Subscribe to our RSS Feed

ပြည်ထောင်စုဝန်ကြီးသစ်များ ကျမ်းသစ္စာကျိန်ဆို


From : The Voice

ယနေ့ ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက ပြည်ထောင်စု ဝန်ကြီးများ ခန့်အပ်ရန် အမည်စာရင်းပေးပို့ထားသော ဝန်ကြီး (၁၁)ဦး၊ စာရင်းစစ်ချုပ် နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း လွှတ်တော်အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ကျမ်းသစ္စာကျိန်ဆိုခဲ့သော ပြည်ထောင်စု အဆင့် ဝန်ကြီး (၁၁) ဦး၏ တာဝန်ထမ်းဆောင်ရမည့် ဌာနများကိုလည်း နိုင်ငံတော် သမ္မတရုံးက ယနေ့ ရက်စွဲဖြင့် အမိန့်ကြေညာချက်များ ထုတ်ပြန်ခဲ့သည်ကို နိုင်ငံတော် သမ္မတရုံး၏ ဝက်ဆိုဒ်တွင်ဖော်ပြထားသည်။ကျမ်း
သစ္စာကျိန်ဆိုသော ဝန်ကြီးများတွင် ကိုးဦးမှာ ဒုတိယ ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူများ ဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးသာ စစ်ဘက်မှ ပြောင်းရွှေ့လာသူ ဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနေရာတွင် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်နေရာတွင် သတ္တုတွင်း ဝန်ကြီး ဦးသိန်းထိုက်ကို လည်းကောင်း အသီးသီး ပြောင်းရွှေ့ခဲ့ပြီး နိုင်ငံတော် သမ္မတရုံးသို့ ပြောင်းရွှေ့ခဲ့သော ပြည်ထောင်စု ဝန်ကြီးများကိုလည်း တာဝန်ထမ်းဆောင် ဝန်ကြီးဌာနများ သတ်မှတ်ပေးခဲ့သည်ကို နိုင်ငံတော် သမ္မတရုံး ဝက်ဆိုဒ်တွင် ဖော်ပြချက်အရ သိရှိရသည်။

ကျမ်းသစ္စာကျိန်ဆိုသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ယူရမည့် ဌာနများစာရင်း

၁။ ဦးအေးမြင့်ကြူ (ယဉ်ကျေးမှုဝန်ကြီးဌာန)
၂။ ဗိုလ်ချုပ်ဇေယျာအောင် (ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)
၃။ ဒေါက်တာမြင့်အောင် (သတ္ထုတွင်းဝန်ကြီးဌာန)
၎။ ဦးကျော်လွင် (ဆောက်လုပ်ရေးဝန်ကြီးဌာန)
၅။ ဦးဝင်းရှိန် (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၆။ ဒေါက်တာကံဇော် (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၇။ ဦးမောင်မြင့် (အလုပ်သမားဝန်ကြီးဌာန)
၈။ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)
၉။ ဒေါက်တာ ကိုကိုဦး (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)
၁၀။ ဦးဌေးအောင် (ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန)

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်