Subscribe to our RSS Feed

KIA မှ မီးရထားလမ်းများ မိုင်းခွဲမှုကြောင့်သွားလာရေးခက်ခဲလျက်ရှိ




ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် ကချင် ပြည်နယ်အတွင်း အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် ည ၇ နာရီက မော်ဟန်နှင့် မိုးညှင်းဘူတာကြားရှိ တံတား အမှတ် (၅၅၅)ကို မိုင်းခွဲ ဖျက်ဆီးခဲ့သဖြင့် ရထားသံလမ်း ၄ ပေခန့် ပြတ်တောက်သွားခဲ့သည်။ ရထားလမ်း အမြန်ဆုံး ပြုပြင်ပြီးစီး ရေးအတွက် မြန်မာ့ မီးရထား ဝန်ထမ်း များက ပူးပေါင်းပြင်ဆင်လျက် ရှိသည်။ ၂၀၁၁ ခုနှစ် ဇွန်လမှ ယနေ့အထိ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲ မှုကြောင့် နန့်စီအောင
် - မြစ်ကြီးနား မီးရထားလမ်းတွင် မိုင်း ၅၂ ကြိမ် ပေါက်ကွဲခဲ့ပြီး ဖြစ်သည်။

ကေအိုင်အေတို့၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် မန္တလေးမှ မြစ်ကြီးနားသို့ ပြေးဆွဲသော မီးရထားများ ရပ်တန့် လျက်ရှိပြီး ဒေသခံပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး လုပ်ငန်းများကို များစွာ ထိခိုက်စေသဖြင့် ပြည်သူများက ကေအိုင်အေ အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များ အပေါ် ရွံရှာမုန်းတီးလျက် ရှိကြောင်း သတင်း ရရှိပါသည်။



ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကဒူ-မော်ဟန် ဘူတာအကြား မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိ တံတား အမှတ် ၅၅၅ ဗုံးထိမှန်၍ ပျက်စီးသွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါဖြစ်ပွားမှုမှာ စက်တင်ဘာလ ၆ ရက် ညနေ ၆နာရီ ၃၅ မိနစ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲခြင်းမရှိသေးသော ဗုံးတစ်လုံးကိုလည်း တွေ့ရှိခဲ့ကြောင်းသိရသည်။


တံတာပျက်စီးမှုကြောင့် မော်ဟန် ဘူတာတွင် ၃၇ အဆန် ရထား ၊ ရပ်နားနေပြီး စက်တင်ဘာလ ၇ ရက် ညနေ ၃နာရီ အချိန် ခန့် တွင် ရထားများပြန်လည် သွားလာ နိုင်မည် ဟု မော်ဟန် ဘူတာ ရုံပိုင်ကြီး မှပြောကြားခဲ့ပါသည်။

Myanmar Express

4 comments:

ကိုယ့်ကိုကိုယ် ဘာအတွက် ဘာတွေ လုပ်နေကြတယ် ဆိုတာကိုရော သိကြရဲ့လား မသိပါဘူး.. ဆောက်ရူး ကချင် သူပုန်တွေ..

ကေအိုင်အေကို ဆန့်ကျင်ကြ လမ်းဖျက် တံတားဖျက်
ဆက်ကြေးကောက် လူသစ်ဆွဲ မထင်ရင်သတ် ပေါက်ကရပြောတဲ့ လနန် တို့လုပ်ရပ်

KIA အကြမ်းဖက်သောင်းကျန်းသူတွေကိုအမြန်ဆုံးချေမှုန်းပါ။

သုပုန်ကိုအလှကြည့်နေကြသလား။ဒီကောင်တွေဒုက္ခ
ပေးလို့ပြည်သူတွေဘယ်လောက်ဒုက္ခရောင်နေရတယ်
ဆိုတာသမ္မတကြီးနားလည်အောင်ပြောပြနိုင်တဲ့သူမရှိ
တော့ဘူးလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်