Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြင်သစ်နိုင်ငံ ဆီးနိတ် လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerar

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel ဦးဆောင်သည့် အဖွဲ့ဝင် (၆) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E Mr. Thierry Mathou လိုက်ပါလျက် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ မွန်းလွဲ (၆) နာရီ (၃၀) မိနစ် အချိန်တွင် နေပြည်တော် ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ ဆုံသည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel နှင့် တွေ့ဆုံ နှုတ်ဆက်စဉ်

တွေ့ဆုံပွဲသို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် အတူ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြင်သစ် ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E Mr. Thierry Mathou, UMP, Deputy Chairman (for Thailand), Mr. Bernard SAUGEY, SOC, Vice-President Mr. Gaetan GORCE, RDSE, Vice-President Mr. Jean-Cloude REQUIER, Administrator Mrs. Caralie ALBUMZAZRD တို့ တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံစဉ်

ထိုသို့ တွေ့ဆုံရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပါတီ၏ ရည်မှန်းချက်နှင့် ယုံကြည်ချက်၊ မူဝါဒလမ်းစဉ်များ၊ မြန်မာနိုင်ငံ တွင် နိုင်ငံရေး တိုးတက်ဖြစ်ပေါ် ပြောင်းလဲရန် ကြိုးပမ်းခဲ့မှုအခြေအနေနှင့် ဆက်လက်ရှင်သန် ခိုင်မာအောင် ဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ ပြင်သစ်နိုင်ငံ အပါအ၀င် E.U နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး သည်။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel အဖွဲ့တို့ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးစဉ်

ထို့နောက် ပြင်သစ်ဆီးနိတ်လွှတ်တော် South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel က မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲ တိုးတက်လာမှုများကို တွေ့ရပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ဆောက်လုပ်ရေး ကဏ္ဍများတွင် ဖွံ့ဖြိုး တိုးတက်အောင် ကူညီဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းသည်ကို တွေ့ရကြောင်းနှင့် သိလိုသည်များ ကို မေးမြန်းဆွေးနွေး ပါသည်။

ယင်းနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြန်လည်ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြင်သစ်ဧည့်သည်တော် ဥက္ကဋ္ဌ Mr. Gerard Midquel နှင့် အဖွဲ့ဝင်များကို အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်