ဍသစ် တစ်ရပ်ကို ဖွင့်လှစ်ခဲ့ပါသည်။ ယင်းအချိန် မှစ၍ ပါတီနိုင်ငံရေးမှာ ဆိုရှယ်လစ်စနစ် ကို တရုတ်အမျိုးသား လက္ခဏာနှင့် တည်ဆောက်ရန် စတင်အကောင်အထည်
ဖော်ဆောင်ရန်လာခဲ့ပါသည်။ယင်းအယူ အဆကို တိန့်ရှောက်ဖိန်အယူအဆ ဟု ခေါ်ဝေါ်လာခဲ့ပါသည်။တိန့်ရှောက်ဖိန် အယူအဆသည် မတ်စ်-လီနင်-မော်စီ တုန်း ၀ါဒကို အခြေခံသော်လည်း ခေတ် သစ် တရုတ်နိုင်ငံနှင့်လိုက်လျောညီထွေ ရှိသော အယူအဆဖြစ်ပါသည်။သို့ပါ၍ တိန့်ရှောက်ဖိန် အယူအဆကို ခေတ်သစ် တရုတ်ပြည်၏ မတ်စ်ဝါဒစု သတ်မှတ်ခဲ့ ကြပါသည်။
(၁၂)ကြိမ်မြောက် ပါတီညီလာခံကို ၁၉၈၂ခုနှစ်၊စက်တင်ဘာလ ၁ရက်မှ ၁၁ ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ ယင်းညီလာခံသို့ ပါတီဝင် ၃၉.၆၅သန်း ကိုယ်စား ကိုယ်စားလှယ် ၁၅၄၅ဦး တက်ရောက်ခဲ့ပါသည်။ယင်း ညီလာခံ၌ တိန့်ရှောက်ဖိန်က နိုင်ငံ၏ သမိုင်းကဏ္ဍသစ်၌ ပါတီဝင်များ ဆောင် ရွက်ရမည့် လမ်းစဉ်များချမှတ်ထားရာ တွင် တိုင်းရင်းသားလူမျိုးအားလုံး စည်း လုံးညီညွှတ်ပြီး စက်မှုကဏ္ဍ၊စိုက်ပျိုးရေး ကဏ္ဍ၊ယဉ်ကျေးမှုကဏ္ဍ၊အမျိုးသား ကာ ကွယ်ရေး၊သိပ်္ပံနှင့်နည်းပညာကဏ္ဍတို့၌ ခေတ်မီပြုပြင်ပြောင်းလဲရေးများ ပြုလုပ် ရန် နှင့်တရုတ်နိုင်ငံအား အဆင့်အတန်း မြင့်ပြီး ဒီမိုကရေစီထွန်းကားသည့် ဆို ရှယ်လစ်နိုင်ငံတည်ဆောက်ရေးအတွက် ကြိုးပမ်းရန်လမ်းညွှန်ခဲ့ပါသည်။(၁၃)ကြိမ် မြောက် ပါတီညီလာခံကို ၁၉၈၇ခုနှစ်၊ အောက်တိုဘာလ(၂၅)မှ နိုဝင်ဘာလ (၁)ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ယင်းညီလာခံသို့ ပါတီ ၀င် (၄၆)သန်းကိုယ်စား ညီလာခံကိုယ် စားလှယ် ၁၉၃၆ဦးနှင့် အလှည့်ကျ ကိုယ် စားလှယ်(၆၁)ဦး တက်ရောက်ခဲ့ပါသည်။ ယင်းညီလာခံမှလည်း စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို မဏ္ဍိုင်ထား၍ မူဝါဒ ပြောင်းလဲမှုများနှင့် တံခါးဖွင့်ဝါ၏ကို ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်ချက်ချ ခဲ့ပါသည်။စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဆင့်(၃)ဆင့် ခွဲ၍ လမ်းစဉ် ချမှတ်ခဲ့ပါသည်။
(၁၄)ကြိမ်မြောက် ပါတီညီလာခံကို ၁၉၉၂ခုနှစ်၊အောက်တိုဘာလ ၁၂-၁၈ ရက်နေ့ အထိ ပီကင်းမြို့တွင် ကျင်းပပြု လုပ်ခဲ့ရာ၊ပါတီဝင် (၅၁)သန်းကို ကိုယ် စားပြုသော ညီလာခံ ကိုယ်စားလှယ် ၁၉၈၉ဦး တက်ရောက်ခဲ့ပါသည်။တိန့် ရှောက်ဖိန် အယူအဆကို ဆက်လက် အကောင်အထည် ဖော်ရန်နှင့် ဆိုရှယ် လစ် ဈေးကွက် စီးပွားရေးစနစ် ထူထောင် ရန်ဆုံးဖြတ်ခဲ့ပါသည်။ယင်းညီလာခံ၌ ကျန်ဇီမင်းအား အထွေထွေအတွင်း ရေးမှူးအဖြစ်ခန့်အပ်ခဲ့ပြီး၊ဗဟိုခေါင်း ဆောင်ပိုင်းကိုအသစ်ရွေးချယ်တင်မြှောက် ခဲ့ပါသည်။ (၁၅)ကြိမ်မြောက်ညီလာခံကို ၁၉၉၇ခုနှစ်၊ စက်တင်ဘာလ ၁၂-၁၈ ရက်နေ့အထိ ပီကင်းမြို့တွင်ကျင်းပပြု လုပ်ခဲ့ပြီး၊၅၈ သန်းသော ပါတီဝင်များကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၂၀၄၈ ဦးတက်ရောက်ခဲ့ပါသည်။ယင်းညီလာ ခံ၌ ပါတီဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်၍ တိန့်ရှောက်ဖိန်၏ အယူအဆကိုပါတီ၏ လမ်းညွှန်ဝါဒအဖြစ်သတ်မှတ်ခဲ့ပြီး၊ ပါတီဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ခဲ့ပါသည်။ပြင်ဆင်ခဲ့သော ဖွဲ့စည်းပုံအသစ်အရ ကွန်မြူနစ်ပါတီ၏ ဗဟိုအဖွဲ့စည်းများ၌ ပြည်လုံးဆိုင်ရာညီလာခံ၊ ဗဟိုကော်မတီ၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင်၊ ပေါ်လစ်ဗြူရို၊ ပေါ်လစ်ဗြူရို၏အမြဲ တမ်းကော်မတီ၊ဗဟိုကော်မတီ၏ အထွေ ထွေအတွင်းရေးမှူး၊အတွင်းရေးမှူးရုံး အဖွဲ့နှင့်ဗဟိုစစ်ကော်မရှင်တို့ ပါဝင်လာ ပါသည်(၁၃)ကြိမ်မြောက်ညီလာခံမှစ၍ အထွေထွေအတွင်းရေးမှူးက ညီလာခံ အစီရင်ခံစာတင်သွင်းပြီး၊ ယင်းအစီရင်ခံ စာမှာပါတီမူဝါဒများနှင့်ရှေ့လုပ်ငန်းစဉ်များ ဖော်ပြသည့်အစီရင်ခံစာဖြစ်လာခဲ့ပါသည်။
(၁၆)ကြိမ်မြောက်ပါတီညီလာခံကျင်းပ ခြင်း
(၁၆)ကြိမ်မြောက် ပါတီညီလာခံကို (၈.၁၁.၂၀၀၂)ရက်နေ့မှ (၁၄.၁၁. ၂၀၀၂)ရက်နေ့အထိ ပီကင်းမြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ယင်းညီလာခံသို့ ပါတီ ၀င် (၆၄)သန်းကို ကိုယ်စားပြု၍ ကိုယ် စားလှယ် ၂၁၁၄ဦး တက်ရောက်ခဲ့ပါသည်။ အဖွဲ့ဝင် (၂၃၆)ဦးပါ ညီလာခံ သဘာပတိ အဖွဲ့၌ ပါတီအထွေထွေ အတွင်းရေးမှူး ချုပ် ကျန်ဇီမင်းက ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ပြီး ဒုတိယ သမ္မတ ဟူကျင်တောင်း က ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ ပါသည်။ညီလာခံ၌ အစီအစဉ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
(က)၊ (၁၅)ကြိမ်မြောက် ဗဟိုကော်မတီ အစီရင်ခံစာ ဆွေးနွေးခြင်း၊
(ခ)၊ စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် အစီရင်ခံစာ ဆွေးနွေးခြင်း၊
(ဂ)၊ ပါတီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးဆွဲရေး သုံးသပ် ဆွေးနွေးခြင်း၊
(ဃ)၊ ဗဟိုကော်မတီဝင်များ ရွေးချယ်ခြင်း၊
(င)၊ စည်းကမ်းထိန်းသိမ်းရေး ဗဟို ကော်မရှင် ရွေးချယ်ခြင်းတို့ ဖြစ်ပါသည်။ ပါတီညီလာခံ၏ Theme (ဆောင်ပုဒ်)မှာTo hold high the great banner of Deng Xiaoping Theory, Fully act on the important thought of Three Represents, carry forwary our cause into the future,keep pace with the time, buile a well-off society in an all- round way.Speed up Socialist modernization and work hard to create a new Situation in building socialism with Chinese Characteristics ဖြစ်ပါသည်။
ပါတီညီလာခံဖွင့်ပွဲ၌ အထွေထွေ အတွင်းရေးမှူးချုပ် ကျန်ဇီမင်းက (၁၅) ကြိမ်မြောက် ပါတီဗဟိုကော်မတီ၏ အစီ ရင်ခံစာကို တင်ပြေဆွေးနွေးခဲ့ပါသည်။ ပါတီအစီရင်ခံစာတွင် အောက်ဖော်ပြပါ အပိုင်း(၁၁)ပိုင်း ပါဝင်ပါသည်-
(က) (၅) နှစ်တာ သက်တမ်းကာ အတွင်း တိုးတက်အောင်မြင်မှုများ
(Achievements in Past Five Years)
(ခ) (၁၃)နှစ်အတွင်းရရှိသည့်အ တွေ့အကြုံများ (Experiences Owes Past 13 Years)
(ဂ) ““ကိုယ်စားပြုသုံးရပ်”” အယူအ ဆကို ကဏ္ဍစုံ အကောင်အထည်ဖော် ဆောင်ရေး(Implement the Important Thought of Three Represents in a All- Round Way)
(ဃ) အဆင့်မြင့် ချမ်းသာကြွယ်ဝ သည့် လူနေမှုစနစ် ထူထောင်ရန် (Building a Well-off Society of a Higher Standard)
(င) စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး (Economic Development and Restructuring)
(စ) နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေး (Political Development and Restructuring)
(ဆ) ဆိုရှယ်လစ် ယဉ်ကျေးမှု ဖွံ့ဖြိုး ရေး (Development of Socialist Culture)
(ဇ) စီးပွာရေး ဖွံ့ဖြိုးမှုအပေါ်အခြေ ခံသည့် ခေတ်မီ တပ်မတော်တည်ဆောက် ရေး (Military Modernization Based on Economic Growth)
(ဈ) ထိုင်ဝမ်နှင့် စေ့စပ်ဆွေးနွေးရေး (Resumption of Cross-Straits Dialogue)
(ည) အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး အခြေအနေနှင့် တရုတ်နိုင်ငံ၏ နိုင်ငံခြား ရေး ဆောင်ရွက်ချက် (International Situation and China’s External Work)
(ဋ) ပါတီတည်ဆောက်ရေးကို စွမ်း အားမြှင့်တင်ရေးနှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး (Strengthening and Improving Party Building)
(၅)နှစ် သက်တမ်းကာလ တိုးတက် အောင်မြင်မှုများပါတီအထွေထွေအတွင်းရေး မှူးကျန်ဇီမင်း၏ အစီရင်ခံစာ၌ (၁၅)ကြိမ် မြောက် ညီလာခံမှစ၍ (၅)နှစ်တာကာ လအတွင်း တရုတ်နိုင်ငံသည် ဘက်စုံမှ ထူးထူးကဲကဲ အောင်မြင်မှုများ ရရှိခဲ့ ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကဏ္ဍ ဖွံ့ ဖြိုးရေးနှင့် တည်ငြိမ်ရေး၊ ပြည်တွင်းနှင့် ပြည်ပရေးရာ ကိစ်္စရပ်များ၊ အမျိုးသား ကာကွယ်ရေးနှင့်ပါတီလုပ်ငန်းစဉ်များထူး ခြားသည့် လမ်းစဉ်များ ချမှတ်ဆောင် ရွက်ခဲ့ကြောင်း၊ တိန့်ရှောက်ဖိန် အယူအ ဆကို ဦးထိပ်ထား ဆောင်ရွက်ခဲ့၍ တရုတ်အမျိုးသား လက်္ခဏာရှိသည့် ဆို ရှယ်လစ် ထူထောင်ရေးအောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒများက အကျိုးကျေးဇူး ရရှိ စေကြောင်း၊ ပညာရေး ကဏ္ဍကို မြှင့် တင်နိုင်ခဲ့ကြောင်း၊ အခက်အခဲများ ရှိနေ သေး၍ ဆက်လက်ဖြေရှင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
(၁၃)နှစ်ကာလအတွင်း ရရှိသည့် အတွေ့အကြုံများ ကျန်ဇီမင်း၏ အစီရင်ခံ စာ၌ ၁၉၈၉ ခုနှစ် (၁၃)ကြိမ်မြောက် ပါတီညီလာခံ၏ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးမှစ၍ ပြုပြင်ပြောင်းလဲမှုများ တံခါးဖွင့်ဝါဒ ကျင့်သုံးခဲ့၍ (၁၃)နှစ်တာကာလ အတွင်း ထူးခြားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ (၁၃)နှစ်ကာလအတွင်း ဆိုရှယ်လစ်စနစ်ကို ပိုမို နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ကြောင်း၊ ပါတီကို မည်သို့ မည်ပုံ တည်ဆောက်ရမည်ကို သိရှိလာ ခဲ့ကြောင်း၊ ကွန်မြူနစ်ပါတီသည် မမျှော် မှန်းနိုင်သော အပြည်ပြည်ဆိုင်ရာ အတွေး အခေါ်များအကြား၌ အခက်အခဲများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ ကြောင်း၊ ခေတ်မီ ပြုပြင်ပြောင်းလဲရေး ၌ တွေ့ကြုံရသော အခက်အခဲများကို မှန်ကန်စွာ ဖြေရှင်းနိုင်ခြင်းဖြင့် လမ်း ကြောင်းမှန်ပေါ်သို့ ရောက်ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ရေရှည် လူမှုတည်ငြိမ်ရေးနှင့် စည်းလုံးညီညွတ်ရေးများ ရရှိခဲ့ကြောင်း တင်ပြသွားပါသည်။


Myanmar Express

2 comments:

... 爭奪釣魚台 APEC峰會拒會談 中日隔空叫陣 ...

中國時報【仇佩芬╱海參崴報導】

為爭奪釣魚台主權,中日兩國在亞太經合會(APEC)隔空交火,在兩國元首拒絕會晤之後,雙方昨天更藉記者會相互叫陣。面對日本重申主權並確定購買釣魚台的行動,中方直指釣魚台爭議的關鍵,在日本必須重視中國政府和人民捍衛主權領土的意志,以實際行動管控危機。

至於馬英九總統登上彭佳嶼,倡議中、台、日就釣魚台問題進行雙邊及多邊對話,中方表示尚不知情,但重申捍衛領土主權為「中華兒女」的義務。日方雖已得到訊息,但日本政府仍不願對此表示看法。

受釣魚台爭議影響,中日兩國元首罕見未在APEC年會舉行雙邊會晤。日本外務省發言人橫井裕及大陸外交部發言人秦剛,昨天分別在各自記者會證實此事。

橫井裕表示,日本政府買下釣魚台一事已經定案,但中日雙方是朋友、都想見面,不能見面的理由卻「不好說」。橫井裕說,東海島嶼爭議的重點在於海上和平,無論是領土爭議或其他問題,各方都應該和平對話,循國際法解決。

秦剛則強硬指出,當前中日關係最重要的,還是日方必須重視中方的關切,正視中國政府和人民堅決捍衛主權領土的意志,拿出實際行動,和中方共同管控危機,緩和當前情勢。

至於馬英九在前一天遠赴彭佳嶼宣示主權,並提出三方進行雙邊及三邊會談的建議,橫井裕表示,日方已經知情,但目前並不打算做出回應。

秦剛則不悅地強調,APEC是經貿場合,不宜觸及政治議題,中方對台灣的提議尚不知情,有待查證。但他重申,釣魚台及附屬島嶼,自古以來就是中國的固有領土,海峽兩岸的中國人及全體中華兒女,都有責任維護對釣魚台的主權。

相較於對釣魚台的強硬立場,大陸對南海諸島主權爭議的態度則顯得十分和緩。秦剛轉述,大陸國家主席胡錦濤在APEC會議中與越南、印尼及汶萊國家元首進行雙邊會談,強調南海問題是多年積累的問題,應透過對話協商妥善處理;大陸願與東協共同落實南海行為準則,共同推動地區和平穩定。

秦剛轉述,印尼、越南和汶萊的領袖,對胡錦濤的主張都予正積極回應,表示願從本區域和平穩定大局出發,透過友好協商妥善解決南海問題。


我只是一個中國人

..........................
.........................
........................

စိ တ် ဓါ တ် ေ လ း ေ တ ာ ့ လ ိ ု ပ ါ တ ယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်